MySport Myanmar

ဆရာ တန်ဟက်ဂ်နဲ့သာ ပြန်လည် လက်တွဲလိုနေတဲ့ ဂရာဗန်ဘတ်

ဘိုင်ယန်မြူးနစ်အသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ရိုင်ယန်ဂရာဗန်ဘတ်က လာမယ့်နွေမှာ ဘိုင်ယန်ကနေ ထွက်ခွာသွားပြီး အသင်းဟောင်း အေဂျက်စ်မှာ လက်တွဲ့ခဲ့ဖူးတဲ့ ဆရာသမားဟောင်း အဲရစ်တန်ဟက်ဂ်နဲ့ ပြန်လည် လက်တွဲသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Man Utd Core

အသက်(၂၀)အရွယ်သာ ရှိနေသေးတဲ့ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဂရာဗန်ဘတ်ဟာ လွန်ခဲ့တဲ့ ၂၀၁၀ခုနှစ်ကတည်းက အေဂျက်စ် လူငယ် အကယ်ဒမီကို ရောက်ရှိခဲ့တာဖြစ်ပြီး (၈)နှစ်အကြာမှာပဲ အေဂျက်စ်အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ကို စတင် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ အေဂျက်စ်အတွက် ၂၀၁၈ကနေ ၂၀၂၂ခုနှစ်အထိ ဘောလုံးရာသီ (၄)ရာသီကြာ ပါဝင်ကစားခဲ့သူ ဂရာဗန်ဘတ်ဟာ ဒီနှစ် နွေဈေးကွက်အတွင်းမှာပဲ ဘိုင်ယန်မြူးနစ်အသင်းဆီ ယူရို(၁၈)သန်း (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပြီး နယ်မြေသစ်မှာ ကစားသမားဘဝကို စတင်ခွင့် ရရှိခဲ့ပါတယ်။

Photo Credit : The Mirror

ဂရာဗန်ဘတ်ဟာ ဒီရာသီမှာ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ (၂၈)ပွဲ ပါဝင်ထားခဲ့ရပေမယ့်လည်း အဲ့ဒီထဲကမှ (၄)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ကစားထားခဲ့ရလို့ ကစားသမားကိုယ်တိုင် ဒီအခြေအနေကို စိတ်ပျက်နေရပြီး လာမယ့်နွေမှာပဲ အသင်း အပြောင်းအလဲ ထပ်မံ လုပ်ဆောင်သွားဖွယ်ပါ ရှိနေပါတယ်။ ဒီလို ဘိုင်ယန်ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ဂရာဗန်ဘတ်ကို လီဗာပူးလ်အသင်းက စိတ်ဝင်စားမှု ရှိနေပြီး Foot Mercato သတင်းမီဒီယာကနေ ဖော်ပြချက်အရတော့ ဂရာဗန်ဘတ်ကိုယ်တိုင်ကတော့ သူရဲ့ဆရာသမားဟောင်း တန်ဟက်ဂ်နဲ့ လက်တွဲလိုတာကြောင့် မန်ယူနိုက်တက်အသင်းဆီသာ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

Photo Credit : Daily Express

ယူနိုက်တက်အသင်းဟာ လာမယ့် ဈေးကွက်အတွင်းမှာ တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းအတွက် ကစားသမားသစ် ဖြည့်တင်းသွားဖို့ ရှိနေပြီး ဒီဂျောင် ဘယ်လင်ဟမ်တို့လို ကွင်းလယ်လူတွေကို အဓိက ပစ်မှတ်ထားနေပေမယ့် ဂရာဗန်ဘတ်က ဒီကစားသမားတွေထက် တန်ကြေး ချိုသာနိုင်သလို ကစားသမားရဲ့ လက်ရှိ အခြေအနေကြောင့်လည်း ခေါ်ယူဖို့က ဖြစ်နိုင်ခြေ ရှိနိုင်ပါတယ်။ ဒါ့အပြင် ဂရာဗန်ဘတ်ဟာ ကွင်းလယ်မှာ AM DM CM နေရာတွေထိ လိုက်ပါ ကစားနိုင်သူဖြစ်လို့ ဒီလို ကစားသမားကို ခေါ်နိုင်မယ်ဆိုရင် ယူနိုက်တက်အတွက် သေချာပေါက် အကျိုးရှိနိုင်ပါလိမ့်မယ်။

Exit mobile version