မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတို့ရဲ့ နာမည်ကြီး ကစားသမားဟောင်း တစ်ဦးဖြစ်သူ ဝိန်းရွန်းနီ ဟာ သူ့အနေနဲ့ ဒါ‌ဘီ ကောင်တီ အသင်းရဲ့ အမြဲတမ်းနည်းပြ အဖြစ် ခန့်အပ်ခြင်းခံရလိမ့်မယ်လို့ ယုံကြည်နေကြောင်း ပြောဆိုလာပါတယ်။ ရလဒ်ဆိုးတွေကြောင့် ဒါဘီအသင်းရဲ့ နည်းပြဟောင်းဖြစ်သူ ဖိလစ် ကွတ်ကူး ကို အသင်းကနေ ထုတ်ပယ်ခဲ့ပြီးနောက် ဝိန်းရွန်းနီ က ယာယီနည်းပြ အဖြစ် တာဝန်ယူဆောင်ရွက်နေတာဟာဆိုရင် ၆ ပွဲအထိ ရှိလာခဲ့ပြီ ဖြစ်ပြီး အဆိုပါ ၆ ပွဲစလုံးမှာ မရှုံးနိမ့်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီးတော့ အသင်းရဲ့ ပုံစံဟာလည်း ပိုမို တိုးတက်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။

Photo Credit: Metro

အဆိုပါ စွမ်းဆောင်ရည်‌တွေကြောင့် အသက် ၃၅ နှစ်ရှိပြီ ဖြစ်တဲ့ ဝန်းရွန်းနီ ဟာ သူ့ရဲ့ ပထမဆုံးသော အမြဲတမ်းနည်းပြ အဖြစ် တာဝန်ယူဆောင်ရွက်ရဖို့ မျှော်လင့်နေပါတယ်။ ရွန်းနီ အနေနဲ့ ၆ ပွဲကိုင်တွယ် အပြီးမှာတော့ အချိန်ပြည့် နည်းပြ အဖြစ် တာဝန်ယူဖို့ အတွက် ဒါဘီ အသင်း ကစားသမားတွေရဲ့ ထောက်ခံမှုကိုလည်း ရရှိထားပါတယ်။ ကစားသမားတွေနဲ့ ရွန်းနီ အကြားမှာ ဆက်ဆံရေးပိုင်းကလည်း အဆင်ပြေနေသလို ကစားသမား‌တွေ အနေနဲ့လည်း ရွန်းနီ ရဲ့ နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး သဘောကျနေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့်လည်း ဝိန်းရွန်းနီ အနေနဲ့ အမြဲတမ်း နည်းပြ ဖြစ်လာဖို့ကို မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဝိန်းရွန်းနီ ကိုင်တွယ်ခဲ့တဲ့ ပွဲစဉ် ၆ပွဲမှာ ဒါဘီအသင်းဟာ ၂ပွဲနိုင် ၄ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါဘီအသင်းရဲ့ အမြဲတမ်းနည်းပြ ဖြစ်ချင်ကြောင်းကို ဝိန်းရွန်းနီက “ ရလဒ်တွေနဲ့ စွမ်းဆောင်ရည်‌တွေအရတော့ ယာယီနည်းပြ ရာထူးအတွက် မျှတတယ်လို့ မြင်ပါတယ် ”

Photo Credit: Metro

“ ဖိလစ် ကွတ်ကူး ထွက်သွားပြီးတော့ ကျွန်တော်ရယ် လီယန်း ရိုစီနီရာ ဝင်လာတော့ အသင်းက အတော်လေး ဆိုးဝါးတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အဲ့ဒါက ခေါင်းဆောင်ကောင်း တစ်ဦး လိုနေတယ် ဆိုတာ အသေအချာပါပဲ။ ကစားသမားတစ်ဦး အနေနဲ့သာမက နည်းပြ အဖြစ် တာဝန်ယူခဲ့သူက ကျွန်တော်ပါ။ အဲ့ဒီနောက် အသင်းရဲ့ ခြေစွမ်းပိုင်းက အံ့မခန်း တိုးတက်လာပြီးတော့ ကျွန်တော်တို့အားလုံး ပူးပေါင်းပြီး အတူတကွ ဒီအသင်းကို ရှေ့ရောက်အောင် ကြိုးစားနေကြပါတယ်။ ကျွန်တော် အရင်က ပြောခဲ့သလိုပါပဲ။ နည်းပြအဖြစ် လုပ်ဖို့အတွက် ကျွန်တော့်ရဲ့ အရည်အချင်းကို ကျွန်တော် ယုံကြည်ပါတယ်။ လူတိုင်းက ကျွန်တော် အသင်းကို ကစား‌စေချင်တဲ့ နည်းလမ်း ကို စတင်ပြီးတော့ မြင်လာကြပြီလို့ ကျွန်တော် ထင်တယ်။ ဒီအသင်းကို နည်းပြဖို့အတွက် ကျွန်တော့်ရဲ့ အရည်အချင်းကို ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော် ဒီအသင်းကို နည်းပြချင်တယ်။ ဒီဆုံးဖြတ်ချက်ဟာလည်း အသင်းပိုင်ရှင်တွေ အပေါ်မာပဲ မူတည်နေပါတယ် ” လို့ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။