မန်ချက်စတာယူနိုက်တက်အသင်း ၊ အင်္ဂလန် အသင်းတို့ရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ထားကာ လက်ရှိ အချိန်မှာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းမှာ ကစားသမား + နည်းပြဆိုတဲ့ ရာထူးနဲ့ ကစားနေတဲ့ ဝိန်းရွန်းနီဟာ ယနေ့မနက်မှာ ကစားခဲ့တဲ့ ဒါဘီအသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ရဲ့ ချန်ပီယံရှစ်ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတစ်ဂိုးကို ပီနန်ကာ ပင်နယ်တီကန်ချက် နဲ့ သွင်းယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit: Metro.com

 

ပီနန်ကာပင်နယ်တီကန်ချက်ဆိုတာဟာ တစ်ဖက် ဂိုးသမားကို အယောင်ပြကာ ဘောလုံးကို အသာအယာမတင်ကာ ကန်သွင်းရတ​ဲ့ ကန်သွင်းချက်တစ်ခုဖြစ်ပြီး ဒီနေ့ခေတ်မှာတော့ နာမည်ကြီးကစားသမား အတော်များများဟာရပီနန်ကာ ပင်နယ်တီကန်ချက်နဲ့ ဂိုးသွင်းယူလေ့ရှိကြပါတယ်။ ရွန်းနီဟာ လှပတဲ့ ကန်ချက်နဲ့ အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို ရယူပေးခဲ့ပေမယ့် ဒါဘီအသင်းဟာ ဖူလ်ဟမ်ကို အနိုင်မရရှိခဲ့ပဲ တစ်ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပြီး ဖူလ်ဟမ်အသင်းအတွက်တော့ ပရီးမီးယားလိဂ် ကို တန်းပြန်တက်နိုင်ဖို့ ပိုမိုအခြေအနေကောင်းလာခဲ့ပါတယ်။

Photo Credit: Metro.com

တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဒါဘီအသင်းက ဦးဆောင်ဂိုးကို ရရှိခဲ့တာဖြစ်ပြီး ဒါဘီအတွက် ဦးဆောင်ဂိုးကိုတော့ ပွဲကစားချိန် ၅၅မိနစ်မှာ ပင်နယ်တီကနေတဆင့် ရွန်းနီက သွင်းယူပေးခဲ့တာဖြစ်ပြီး ဖူလ်ဟမ်အတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် ၇၁မိနစ်မှာ မီထရိုဗစ် က သွင်းယူပေးခဲ့တာပါ။ လက်ရှိမှာတော့ ရွန်းနီဟာ ဒါဘီအသင်းအတွက် ချန်ပီယံရှစ်ပွဲစဉ် ၉ပွဲ ကစားပေးထားရာမှာ ၃ဂိုးသွင်းယူပေးထားပြီး ၂ဂိုး ဖန်တီးပေးထားနိုင်တယ်လို့ သိရှိရပါတယ်။