MySport Myanmar

မက်ဆီကို အမြဲတမ်း အကောင်းဆုံး ကစားသမားတစ်ဦးလို့ ရွန်နီ ထပ်မံ သတ်မှတ်

လီယွန်နယ်မက်ဆီကတော့ လက်ရှိအချိန်မှာ ကစားသမားဘဝရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ဆင်နွဲနေရင်းနဲ့ သူရဲ့ အာဂျင်တီးနားအသင်းကို ဗိုလ်လုပွဲအဆင့်ထိ ပို့ဆောင်နိုင်ခဲ့ပါပြီ။ ခရိုအေးရှားနဲ့ ဆီမီးဖိုင်နယ်ပွဲမှာ အာဂျင်တီးနားအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသရင်း အရေးပါတဲ့ အဖွင့်ဂိုးကိုပါ သွင်းယူပေးခဲ့ပြီး အဲလ်ဗာရက်ဇ်ရဲ့ သွင်းဂိုးအတွက်ပါ အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဘောလုံးပရိသတ်အားလုံးက GOAT ကြီး မက်ဆီရဲ့ ခရိုအေးရှားနဲ့ပွဲက စွမ်းဆောင်မှုတွေကို ဝိုင်းဝန်း ချီးမွမ်းနေကြပြီး ဘောလုံးသမားဟောင်းကြီး ဝိန်းရွန်နီကပါ မက်ဆီကို ထောပနာပြုစကားတွေ ဆိုလာခဲ့ပါတယ်။

Photo Credit : Euro Sport

လက်ရှိ ဘောလုံးလောကရဲ့ GOAT နှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒိုဟာ သူတို့ရဲ့ final world cup ကို ဆင်နွွှဲနေကြပေမယ့်လည်း ရော်နယ်လ်ဒိုကတော့ ကွာတားဖိုင်နယ်ကနေ လှည့်ပြန်သွားခဲ့ရကာ မက်ဆီကတော့ ကမ္ဘာ့ဖလား အောင်မြင်မှုနဲ့ လက်တစ်ကမ်းအလိုကို ရောက်ရှိနေခဲ့ရပါတယ်။ ခံစစ်ပိုင်း မာကြောလှပါတယ်ဆိုတဲ့ ခရိုအေးရှားလို အသင်းမျိုးကို (၃)ဂိုးပြတ်နဲ့ အနိုင်ယူရင်း ကမ္ဘာ့ဖလား ဖိုင်နယ်အဆင့်ဆီ (၆)ကြိမ်မြောက်အဖြစ် တတ်လှမ်းနိုင်ခဲ့တဲ့ အာဂျင်တီးနားလို အသင်းမျိုးမှာ မက်ဆီလို magician ကစားသမားတစ်ဦး ပါဝင်နေတာက တခြားအသင်းထက် ခေါင်းတစ်လုံးမက ပိုသာနေသလို ဖြစ်နေရပြီး မက်ဆီအနေနဲ့ သူ့ကစားသမားဘဝ အဆုံးမသတ်ခင်မှာ ကမ္ဘာ့ဖလားကြီးကို သိမ်းပိုက်ရယူသွားဖို့ အတော်လေး နီးစပ်လာခဲ့ရပြီ ဖြစ်ပါတယ်။

Photo Credit : TyC Sports

မက်ဆီက အခု ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ သွင်းဂိုး(၅)ဂိုး သွင်းယူထားနိုင်ခဲ့ရာ ပင်နယ်တီသွင်းဂိုး (၃)ဂိုးအထိ ပါဝင်နေတယ် ဆိုပေမယ့် ပြိုင်ပွဲတစ်လျှောက်လုံး အာဂျင်တီးနားအတွက် မက်ဆီ ဘယ်လောက်အထိ စွမ်းဆောင်ပေး ကယ်တင်ပေးနိုင်ခဲ့သလဲဆိုတာကို အားလုံးအသိ ဖြစ်နေမှာ သေချာသလို ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ပိုင်ဆိုင်ရဖို့ပါ အခြေအနေကောင်းလာခဲ့ရပါတယ်။ အခုလို မှော်ဝင် ခြေစွမ်းမျိုးတွေ ပြသထားနိုင်တဲ့ မက်ဆီကို ဘောလုံးပရိသတ်တွေ အပါအဝင် ဘောလုံးနယ်ပယ်မှာ ကျင်လည်နေကြသူတွေကပါ ဝိုင်းဝန်း ချီးမွှမ်းစကားတွေ ပြောဆိုလာခဲ့ကြပါတယ်။ ဒီနေရာမှာ အရင်ကတည်းက မက်ဆီကို ကမ္ဘာ့အကောင်းဆုံး ကစားသမား ထာဝရ အကောင်းဆုံးသော ကစားသမားအဖြစ် သတ်မှတ်ထားတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန် ကစားသမားဟောင်းကြီး ရွန်နီကလည်း ၂၀၁၂ခုနှစ် မတ်လလောက်ကတည်းက မက်ဆီကို ချီးကျူးရေးသားထားတဲ့ သူရဲ့ twitter tweet တစ်ခုကို ပြန်လည်း share လုပ်ရင်းနဲ့ ဘာမှပြောင်းလဲသွားခြင်း မရှိဘူးဆိုတဲ့ စာသားအတိုလေး မက်ဆီကို ထပ်မံ ချီးမွှမ်းသွားခဲ့ပါတယ်။

Exit mobile version