မနေ့က ဝင်ဘာလေကွင်းမှာ မန်စီးတီးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွန်မြူနတီဒိုင်း ချန်ပီယံ ဖြစ်လာခဲ့တဲ့ အာဆင်နယ်အသင်းကို မန်ယူနိုက်တက် ကစားသမားဟောင်းကြီး ရွိုင်ကိန်းက ကွန်မြူနတီဒိုင်းပွဲဟာ ချစ်ကြည်ရေး ခြေစမ်းပွဲ တစ်ပွဲသာ ဖြစ်တယ်လို့ သတိပေး ပြောဆိုသွားလိုက်ပါတယ်။
ဒုတိယပိုင်းမှာ လူစားဝင်လာကြတဲ့ ပါလ်မာ ထရိုဆက်ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့ တစ်ဂိုးစီ သရေကျနေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရင်း ပင်နယ်တီမှာ အနိုင်ရသွားခဲ့တဲ့ အာဆင်နယ်အသင်းဟာ (၁၇)ကြိမ်မြောက် ကွန်မြူနတီဒိုင်း ချန်ပီယံလည်း ဖြစ်လာခဲ့ရပါတယ်။
Photo Credit : talkSPORT
ဒါပေမယ့် ဒီအောင်ပွဲနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ရွိုင်ကိန်းက “ခင်ဗျားက ပွဲတွေကို ယှဉ်ပြိုင်ကစားတဲ့အခါ အနိုင်ရတဲ့ အလေ့အထမျိုးကို ရယူချင်တယ် ဆိုပေမယ့်လည်း ဒါက ချစ်ကြည်ရေးပွဲ ဆိုတာကိုတော့ မေ့ထားလို့ မရပါဘူး။”
“စီးတီးက ဒီရှုံးပွဲအတွက် ပြန်ပြီး တုံ့ပြန်လိမ့်မယ်။ အာဆင်နယ်ကလည်း စွမ်းအင်ကောင်းတွေ ရသွားမယ်။ အဝတ်လဲခန်းအတွင်းမှာလည်း ကစားသမားတွေ ပျော်ရွှ့င်ကြလိမ့်မယ်။ ပြီးရင်တော့ နောက်တစ်ပတ်မှာ ဒီပွဲထက် ပိုအရေးကြီးတဲ့ ဖောရက်စ်နဲ့ ပရီးမီးယားလိဂ်ပွဲကို ဆင်နွဲရတော့မယ်။”
Photo Credit : Youtube
“ဒီနိုင်ပွဲက မန်စီးတီးထက် အာဆင်နယ်အတွက်က ပိုပြီး အရေးကြီးတယ်လို့ ဆိုရမှာ ဖြစ်ပေပမယ့်လည်း ဒါက ရှေ့ဆက်သွားရမယ့် အရာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ နီးစပ်လာနေပြီဆိုတာနဲ့လည်း မလုံလောက်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က ပြီးခဲ့တဲ့ ရာသီမှာ အဆင့်(၂)နဲ့ ရာသီသိမ်းနိုင်ခဲ့တာကြောင့်ပါ။”
“အခုလည်း သူတို့က အလွန်ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှုတွေက်ို ကစားသမား အင်အားကို ပိုမို တောင့်တင်းနေအောင် လုပ်ဆောင်ထားတယ်။ ဒါပေမယ့် ဒါက နောက်ထပ် ခြေလှမ်းကြီးတစ်ခုကို အလိုအလျောက် လှမ်းသွားနိုင်ပြီလို့ မဆိုလိုနိုင်သေးဘူး။ သူတို့ ချန်ပီယံဆုကို စိန်ခေါ်နိုင်ပြီဆိုတာကို သက်သေပြဖို့ လိုအပ်နေပါသေးတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။