MySport Myanmar

အသင်းကနေ ကစားသမား အများအပြားကို ရှင်းလင်းသွားဖို့ လိုအပ်တယ်လို့ ရွန်းနီ သတိပေး

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီးဖြစ်တဲ့ ဝိန်းရွန်းနီက သူ့အသင်းဟောင်းအနေနဲ့ လာမယ့်ရာသီတွေထဲ အသင်းကနေ ကစားသမား အများအပြားကို ရှင်းထုတ်သွားဖို့ လိုအပ်တယ်လို့ သတိပေး ပြောကြားသွားခဲ့ပါတယ်။

ရွန်နီဟာ မန်ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ ပွဲစဉ်ကို ကြည့်ရှုခဲ့ရင်းနဲ့ အသင်းအပေါ် သူရဲ့ ထင်မြင်ချက်တွေကို ပြောဆိုလာခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ကလည်း လာမယ့် တနင်္ဂနွေနေ့ ဘရိုက်တန်နဲ့ပွဲကိုသာ ရှုံးနိမ့်မယ်ဆိုရင်တော့ ပရီးမီးယားလိဂ် era အတွင်း ရမှတ် အနည်းဆုံးအဖြစ် စံချိန်တင်သွားမှာပဲ ဖြစ်ပါတယ်။

Photo Credit : Fox Sports

ဒါ့အပြင် အသင်းက ၂၀၁၃-၂၀၁၄ ဘောလုံးရာသီနောက်ပိုင်း ဥရောပပြိုင်ပွဲ ဝင်ခွင့်တွေနဲ့ပါ လွဲချော်သွားရတော့မှာပဲ ဖြစ်ပါတယ်။ ဒီလို အနေအထားမျိုးမှာ အခု လက်ရှိ အသင်းမှာ စတင် run နေတဲ့ ဆာဂျင်ရက်ကလစ်ဖ်နဲ့ INEOS အဖွဲ့တို့အနေနဲ့ အသင်းအတွင်း ကစားသမား အများစုကို ရှင်းလင်းပြီး အပြောင်းအလဲတွေ လုပ်ဆောင်သွားရမယ်လို့ ရွန်းနီက အကြံပြုသွားခဲ့ပါတယ်။

“အသင်းအနေနဲ့ ဘရူနိုကိုတည်ပြီး အသင်းကို တည်ဆောက်သွားရပါမယ်။ သူ့မှာ အရည်အသွေးကောင်းတွေ ရှိသလို အသင်းအတွက် တိုက်ပွဲဝင်စိတ်လည်း ရှိတယ်။ ဒါကြောင့် ဒီကစားသမားကလွဲရင် တခြားကစားသမားတွေကို အသင်းကနေ ဖယ်ရှားသွားသင့်ပါတယ်။”

Photo Credit : The Sun

“ဘရူနိုလိုပဲ လူငယ် ကစားသမားလေးတွေကိုလည်း အသင်းမှာ ဆက်လက် ထိန်းသိမ်းရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကြီးမားတဲ့ ရှင်းလင်းမှုကြီးတွေ လုပ်ကိုလုပ်ရသင့်တယ်။ ဒါပေမယ့် အဲ့ဒါက တစ်နှစ်အတွင်း ဖြစ်မှာ မဟုတ်လို့ နှစ်နှစ်အတွင်းမှာပဲ လုပ်ဆောင်သွားသင့်ပါတယ်။”

“ဒီလိဂ်မှာ ယှဉ်ပြိုင်နိုင်ဖို့အတွက်ဆိုရင် သူတို့မှာ ဒီထက်မက ပိုကောင်းတဲ့ ကစားသမားတွေ လိုအပ်တယ်။ အခုလက်ရှိ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေကို ကစားသမားကောင်းတွေ မဟုတ်ဘူးလို့ ကျွန်တော် ဆိုလိုချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် မန်စီးတီး လီဗာပူးလ် အာဆင်နယ်တို့နဲ့ ယှဉ်ပြိုင်ဖို့က ပိုကောင်းတဲ့ ကစားသမားတွေ လိုအပ်ပါတယ်။” လို့ ရွန်းနီက မှတ်ချက်ပေးသွားခဲ့ပါတယ်။

Exit mobile version