မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ အဂၤလန္အသင္းတို႔ရဲ့ ဂိုးသြင္းအမ်ားဆုံး ကစားသမား ျဖစ္တဲ့ ဝိန္းရြန္းနီကေတာ့ အဂၤလန္ေဘာလုံးၿပိဳင္ပြဲေတြဆီကို ျပန္လည္ ေရာက္ရွိလာခဲ့ၿပီပဲ ျဖစ္ပါတယ္။ အသက္၃၄ႏွစ္အရြယ္ ရွိေနၿပီျဖစ္တဲ့ ဝိန္းရြန္းနီဟာ ေမဂ်ာလိဂ္ကလပ္ ဒီစီယူနိုက္တက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္မွာ စာခ်ဳပ္သက္တမ္းတိုးျခင္း မျပဳေတာ့ပဲ အဂၤလန္ခ်န္ပီယံရွစ္ကလပ္အသင္းျဖစ္တဲ့ ဒါဘီေကာင္တီအသင္းမွာ ကစားသမားနည္းျပဆိုတဲ့ ရာထူးနဲ႔ လာေရာက္ကစားေနတာပါ။

Photo Credit: Standard.com

ယေန႔မနက္မွာ ကစားသြားခဲ့တဲ့ ခ်န္ပီယံရွစ္ ၿပိဳင္ပြဲရဲ့ ပြဲစဥ္တစ္ပြဲျဖစ္တဲ့ ဒါဘီေကာင္တီအသင္းနဲ႔ ဘန္စေလအသင္းတို႔ရဲ့ပြဲစဥ္မွာေတာ့ ရြန္းနီဟာ အသင္းသစ္အတြက္ ပထမဦးဆုံးအႀကိမ္ ကစားခြင့္ရရွိခဲ့ၿပီး ကြင္းလယ္ကစားသမား တစ္ဦးအျဖစ္ ဝင္ေရာက္ကစားသြားခဲ့တာပါ။ အဆိုပါပြဲမွာေတာ့ ဝိန္းရြန္းနီဟာ ထူးရွယ္ေျခစြမ္းေကာင္းတစ္ခုကို ျပသခဲ့ၿပီး ဒါဘီအသင္းဟာလည္း ဘန္စေလအသင္းကို ႏွစ္ဂိုးတစ္ဂိုးဆိုတဲ့ ရလဒ္နဲ႔ အနိုင္ရရွိခဲ့ပါတယ္။

Photo Credit: Standard.com

ရြန္းနီဟာ အဆိုပါပြဲစဥ္မွာ ဒါဘီအသင္းရဲ့ ကြင္းလယ္ကို အေကာင္းဆုံး ဦးေဆာင္သြားခဲ့သလို သူ႔ရဲ့တိက်လွတဲ့ အေဝးေဘာေပးပို႔မွုေတြနဲ႔ ဒါဘီအသင္းရဲ့တိုက္စစ္ပိုင္းကို အေထာက္အကူ ျဖစ္ေစခဲ့ပါတယ္။ ဝိန္းရြန္းနီဟာ ဒါဘီအသင္းရဲ့ အဖြင့္ဂိုးမွာ အဓိက ပါဝင္ခဲ့သူျဖစ္ၿပီး သူ႔ရဲ့ တိက်တဲ့ ျပစ္ဒဏ္ေဘာ ကန္ပို႔မွုကေနတဆင့္ မာရီေရာ့ဟာ အဖြင့္ဂိုး သြင္းယူေပးနိုင္ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်တဲ့ ဝိန်းရွန်းနီကတော့ အင်္ဂလန်ဘောလုံးပြိုင်ပွဲတွေဆီကို ပြန်လည် ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ အသက်၃၄နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဝိန်းရွန်းနီဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ စာချုပ်သက်တမ်းတိုးခြင်း မပြုတော့ပဲ အင်္ဂလန်ချန်ပီယံရှစ်ကလပ်အသင်းဖြစ်တဲ့ ဒါဘီကောင်တီအသင်းမှာ ကစားသမားနည်းပြဆိုတဲ့ ရာထူးနဲ့ လာရောက်ကစားနေတာပါ။

Photo Credit: Standard.com

ယနေ့မနက်မှာ ကစားသွားခဲ့တဲ့ ချန်ပီယံရှစ် ပြိုင်ပွဲရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဒါဘီကောင်တီအသင်းနဲ့ ဘန်စလေအသင်းတို့ရဲ့ပွဲစဉ်မှာတော့ ရွန်းနီဟာ အသင်းသစ်အတွက် ပထမဦးဆုံးအကြိမ် ကစားခွင့်ရရှိခဲ့ပြီး ကွင်းလယ်ကစားသမား တစ်ဦးအဖြစ် ဝင်ရောက်ကစားသွားခဲ့တာပါ။ အဆိုပါပွဲမှာတော့ ဝိန်းရွန်းနီဟာ ထူးရှယ်ခြေစွမ်းကောင်းတစ်ခုကို ပြသခဲ့ပြီး ဒါဘီအသင်းဟာလည်း ဘန်စလေအသင်းကို နှစ်ဂိုးတစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Standard.com

ရွန်းနီဟာ အဆိုပါပွဲစဉ်မှာ ဒါဘီအသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး ဦးဆောင်သွားခဲ့သလို သူ့ရဲ့တိကျလှတဲ့ အဝေးဘောပေးပို့မှုတွေနဲ့ ဒါဘီအသင်းရဲ့တိုက်စစ်ပိုင်းကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ဝိန်းရွန်းနီဟာ ဒါဘီအသင်းရဲ့ အဖွင့်ဂိုးမှာ အဓိက ပါဝင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ တိကျတဲ့ ပြစ်ဒဏ်ဘော ကန်ပို့မှုကနေတဆင့် မာရီရော့ဟာ အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။