ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းနှစ်သင်းဖြစ်တဲ့ လီဗာပူး အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ ဒီနေ့ညမှာ ဒီတစ်ပတ်ရဲ့ အကောင်းဆုံးနဲ့ အကြိတ်အနယ် ရှိတဲ့ ပွဲစဉ်တစ်ပွဲ ကို ဆင်နွှဲသွားကြမှာ ဖြစ်ပြီးတော့ လီဗာပူး အသင်းရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမားဖြစ်သူ ဆာဒီယို မာနေးက သူ့ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး စိတ်ပူနေကြတဲ့ ပရိသတ်တွေ အတွက် ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ပွဲမတိုင်ခင်မှာ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဆာဒီယို မာနေးဟာ ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ အက်ဖ်အေ ဖလား ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုးသွင်းယူခဲ့ပြီးတဲ့ နောက်မှာ တင်ပါးဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit: 90 Mins

ဆာဒီယို မာနေး အနေနဲ့ ဒဏ်ရာရပြီးနောက်မှာ ဒီဗော့ အော်ရီဂီ နဲ့ လူစား လဲခဲ့ရတာကြောင့် ဒီတစ်ပတ်မှာ ယူနိုက်တက် နဲ့ ရင်ဆိုင်ကစားရမယ့် ဂျာဂျန် ကလော့ပ် အတွက်တော့ စိုးရိမ်စရာ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် မာနေးကတော့ သူ့အနေနဲ့ ကြံ့ခိုင်လျက် ရှိကြောင်းနဲ့ အမှတ်ပဇယားရဲ့ ထိပ်ပိုင်းကို ပြန်လည် တက်လှမ်းဖို့ အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း လီဗာပူး အသင်းရဲ့ တရားဝင် ဝက်ဒ်ဆိုက် မှာ အခုလိုပဲ ပြောဆိုခဲ့ပါတယ်။ “ အဲ့ဒါက အသေးစား ခေါက်လဲတဲ့ ဒဏ်ရာလေးလိုပါပဲ၊ ဒဏ်ရာ သက်သာဖို့အတွက် မိနစ်အနည်းငယ်လောက်ပဲ ကြာခဲ့ပါတယ်။ အဲ့ဒါကြောင့် ခြေထောက်က အကြောသေသွား သလိုပဲ ခံစားခဲ့ရတယ်၊ ဒါပေမယ့် ပေါင်မှာ ဖြစ်တာပါ၊ နောက်ကျောမှာ ဖြစ်တာမဟုတ်ပါဘူး ”

Photo Credit: 90 Mins

“ ပွဲပြီးတော့၊ ကျွန်တော် ဒဏ်ရာပေါ်ကို ရေခဲအုပ်ထားခဲ့ပါတယ်၊ ပြီးတော့ အဲ့ဒါက အဆင်ပြေခဲ့ပါတယ်။ ကျွန်တော် အခု လုံးဝ သက်သာနေပြီးတော့ ကစားဖို့ အသင့်ပါပဲ ” လို့ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး မာနေးက အိုလီဂနးနားဆိုးလ်ရှားရဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် သူ့ရဲ့ ကိုယ်ပိုင် ပုံစံနဲ့ စိုးရိမ်ရတာတွေနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုခဲ့ပါတယ်။ “ တိုက်စစ်ကစားသမားတစ်ယောက် အနေနဲ့ သွင်းဂိုးတွေ များများ သွင်းယူရတာကို ကြိုက်တာက သဘာဝပါပဲ။ ဒါပေမယ့် သွင်းဂိုးတွေက ကျွန်တော့် အတွက်တော့ သိပ်အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး၊ ဘာလို့လဲဆိုရင် အသင်းတစ်သင်းအနေနဲ့ အောင်မြင်မှုရတာကိုပဲ ကျွန်တော်က ကြိုက်လို့ပါ။ အဲ့ဒါက ပိုအရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အတွက်ဆိုရင်တော့၊ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ပစ်မှတ်ဖြစ်တဲ့ ဒီရာသီ အမှတ်ပေးဖလား ရဖို့နဲ့ မနှစ်ကထက် ဒီနှစ်မှာ အသင်းကို ကူညီဖို့ အတွက် သွင်းဂိုးတွေ ရရှိဖို့ ပိုပိုပြီးတော့ ကြိုးစားသွားပါမယ် ” လို့ ပြောဆိုခဲ့ပါတယ်။