




{Unicode}

ချဲလ်ဆီး နောက်ခံလူ ရူဒီဂါက စပါး တိုက်စစ်မှူး ဟယ်ရီ ကိန်း၊ ပီအက်စ်ဂျီ တိုက်စစ်မှူး အီကာဒီ နဲ့ ဘိုင်ယန် တိုက်စစ်မှူး လီဝန်းဒေါ့စကီးတို့ကို အကောင်းဆုံး တိုက်စစ်မှူးလို့ ပြောသွားပါတယ်။ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲစဉ်မှာ ဘိုင်ယန်အသင်းနဲ့ ကစားသွားမှာ ဖြစ်ပြီး ရူဒီဂါက လီဝန်းဒေါ့စကီးကို အသင်းလိုက် ထိန်းမှ ထိန်းချုပ်နိုင်မယ်လို့ ပြောသွားပါတယ်။

Photo Credit: Dailymail

ဂျာမနီ လက်ရွေးစင် နောက်ခံ ကစားသမား ရူဒီဂါဟာ Bild သတင်းစာတိုက်နဲ့ အင်တာဗျူးခဲ့တဲ့ အချိန်မှာ ပြီးခဲ့တဲ့ နှစ်အတွင်း ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး (၃) ဦးကို ရွေးချယ်သွားပါတယ်။ ဗဟိုခံစစ်မှူး ရူဒီဂါက အီကာဒီ၊ ဟယ်ရီကိန်း နဲ့ လီဝန်းဒေါ့စကီးတို့ဟာ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ပြီး လီဝန်းဒေါ့စကီးက ပြီးခဲ့တဲ့ နှစ်က ဒီနှစ်မှာ ပိုကောင်းလာတယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Dailymail

ရူဒီဂါက “ကျွန်တော်အတွက် အီကာဒီ၊ ဟယ်ရီကိန်း နဲ့ လီဝန်းဒေါ့စကီးက လွန်ခဲ့တဲ့ နှစ်အတွင်း အကောင်းဆုံး တိုက်စစ်မှူးတွေပါပဲ။ လီဝန်းဒေါ့စကီး ဆိုရင် ဒီနှစ်မှာ ပိုပြီး ကောင်းလာပါတယ်။ ကျွန်တော် သူ့ကို အလွန် လေးစားပါတယ်။ သူနဲ့ ရင်ဆိုင်ပြီး အနိုင်ယူဖို့က ခက်ခဲလှတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီပြဿနာကို အဖွဲ့လိုက်နဲ့ပဲ ဖြေရှင်းနိုင်မှာပါ”လို့ ပြောသွားခဲ့ပါတယ်။