MySport Myanmar

စီးတီးရဲ့ ဖလား(၃)လုံး အိမ်မက်မှာ ရီးယဲလ်က အဟန့်အတားတစ်ခု ဖြစ်စေနိုင်မယ်လို့ ရွိုင်ကိန်း ဆို

မန်ချက်စတာစီးတီးအသင်းသာ ဒီရာသီမှာ ဆုဖလား(၃)လုံး ရယူသွားနိုင်ခဲ့မယ်ဆိုရင်တော့ သူ့ကို စိတ်ပျက်သွားရစေလိမ့်မယ်လို့ ဟာသနှောပြီး ပြောဆိုသွားခဲ့ပေမယ့် ဆုဖလား(၃)လုံး မျှော်လင့်ချက်မှာ ရီးယဲလ်မက်ဒရစ်အသင်းက အကြီးမားဆုံး အဟန့်အတားတစ်ခု ဖြစ်နေစေလိမ့်မယ်လို့ သတိပေး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

လက်ရှိမှာ မန်စီးတီးအသင်းက FA Cup ပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ဆီ တတ်လှမ်းသွားခဲ့ရပြီ ဖြစ်သလို ပရီးမီးယားလိဂ်ဆိုရင်လည်း ကိုယ့်ကြမာ ကိုယ်ဖန်တီးနိုင်ခွင့် ရှိနေရတဲ့ အခြေအနေ ဖြစ်နေရပါတယ်။ ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်ထိ တတ်လှမ်းနိုင်ခဲ့ရပြီ ဖြစ်သလို ပြီးခဲ့တဲ့နှစ် ဆီမီးမှာ တွေ့ဆုံခဲ့တဲ့ ရီးယဲလ်အသင်းနဲ့ ထပ်မံ တွေ့ဆုံနေရပါတယ်။ ပြီးခဲ့တဲ့နှစ်က ခုလို တွေ့ဆုံမှုအတွင်း ရီးယဲလ်က မန်စီးတီးကို ကျော်ဖြတ်ရင်း ချန်ပီယံလိဂ်မှာ ချန်ပီယံ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Daily Mail

စီးတီးအသင်းရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သတ်ပြီး စီးတီးပြိုင်ဘက်ဟောင်းကြီး ရွိုင်ကိန်းက “စီးတီးသာ ဒီရာသီထဲ ဖလား(၃)လုံး ဆွတ်ခူးမယ်ဆိုရင်တော့ ကျွန်တော် စိတ်ပျက်မိမှာပေါ့ (ရယ်လျက်)။ မဟုတ်ပါဘူး။ ကျွန်တော် ဘယ်အသင်းကိုမှ အဲ့လို ဖြစ်မိမှာ မဟုတ်ပါဘူး။ ကျွန်တော်က အဲ့ဒီလို လူအမျိုးအစား မဟုတ်ပါဘူး။ ဒီလို ဖလား(၃)လုံးကို ဆွတ်ခူးဖို့ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာကို ကျွန်တော်ကိုယ်တိုင် သိပါတယ်။ ဒါပေမယ့် သူတို့က အဟန့်အတား အနည်းငယ်လောက်နဲ့တော့ ရင်ဆိုင်သွားရပါဦးမယ်။ အထူးသဖြင့်ဆိုရင်တော့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ပါ”

Photo Credit : Daily Mail

“စီးတီးက အက်အေဖလားနဲ့ အမှတ်ပေးလိဂ်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ဖို့ အရမ်း ရေပန်းစားနေတယ် ဆိုပေမယ့်လည်း ရီးယဲလ်အသင်းက သူတို့အသင်းအတွက် အကြီးမားဆုံးသော ပြသာနာကြီးတစ်ခု ဖြစ်စေလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ရွိုင်ကိန်းရဲ့စကားကို နောက်ထပ် ဘောလုံးသမားဟောင်းကြီး အီယန်ရိုက်က လက်ခံသွားခဲ့ပြီး စီးတီးအနေနဲ့ ဖလား(၃)လုံး ရယူဖို့ဆိုတာ မလွယ်ကူနိုင်ပဲ တကယ်လို့သာ လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ မယုံကြည်နိုင်စရာ အောင်မြင်မှု ဖြစ်လာလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version