မန်ယူ တိုက်စစ်မှူး ရွန်နီကတော့ နည်းပြဟောင်းတွေဆီက ဘာယူသင်ခဲ့လဲလို့ အမေးခံရတဲ့ အချိန်မှာ ဖာဂူဆန်ရဲ့ စီမံခန့်ခွဲမှု နဲ့ မော်ရင်ဟိုရဲ့ ခေါင်းမာမှုပါလို့ ပြန်ဖြေကြားသွားခဲ့ပါတယ်။ တိုက်စစ်မှူး ရွန်နီဟာ မန်ယူအသင်းအတွက် ကစားခဲ့စဉ်က နည်းပြ (၅) ဦးရဲ့ လက်အောက်မှာ ကစားခဲ့ရပြီး နည်းပြ ဖာဂူဆန်ရဲ့ လက်အောက်မှာ အကြာရှည်ဆုံး ကစားခဲ့တာပဲ ဖြစ်ပါတယ်။ ရွန်နီဟာ မန်ယူအသင်းမှာ (၂၀၀၄) ခုနှစ်ကနေ (၂၀၁၇) ခုနှစ်အထိ ကစားခဲ့ပြီး ပြိုင်ပွဲစုံ ပွဲစဉ် (၅၅၉) ပွဲ ကစားထားရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၂၅၃) ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ရွန်နီဟာ မန်ယူအသင်းကနေ အဲဗာတန်အသင်း၊ အဲဗာတန်အသင်းကနေ ဒီစီယူနိုက်တက်အသင်း၊ ဒီစီယူနိုက်တက်အသင်းကနေ ဒါဘီအသင်းကို ပြောင်းသွားခဲ့ပါတယ်။ အင်္ဂလန်လူမျိုး တိုက်စစ်မှူး ရွန်နီဟာ လက်ရှိမှာတော့ ဒါဘီကောင်တီအသင်းမှာ ကစားနေပြီး လက်ရှိရာသီမှာ ချန်ပီယံရှစ် ပွဲစဉ် (၁၁) ပွဲ ကစားရာမှာ သွင်းဂိုး (၃) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ရွန်နီဟာ The Sunday Times နဲ့ အမေးအဖြေ ပြုလုပ်တဲ့ အချိန်မှာ အရင် မန်ယူ နည်းပြဟောင်းတွေဆီက သင်ယူခဲ့ရတာတွေကို ပြန်လည် ဖြေကြား ပြောပြသွားခဲ့ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ရွန်နီဟာ အရင် နည်းပြဟောင်းတွေဆီကနေ ဘာတွေ သင်ယူခဲ့ပါသလဲလို့ အမေးခံရတဲ့ အချိန်မှာ သူက “ဗန်ဟားလ်ရဲ့ ပြင်ဆင်မှု၊ ဖာဂူဆန်ရဲ့ စီမံခန့်ခွဲမှု နဲ့ မော်ရင်ဟိုရဲ့ ခေါင်းမာမှုပါ။ ကျွန်တော်ကတော့ တစ်ခါတစ်လေမှာ ဒါတွေကို လိုအပ်တယ်လို့ ထင်ပါတယ်။ ဆမ် အလာဒိုက်က သူ ဘာလိုချင်နေတာလဲ ဆိုတာကို သိပါတယ်။ အသင်းရဲ့ လုပ်နိုင်စွမ်းကို ကြည့်ပြီးမှ စီမံခန့်ခွဲနိုင်မှာ ဖြစ်ပြီး ဆမ် အလာဒိုက်ကတော့ အဲဒီလို အမြဲတမ်း လုပ်ခဲ့ပါတယ်။ ကျွန်တော် ဆမ်ရဲ့ ပုံစံကို နှစ်သက်ပြီး ကိုယ်ပိုင်နည်းလမ်း ရှာခဲ့ပါတယ်။ နည်းပြ ဖာဂူဆန်က မယုံနိုင်လောက်အောင် ကောင်းပါတယ်။ သူက မင်းတို့ (၁၁) ဦးက ပြိုင်ဘက် (၁၁) ဦးထက် ပိုကောင်းတယ်။ သွားပြီး အနိုင်ယူပါတယ်လို့ ပြောနေကြပါတယ်”လို့ ပြန်ပြောသွားခဲ့ပါတယ်။