မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်းတစ်ယောက်လည်းဖြစ်သလို လက်ရှိမှာ ဒါဘီကောင်တီအသင်းရဲ့ကစားသမား-နည်းပြအဖြစ် ဆောင်ရွှက်လျက်ရှိနေတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ဝိန်းရူနီဟာ လာမယ့်စက်တင်ဘာလအတွင်းမှာ သူရဲ့အသင်းဟောင်း ယူနိုက်တက်အသင်းရဲ့အိုးထရက်ဖိုဒ့်ကွင်းအတွင်း ကျင်းပသွားမယ့် ရန်ပုံငွေပွဲအတွင်းမှာ အင်္ဂလန်အသင်းရဲ့နည်းပြအဖြစ် ဆောင်ရွှက်သွားတော့မှာဖြစ်တယ်လို့ ရူနီကိုယ်တိုင် သူရဲ့တွစ်တာပေါ်ကနေ ကြေညာသွားခဲ့ပါတယ်။

Photo Credit : Derby Twitter

အသက်(၃၄)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမားကြီးရူနီဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းကနေ ဒါဘီကောင်တီအသင်းဆီကို ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းကမှ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲ(၂၀)ကစားပေးထားခဲ့ကာ သွင်းဂိုး(၅)ဂိုး ရယူနိုင်ခဲ့ပါတယ်။ ကစားသမား-နည်းပြအဖြစ်နဲ့ ပူးတွဲတာဝန်ယူနေရတဲ့ ရူနီဟာ ကစားသမားဘဝကနေ အနားယူတဲ့အခါ နည်းပြအဖြစ် ဆောင်ရွှက်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားခဲ့တာဖြစ်ပြီး အခုတော့ သူရဲ့နည်းပြစွမ်းဆောင်ကို Soccer Aid ရန်ပုံငွေချစ်ကြည်ရေးပွဲမှာ မြင်တွေ့သွားရတော့မှာဖြစ်ပါတယ်။

Photo Credit : Derby Twitter

လာမယ့် စက်တင်ဘာအတွင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာ ကျင်းပပြုလုပ်သွားမယ့် Soccer Aid ရန်ပုံငွေချစ်ကြည်ရေးပွဲမှာ အင်္ဂလန်အသင်းနဲ့ World XI အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ရူနီကတော့ အင်္ဂလန်အသင်းရဲ့နည်းပြအဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။ ရူနီနဲ့အတူ နာမည်ကျော် အင်္ဂလန်လူမျိုးနည်းပြဖြစ်တဲ့ ဆမ်အလာဒိုက်နဲ့ အာဆင်နယ်အသင်းရဲ့ဂန္တဝင်ဂိုးသမားကြီး ဒေးဗစ်ဆီးမန်းတို့ကလည်း နည်းပြအဖွဲ့ဝင်တွေအဖြစ် ပူးပေါင်းဆောင်းရွှက်သွားမယ်လို့ သိရပါတယ်။ ဒီရန်ပုံငွေချစ်ကြည်ရေးပွဲမှာ အင်္ဂလန်အသင်းနဲ့ ရင်ဆိုင်ကစားသွားမယ့် World XI အသင်းဘက်မှာလည်း ယာယာတိုရေး ပက်ထရစ်အီဗရာ ဒါရင်းဖလက်ချာ ရော်ဘီကိန်းတို့လို ကစားသမားဟောင်းကြီးတွေ ပါဝင်လာမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ Soccer Aid 2020 ရန်ပုံငွေချစ်ကြည်ရေးပွဲဟာ ကမ္ဘာအနှံအပြားမှာ ကူးစက်ပျံနှံနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဒုက္ခအတိရောက်နေကြတဲ့ လူနာတွေနဲ့ ကလေးသူငယ်များကို ကူညီထောက်ပံ့သွားဖို့အတွက် ရန်ပုံငွေရှာတဲ့ပွဲစဉ်ဖြစ်လို့ ကမ္ဘာကျော်ဘောလုံးသမားများစွာနဲ့ ဘောလုံးနယ်ပယ်အတွင်းက နာမည်ကြီး ပုဂ္ဂိုလ်များစွာပါ ပါဝင်သွားဖွယ် ရှိနေပါတယ်။