နယ္သာလန္ လက္ေရြးစင္အသင္း ေနာက္ခံ ကစားသမားေဟာင္း ဒန္နီ ဘလုိင္းဟာ လီဗာပူးလ္ တိုက္စစ္မွဴး ဆာဒီယုိ မာေနးကုိ ေရာ္နယ္ဒုိ လက္သစ္ပါလုိ႔ အခိုင္အမာ ေျပာခဲ့တာ ျဖစ္ပါတယ္။ မာေနးဟာ ၿပီးခဲ့တဲ့ ရာသီမွာ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကုိ ပူးတဲြ ရရွိခဲ့ၿပီး လီဗာပူးလ္အသင္းကုိ ခ်န္ပီယံလိဂ္ ဆုဖလား ရရွိေအာင္ အဓိက ကူညီခဲ့တဲ့ တုိက္စစ္မွဴး တစ္ဦးလည္း ျဖစ္ပါတယ္။

Photo Credit: Givemesport

မာေနးဟာ (၂၀၁၉) ခုႏွစ္ ဘလြန္းဒီေအာ္ဆု အဆင့္သတ္မွတ္ခ်က္မွာလည္း အဆင့္ (၄) ေနရာ ရရွိခဲ့ၿပီး၊ ဘလြန္းဒီေအာ္ဆု ရရွိသြားခ့ဲတဲ့ မက္ဆီ ကုိယ္တုိင္က မာေနးကုိ ခ်ီးက်ဴးသြားခဲ့ပါတယ္။ မက္ဆီက ဘလြန္းဒီေအာ္ဆုအတြက္ သီးသန္႔ တစ္ေယာက္ကုိ ေရြးခ်ယ္ဖုိ႔ ခက္ခဲေပမဲ့ မားေနက သူ သေဘာက်တဲ့ ကစားသမား ျဖစ္ေတာ့ မာေနးကုိ ေရြးခ်ယ္ခဲ့တယ္လုိ႔ ေျပာသြားခဲ့ပါတယ္။

Photo Credit: Givemesport

အသက္ (၂၇) ႏွစ္အရြယ္ မာေနးဟာ လက္ရွိမွာ အေကာင္းဆုံး ေျခစြမ္းကို ရရွိထားၿပီး မက္ဆီ နဲ႔ ေရာ္နယ္ဒုိတုိ႔ရဲ႕ ေခတ္ အဆုံးသတ္သြားရင္ ထြန္းေတာက္လာႏုိင္တဲ့ ကစားသမားပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း နယ္သာလန္ ေနာက္ခံ ကစားသမားေဟာင္း ဒန္နီ ဘလုိင္းကေတာ့ မာေနးဟာ မက္ဆီနဲ႔ထက္ ေရာ္နယ္ဒုိနဲ႔ ပုိထူၿပီး ေရာ္နယ္ဒုိ လက္သစ္ ျဖစ္တယ္လုိ႔ ေျပာသြားခဲ့ပါတယ္။

Photo Credit: Givemesport

ဘလုိင္းက “မာေနးက ေဘာလုံး ေလာကမွာ ေရာ္နယ္ဒုိ လက္သစ္ပါ။ ဘာလုိ႔ မက္ဆီက သူ႔ကုိ မဲေပးခဲ့တာလဲသိလား။ ဘာလုိ႔လဲဆုိရင္ ကစားသမားေကာင္းေတြက အျခားကစားသမားေတြကုိ အသိအမွတ္ ျပဳၾကလုိ႔ပါ။ ကြ်န္ေတာ္ မာေနးကို မက္ဆီနဲ႔ ႏႈိင္းတာ မဟုတ္ပါဘူး။ မာေနးကေတာ့ ေရာ္နယ္ဒုိနဲ႔ ပိုတူၿပီး၊ ေရာ္နယ္ဒုိက စိတ္ပုိင္းေရာ ရုပ္ပုိင္းေရာ ၾကံခုိင္ပါတယ္”လုိ႔ ေျပာခဲ့ပါတယ္။

{Unicode}

နယ်သာလန် လက်ရွေးစင်အသင်း နောက်ခံ ကစားသမားဟောင်း ဒန်နီ ဘလိုင်းဟာ လီဗာပူးလ် တိုက်စစ်မှူး ဆာဒီယို မာနေးကို ရော်နယ်ဒို လက်သစ်ပါလို့ အခိုင်အမာ ပြောခဲ့တာ ဖြစ်ပါတယ်။ မာနေးဟာ ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ပူးတွဲ ရရှိခဲ့ပြီး လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ် ဆုဖလား ရရှိအောင် အဓိက ကူညီခဲ့တဲ့ တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Givemesport

မာနေးဟာ (၂၀၁၉) ခုနှစ် ဘလွန်းဒီအော်ဆု အဆင့်သတ်မှတ်ချက်မှာလည်း အဆင့် (၄) နေရာ ရရှိခဲ့ပြီး၊ ဘလွန်းဒီအော်ဆု ရရှိသွားခဲ့တဲ့ မက်ဆီ ကိုယ်တိုင်က မာနေးကို ချီးကျူးသွားခဲ့ပါတယ်။ မက်ဆီက ဘလွန်းဒီအော်ဆုအတွက် သီးသန့် တစ်ယောက်ကို ရွေးချယ်ဖို့ ခက်ခဲပေမဲ့ မားနေက သူ သဘောကျတဲ့ ကစားသမား ဖြစ်တော့ မာနေးကို ရွေးချယ်ခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Givemesport

အသက် (၂၇) နှစ်အရွယ် မာနေးဟာ လက်ရှိမှာ အကောင်းဆုံး ခြေစွမ်းကို ရရှိထားပြီး မက်ဆီ နဲ့ ရော်နယ်ဒိုတို့ရဲ့ ခေတ် အဆုံးသတ်သွားရင် ထွန်းတောက်လာနိုင်တဲ့ ကစားသမားပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နယ်သာလန် နောက်ခံ ကစားသမားဟောင်း ဒန်နီ ဘလိုင်းကတော့ မာနေးဟာ မက်ဆီနဲ့ထက် ရော်နယ်ဒိုနဲ့ ပိုထူပြီး ရော်နယ်ဒို လက်သစ် ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Givemesport

ဘလိုင်းက “မာနေးက ဘောလုံး လောကမှာ ရော်နယ်ဒို လက်သစ်ပါ။ ဘာလို့ မက်ဆီက သူ့ကို မဲပေးခဲ့တာလဲသိလား။ ဘာလို့လဲဆိုရင် ကစားသမားကောင်းတွေက အခြားကစားသမားတွေကို အသိအမှတ် ပြုကြလို့ပါ။ ကျွန်တော် မာနေးကို မက်ဆီနဲ့ နှိုင်းတာ မဟုတ်ပါဘူး။ မာနေးကတော့ ရော်နယ်ဒိုနဲ့ ပိုတူပြီး၊ ရော်နယ်ဒိုက စိတ်ပိုင်းရော ရုပ်ပိုင်းရော ကြံခိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။