၁၇ႏွစ္သား အရႊယ္ေလာက္တုန္းက အဂၤလန္ေျမကုိ စတင္ေျခခ်ခြင့္ရခဲ႔ၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းလုိ အသင္းႀကီးမ်ိဳးမွာ ဝင္ေရာက္ကစားခြင့္ရခဲ႔ေပမယ့္လည္း ကစားသမားဘဝကုိ ဆုိးဆုိးရႊားရႊ႔ားျဖစ္ေအာင္ ဒုကၡေပးခဲ႔တဲ႔ ဒဏ္ရာအေျခအေနေတြေၾကာင့္ အသင္းလက္မဲ႔ ျဖစ္သြားရတဲ႔အထိကုိ အေျခအေနဆုိးသြားခဲ႔ရတဲ႔ အီတလီတုိက္စစ္မွဴး ဂူဆက္ပီေရာ့စီက အသင္းေဟာင္းယူႏုိက္တက္အသင္းနဲ႔ ေလ့က်င့္ခန္းလာဆင္းၿပီးေနာက္မွာ ပရီးမီးယားလိဂ္ ကလပ္အသင္းတစ္သင္းမွာ သြားေရာက္ကစားခ်င္တယ္လုိ႔ ဖြင့္ဟေျပာဆုိလာခဲ႔ပါတယ္။

အသက္ ၃၁ႏွစ္အရႊယ္ေတာင္ ရွိလုိ႔ေနၿပီျဖစ္တဲ႔ စီးရီးေအကလပ္ ဖီအုိရင္တီးနားအသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ႔ၿပီးေနာက္ပုိင္းမွာ အသင္းလက္မဲ႔ ျဖစ္ေနခဲ႔ၿပီး အခုအခါမွာေတာ့ ယူႏုိက္တက္အသင္းရဲ႕ နည္းျပသစ္ဆုိးလ္ရွားရဲ႕ ဖိတ္ေခၚမႈေၾကာင့္ အသင္းမွာ လာေရာက္ေလ့က်င့္ခန္းဆင္းခြင့္ရခဲ႔ပါတယ္။ ဒါေပမယ့္ သူ႔ကုိေတာ့ ယူႏုိက္တက္အသင္းက ျပန္လည္ေခၚယူသြားမွာ မဟုတ္ေပမယ့္လည္း ေရာ့စီကေတာ့ အခြင့္အေရး ရဦးမယ္ဆုိရင္ေတာ့ သူတစ္ခါ က်င္လည္ခဲ႔ဖူးတဲ႔ အဂၤလန္ေျမမွာ ေနာက္တစ္ႀကိမ္ ေဘာလုံးကစားခြင့္ရခ်င္ေသးတယ္လုိ႔ Sky Sports မီဒီယာနဲ႔ ေတြ႕ဆုံစဥ္မွာ ဖြင့္ဟေျပာဆုိသြားခဲ႔ပါတယ္။

ေရာ့စီက “ပရီးမီးယားလိဂ္ဆုိတာ ကမာၻေပၚမွာ အေကာင္းဆုံးလိဂ္ဆုိတာ သံသယဝင္စရာ မရွိပါဘူး။ ဒီကုိ ျပန္လာၿပီး ေဘာလုံးျပန္ကစားရမွာကုိ အရမ္းေပ်ာ္ရႊင္မိတယ္။ အခုအခ်ိန္မွာ ကြ်န္ေတာ္ ဘယ္စိန္ေခၚမႈတုိင္းအတြက္မဆုိ အဆင္သင့္ျဖစ္ေနပါၿပီ။ ကမာၻေပၚက အေကာင္းဆုံးအသင္း အေကာင္းဆုံး ကစားသမားေတြနဲ႔ ေလ့က်င့္ခန္း ျပန္ဆင္းၿပီးေနာက္ပုိင္းမွာ ကြ်န္ေတာ္ေဘာလုံးျပန္ကစားဖုိ႔ အဆင္သင့္ျဖစ္ေနပါၿပီ” လုိ႔ ထုတ္ေဖာ္ေျပာဆုိသြားခဲ႔ပါတယ္။

တုိက္စစ္မွဴးေရာ့စီဟာ ၂၀၀၄ခုႏွစ္က မန္ခ်က္စတာယူႏုိက္တက္အသင္းကုိ စတင္ေရာက္ရွိလာခဲ႔တာျဖစ္ၿပီးေတာ့ ၃ႏွစ္အတြင္း ၁၄ပြဲသာ ကစားရေပမယ့္လည္း သြင္းဂုိး၄ဂုိးအထိ သြင္းယူႏုိင္ခဲ႔ပါတယ္။ ေရာ့စီဟာ အီတလီလက္ေရြးစင္အသင္းႀကီးအတြက္လည္း ပါဝင္ကစားခဲ႔ဖူးသလုိ နယူးကာဆဲလ္ ၊ ပါးမား ၊ ဗီလာရီးရဲလ္ ၊ လီဗန္ေတး ၊ ဂ်ီႏုိအာနဲ႔ ဖီအုိရင္တီးနားအသင္းေတြမွာ ပါဝင္ကစားခဲ႔ဖူးပါတယ္။

(Unicode)

၁၇နှစ်သား အရွှယ်လောက်တုန်းက အင်္ဂလန်မြေကို စတင်ခြေချခွင့်ရခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းလို အသင်းကြီးမျိုးမှာ ဝင်ရောက်ကစားခွင့်ရခဲ့ပေမယ့်လည်း ကစားသမားဘဝကို ဆိုးဆိုးရွှားရွှ့ားဖြစ်အောင် ဒုက္ခပေးခဲ့တဲ့ ဒဏ်ရာအခြေအနေတွေကြောင့် အသင်းလက်မဲ့ ဖြစ်သွားရတဲ့အထိကို အခြေအနေဆိုးသွားခဲ့ရတဲ့ အီတလီတိုက်စစ်မှူး ဂူဆက်ပီရော့စီက အသင်းဟောင်းယူနိုက်တက်အသင်းနဲ့ လေ့ကျင့်ခန်းလာဆင်းပြီးနောက်မှာ ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းမှာ သွားရောက်ကစားချင်တယ်လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

အသက် ၃၁နှစ်အရွှယ်တောင် ရှိလို့နေပြီဖြစ်တဲ့ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်းမှာ အသင်းလက်မဲ့ ဖြစ်နေခဲ့ပြီး အခုအခါမှာတော့ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ်ဆိုးလ်ရှားရဲ့ ဖိတ်ခေါ်မှုကြောင့် အသင်းမှာ လာရောက်လေ့ကျင့်ခန်းဆင်းခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် သူ့ကိုတော့ ယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူသွားမှာ မဟုတ်ပေမယ့်လည်း ရော့စီကတော့ အခွင့်အရေး ရဦးမယ်ဆိုရင်တော့ သူတစ်ခါ ကျင်လည်ခဲ့ဖူးတဲ့ အင်္ဂလန်မြေမှာ နောက်တစ်ကြိမ် ဘောလုံးကစားခွင့်ရချင်သေးတယ်လို့ Sky Sports မီဒီယာနဲ့ တွေ့ဆုံစဉ်မှာ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

ရော့စီက “ပရီးမီးယားလိဂ်ဆိုတာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ်ဆိုတာ သံသယဝင်စရာ မရှိပါဘူး။ ဒီကို ပြန်လာပြီး ဘောလုံးပြန်ကစားရမှာကို အရမ်းပျော်ရွှင်မိတယ်။ အခုအချိန်မှာ ကျွန်တော် ဘယ်စိန်ခေါ်မှုတိုင်းအတွက်မဆို အဆင်သင့်ဖြစ်နေပါပြီ။ ကမ္ဘာပေါ်က အကောင်းဆုံးအသင်း အကောင်းဆုံး ကစားသမားတွေနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းပြီးနောက်ပိုင်းမှာ ကျွန်တော်ဘောလုံးပြန်ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

တိုက်စစ်မှူးရော့စီဟာ ၂၀၀၄ခုနှစ်က မန်ချက်စတာယူနိုက်တက်အသင်းကို စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ ၃နှစ်အတွင်း ၁၄ပွဲသာ ကစားရပေမယ့်လည်း သွင်းဂိုး၄ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ရော့စီဟာ အီတလီလက်ရွေးစင်အသင်းကြီးအတွက်လည်း ပါဝင်ကစားခဲ့ဖူးသလို နယူးကာဆဲလ် ၊ ပါးမား ၊ ဗီလာရီးရဲလ် ၊ လီဗန်တေး ၊ ဂျီနိုအာနဲ့ ဖီအိုရင်တီးနားအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပါတယ်။