မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် တစ်ဦး ဖြစ်တဲ့ ရိုင်ကိန်း ကတော့ ဒီပုံစံအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အသင်းကနေ ထုတ်ပယ်ခံနိုင်ရတယ် ဆိုပြီး မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ အိုလီဂန်နာ ဆိုးလ်ရှားကို သတိပေးစကား ပြောဆိုခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယမန်နေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ် အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ် မှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရ အပြီးမှာ ကိန်းက အခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ထိုရှုံးပွဲကြောင့် မန်ယူအသင်း အနေနဲ့ ၇ပွဲကစားပြီး အဆင့် ၁၅ နေရာကို ရောက်ရှိ သွားခဲ့ရတာကြောင့် အခြေအနေ ဆိုးနေပြီ လို့ ဆိုရပါမယ်။

Photo Credit: Standard

ကိန်း အနေနဲ့ လာမယ့် လ အနည်းငယ်အတွင်းမှာ နည်းပြ ဆိုးလ်ရှား ကို အသင်းကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ ယုံကြည်နေကြောင်းကို အခုလိုပြောပြခဲ့ပါတယ်။ “ ကျွန်တော့် ဘဝ သက်တမ်းတစ်လျှောက်လုံး ပွဲမစတင်ခင် နည်းပြ က ဘယ်သူ ဖြစ်တယ်ဆိုတာကို ကြည့်လေ့မရှိပါဘူး။ ကျွန်တော် အသက် ၈ နှစ် ဒါမှမဟုတ် ၉ နှစ်အရွယ်တုန်းက ကျွန်တော် တကယ်တော်တဲ့ နည်းပြအကြောင်းတွေကိုပြောခဲ့ဖူးတယ်။ မတော်တဲ့ နည်းပြ အကြောင်းတွေကိုလည်း ပြောခဲ့ဖူးပါတယ်။ နည်းပြတွေက စိတ်ဓာတ်ခွန်အား တွေပေးနိုင်လားလို့ ကျွန်တော့်ကို မေးရင်တော့…။ အဲ့ဒါက မင်းရဲ့ အတွင်းစိတ်ထဲက လာတာပါ။ အဲ့ဒါက မင်းရဲ့ မျိုးရိုးက နေလာတာ။ မင်းရဲ့ နောက်ခံသမိုင်းကြောင်း၊ မင်း မိသားစု နဲ့ မင်းအသင်းဖော် တွေ ဆီက နေ လာတာပါ ”

Photo Credit: Standard

“ သွေးပူလေ့ကျင့်ခန်း လုပ်တုန်းက ကစားသမားတွေကို ကျွန်တော် သေချာကြည့်ခဲ့တယ်။ ကာဗာနီက သွေးပူလေ့ကျင့်ခန်း မလုပ်ခဲ့ဘူး။ လူစားလဲဖို့ အချိန်ရောက်လာတော့ သူက ဝင်ရောက်ကစားဖို့ တောင်းဆိုနေတယ်။ အိုလီက ကာဗာနီကို မြန်နှုန်းမြင့် ကစားဖို့ ပြောနေတယ်။ အိုလီ သူ့အလုပ်ကို ဆုံးရှုံးရနိုင်ပါတယ်။ အဲ့ဒါက မကြာခင် ဖြစ်တော့မယ်လို့လည်း ကျွန်တော် ထင်တယ်။ ကျွန်တော် အဲ့ဒီ အကြောင်း ကို လွန်ခဲ့တဲ့ ၁ လ ၂ လောက် တည်းက ပြောနေခဲ့တာပါ။ ဒါပေမယ့် မင်း အနေနဲ့ ကစားပွဲမှာ ဘာမဆို ဖြစ်သွားနိုင်တာပဲ ဆိုပြီး တွေးနေသေးတယ် မလား ? အခြေအနေတွေက ပြောင်းလဲကောင်းပြောင်းလဲနိုင်ပါတယ်။ အဲ့ဒါက အိုလီ အနေနဲ့ အိမ်ကွင်းမှာ ကစားသမားတွေကို စိတ်ဓာတ်ခွန်အား ပေးတာနဲ့ သက်ဆိုင်တယ်လို့ မင်းက တွေးနေတယ် မလား။ လူတွေက ပရိသတ် အားပေးမှုမရှိတာကြောင့်၊ ဘောလုံးကွင်းတွေက အလွတ်ကြီးတွေ ဖြစ်နေတာကြောင့် လို့ ပြောနေကြတယ်။ တကယ်လို့ မင်းက ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ဆိုရင် ဒီအခြေအနေတွေက အိုးထရက်ဖို့ဒ်မှာ အကောင်းဆုံး အနေအထားပဲ ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။