MySport Myanmar

အမော်ရင်ကို ဂရေဟမ် ပေါ်တာနဲ့ပါ ခိုင်းနှိုင်းပြီး သုံးသပ်လိုက်တဲ့ ကာရေဂါ

မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဖြစ်သူ ရူဘင် အမော်ရင် လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လီဗာပူးလ်နဲ့ အင်္ဂလန် ကစားသမားဟောင်းကြီး ကာရေဂါက အမော်ရင်ကို ချယ်လ်ဆီးအသင်း နည်းပြဟောင်း ဂရေဟမ် ပေါ်တာနဲ့ ခိုင်းနှိုင်း သုံးသပ်မှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

စပို့တင်း လစ္စဘွန်းအသင်းကနေ ယူနိုက်တက်အသင်းဆီကို ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာလကမှ ရောက်ရှိလာခဲ့တဲ့ အမော်ရင်ဟာ လက်ရှိ ယူနိုက်တက်ကို (၁၁)ပွဲအထိ ကိုင်တွယ်ထားပြီးချိန် ရှုံးပွဲအရေအတွက်က (၆)ပွဲထိတောင် ရှိထားခဲ့ရသလို ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်း လိဂ်ရှုံးပွဲ (၅)ပွဲတောင် ကြုံတွေ့ထားခဲ့ရပါသေးတယ်။

Photo Credit : Goal

အမော်ရင်ဟာ စပို့တင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက အသင်းအတွက် ဆုဖလား အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်ခဲ့သလို ဒီရာသီထဲမှာလည်း အသင်းကို ရာနှုန်းပြည့် နိုင်ပွဲရအောင် လုပ်ဆောင်ပေးခဲ့ပေမယ့် ယူနိုက်တက်ကို ပြောင်းလဲ ကိုင်တွယ်ချိန်မှာတော့ ခက်ခက်ခဲခဲ ရုန်းကန်နေခဲ့ရပါတယ်။

ဒီလို အခြေအနေနဲ့ ပတ်သက်ပြီး ကာရေဂါက “လက်ရှိအချိန်မှာ အမော်ရင်ရဲ့ အခြေအနေတွေက ချယ်လ်ဆီးမှာ ဂရေဟမ် ပေါ်တာရဲ့ အခြေအနေတွေနဲ့ပါ ပိုမို တူညီနေရပါတယ်။ ပေါ်တာဟာလည်း အဲ့ဒီတုန်းက ယိုယွင်းနေတဲ့ အခြေအနေကနေ အဆိုးဆုံးအထိ ရောက်သွားခဲ့ရတယ်။ ပြီးခဲ့တဲ့ လိဂ်ပွဲ (၆)ပွဲမှာ (၅)ပွဲထိ ရှုံးပွဲကြုံခဲ့ရတာက ယူနိုက်တက်အတွက် ဆိုးရွှားလွန်းပါတယ်။”

Photo Credit : Daily Star

“မန်စီးတီးကို နိုင်ခဲ့တုန်းကဆိုရင်လည်း မိနစ်(၉၀)အတွင်းမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသရင်း နိုင်ခဲ့တာ မဟုတ်ဘဲနဲ့ ပွဲပြီးခါနီးမှသာ နိုင်ခဲ့တာမျိုး ဖြစ်နေတယ်။ ဒီပုံစံအတိုင်းသာဆိုရင် အမော်ရင်က ပေါ်တာလိုမျိုး အဆုံးသတ်သွားရနိုင်လိမ့်မယ်။ နောက်ပြီးတော့ ယူနိုက်တက်ရဲ့ အခြေအနေတွေနဲ့ ချယ်လ်ဆီးမှာ ပေါ်တာ ဆောင်ရွက်သွားခဲ့တာနဲ့ ကြားမှာ ကွာခြားချက် တချို့လည်း ရှိနေပါတယ်။” လို့ ခိုင်းနှိုင်း သုံးသပ်သွားခဲ့ပါတယ်။

ချယ်လ်ဆီး နည်းပြဟောင်း ပေါ်တာက တူဟယ်လ်နေရာ အစားထိုး ဝင်ရောက်လာခဲ့တာ ဖြစ်ပေမယ့်လည်း အသင်းကို (၃၁)ပွဲသာ ကိုင်တွယ်လိုက်ရပြီး ရာထူးကနေ ပြန်လည် ထုတ်ပယ်ခံလိုက်ရပါတယ်။ ပေါ်တာက ချယ်လ်ဆီးကို (၃၁)ပွဲ ကိုင်တွယ်ခဲ့ချိန်မှာ နိုင်ပွဲ (၁၂)ပွဲ ရှုံ့းပွဲ (၁၁)ပွဲ သရေပွဲ (၈)ပွဲ ရှိခဲ့လို့ အသင်းဘက်ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပြီး အခုထိ အသင်းလက်မဲ့ပါ ဖြစ်နေပါတယ်။

Exit mobile version