MySport Myanmar

ဆက်စ်ကိုက မန်ယူမှာ ချက်ချင်း ခြေစွမ်းပြနိုင်မှာ မဟုတ်ဘူးလို့ ရွိုင်ကိန်းနဲ့ ကာရေဂါတို့ သုံးသပ်

ဘောလုံး သုံးသပ်သူများအဖြစ် ဆောင်ရွက်နေကြတဲ့ ဂျေမီ ကာရေဂါနဲ့ ရွိုင်းကိန်းတို့ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးသစ် ဘင်ဂျမင် ဆက်စ်ကိုတစ်ယောက် အသင်းမှာ ချက်ချင်းလက်ငင်း အောင်မြင်မှုရနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး သံသယရှိကြောင်း ပြောဆိုလိုက်ကြပါတယ်။

ဆက်စ်ကိုဟာ ဒီလအစောပိုင်းမှာ လိုက်ပ်ဇစ်အသင်းကနေ ယူနိုက်တက်အသင်းကို ပေါင် (၇၄)သန်းတန် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ယူနိုက်တက်ဘက်ကတော့ သူတို့ရဲ့ ဂိုးသွင်ပြဿနာတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ကစားသမားဟောင်းတွေဖြစ်ကြတဲ့ ကာရေဂါ၊ ကိန်းနဲ့ ဂျေးလ် စကော့တို့ကတော့ ဆက်စ်ကိုတစ်ယောက် အိုးလ်ထရက်ဖို့ဒ်မှာ ချက်ချင်း ခြေစွမ်းပြနိုင်မယ်လို့ မထင်ကြပါဘူး။

Photo Credt : Goal

“Stick to Football” အစီအစဉ်ရဲ့ နောက်ဆုံးအပိုင်းမှာ ဆက်စ်ကိုဟာ ယူနိုက်တက်အတွက် “အောင်မြင်မလား၊ ကျရှုံးမလား” ဆိုတဲ့ မေးခွန်းကို ပါဝင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။ အင်္ဂလန် ကစားသမားဟောင်း ဂျေးလ် စကော့က “ကျွန်မကတော့ သိပ်မသေချာဘူးလို့ပဲ ပြောချင်တယ်။ ဒါပေမဲ့ ဒါက သူ့တစ်ယောက်တည်းအပေါ်မှာ မူတည်တာမဟုတ်ဘဲ သူရောက်သွားတဲ့ အသင်းရဲ့ အခြေအနေကြောင့်လည်း ပါပါတယ်။ ယူနိုက်တက် ပရိသတ်တွေအနေနဲ့ သူ့အပေါ် စိတ်ရှည်သည်းခံပေးဖို့ လိုပါလိမ့်မယ်။” လို့ စတင်ပြောကြားခဲ့ပါတယ်။

ယူနိုက်တက် ဂန္ထဝင်ကစားသမားကြီး ရွိုင်းကိန်းကလည်း “ဟုတ်တယ်၊ ကျွန်တော်လည်း အဲ့ဒီလိုပဲ မြင်တယ်။” လို့ ထောက်ခံခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင် ကာရေဂါကလည်း သူတို့ရဲ့အမြင်ကို အခုလိုပဲ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

Photo Credt : Goal

“ကျွန်တော်လည်း သိပ်မသေချာပါဘူး။ သူက ဟွိုင်းလန်းထက်တော့ ပိုကောင်းမယ်လို့ ထင်တယ်။ ဒါပေမဲ့ ယူနိုက်တက်လိုအသင်းမှာဆိုရင် အာရုံစိုက်ခံရမှုက အရမ်းများတယ်။ ကလပ်အသင်းရဲ့ ကြီးမားမှုနဲ့ သမိုင်းကြောင်း ဖိအားတွေကြောင့် လူငယ်ကစားသမားကောင်းတွေ အများကြီး ကျရှုံးခဲ့ကြပြီးသားပါ။ သူတို့ ဒီရာသီမှာ အဆင့် (၇)လောက်နဲ့ ရာသီသိမ်းမယ်လို့ ကျွန်တော်တို့ ပြောခဲ့ကြသလိုပဲ။ ဆိုလိုတာက ရှုံးပွဲတွေအများကြီးနဲ့ ဆက်ရင်ဆိုင်ရဦးမှာပါ။” လို့ ကာရေဂါက သုံးသပ်ခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် ဆက်စ်ကိုဟာ အလွန်အရည်အသွေးမြင့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် လက်ရှိအခြေအနေဟာ သူ့ရဲ့ ကစားသမားဘဝအတွက် အကြီးမားဆုံး စမ်းသပ်မှုတစ်ခု ဖြစ်လာမှာပါ။ အရပ် ၆ ပေ ၅ လက်မရှိတဲ့ ဆလိုဗေးနီးယား လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့အပတ်က အာဆင်နယ်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ယူနိုက်တက်အတွက် ပွဲဦးထွက် ပါဝင်ကစားခဲ့ပြီး ဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ နည်းပြ အမိုရင်ရဲ့အသင်း ဖူလ်ဟမ်အသင်းကို အဝေးကွင်း သွားရောက်ရင်ဆိုင်ချိန်မှာတော့ သူ့အတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ကို ရရှိလာနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version