ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ဗဟိုခံစစ်မှူး တစ်ဦး ဖြစ်တဲ့ ရူဒီဂါ ကတော့ ယနေ့ည ၁၁နာရီခွဲ အချိန် မှာ ယှဉ်ပြိုင်ကစားရမယ့် မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ယူအသင်း ကို အနိုင်ယူနိုင်အောင် ကူညီပေးနိုင်တဲ့ ကစားသမားတစ်ဦးဟာ ချယ်လ်ဆီးအသင်းမှာ ရှိနေပါတယ်လို့ ပြောဆို သွားခဲ့ပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း နှစ်သင်း ဖြစ်တဲ့ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်ပွဲကို ယနေ့ည ၁၁နာရီခွဲအချိန် ၊ ဝင်ဘလေကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစားကြတော့မှာဖြစ်ပြီး အဆိုပါ ပွဲစဉ်ကို MRTVနဲ့ MRTV Sport ရုပ်သံလိုင်းတွေ ကနေ တိုက်ရိုက် ထုတ်လွှင့်မယ်လို့လည်း သိရပါတယ်။

Photo Credit: Standard

ယခု တစ်ကြိမ် တွေ့ဆုံမှုဟာ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ယခုနှစ် ဘောလုံးရာသီ အတွင်းမှာ လေးကြိမ်မြောက် အဖြစ် တွေ့ဆုံမှု ဖြစ်ပြီး ပြီးခဲ့တဲ့ သုံးကြိမ် တွေ့ဆုံရာမှာတော့ မန်ယူအသင်းဟာ ချယ်လ်ဆီးအသင်းကို ၃ကြိမ် စလုံး အနိုင်ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် ယခုလို ထိပ်တိုက် တွေ့ဆုံမှုမှာ ချယ်လ်ဆီးအသင်းဟာ မန်ယူအသင်းကို ဂုဏ်သိက္ခာပိုင်းအရ အနိုင်ယူ သွားဖို့ ကြိုးစားရမှာ ဖြစ်သလို မန်ယူအသင်း ကလည်း ဆုဖလား တစ်လုံး အောင်မြင်မှု ရရှိဖို့ အတွက် ကြိုးစား ကစားသွားမှာ ဖြစ်ပါတယ်။ ရူဒီဂါကတော့ သူတို့အသင်းအနေနဲ့ မန်ယူ အသင်းကို အနိုင်ရရှိလိမ့်မယ်လို့ ယုံကြည်ထားပြီး သူတို့အသင်းရဲ့ တိုက်စစ်မှူး ဂျရူးဟာလည်း မန်ယူအသင်းကို ဒုက္ခပေးနိုင်လိမ့်မယ်လို ယူဆ ထားပါတယ်။

Photo Credit: Standard

မန်ယူအသင်းကို အနိုင်ယူနိုင်ဖို့ ဂျရူးဟာ ချယ်လ်ဆီးအသင်းကို ကူညီနိုင်မှာ ဖြစ်ကြောင်း ကို ရူဒီဂါက အခုလိုပဲ ပြောကြားသွားပါတယ်။ ရူဒီဂါက ” ကျွန်တော်က ဒီပွဲကို တကယ်ပဲ ကစားချင်နေပါပြီ။ မန်ယူအသင်းဟာ အခုချိန် မှာ ပုံစံကောင်း တစ်ခု ရနေပါတယ်။ ကျွန်တော် ဆိုလိုချင်တာက သူတို့ဟာ ၁၈ပွဲ ၊ ၁၉ပွဲ ရှုံးပွဲမရှိတာကိုပါ။ သူတို့ဟာ လိဂ်ပြိုင်ပွဲမှာ ကျွန်တော် တို့ အသင်းကို ၂ကြိမ်တောင် အနိုင်ရရှိခဲ့ပါတယ်။ ဒီတော့ ဒီပွဲကိုလည်း သူတို့အသင်းက ယုံကြည်မှုအပြည့်နဲ့ လာကြမှာပါ။ ဒါက ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ အတွက် ကောင်းတာ တစ်ခုကတော့ ဂျရူးဟာ အကောင်းဆုံး ပုံစံ ရနေတာပါပဲ။ သူဟာ အချိန် နည်းနည်းလောက် ရုန်းကန်ခဲ့ရပေမယ့် အခုချိန် မှာတော့ အကောင်းဆုံး ဖြစ်နေပါပြီ ” လို့ ပြောကြားသွားခဲ့ပါတယ်။