အဂၤလန္အသင္းနဲ႔ ယူနိုက္တက္အသင္းတို႔ရဲ့ ထာဝရဂိုးသြင္းအမ်ားဆုံး ကစားသမားျဖစ္တဲ့ ဝိန္းရြန္းနီဟာ လက္ရွိမွာေတာ့ ခ်န္ပီယံရွစ္ ကလပ္အသင္းျဖစ္တဲ့ ဒါဘီအသင္းမွာ ကစားသမား + မန္ေနဂ်ာဆိုတဲ့ ဂုဏ္ပုဒ္နဲ႔အတူ ကစားေနသူျဖစ္ၿပီး အသင္းေခါင္းေဆာင္ အျဖစ္ ရာသီကုန္အထိ တာဝန္ယူထားသူလည္း ျဖစ္ပါတယ္။

Photo Credit: Standard.com

အသက္ ၃၄ႏွစ္အရြယ္ ရွိေနၿပီျဖစ္တဲ့ ရြန္းနီဟာ ယခု ဇန္နဝါရီမွာမွ ဒါဘီအသင္းအတြက္ စတင္ကစားေပးခဲ့သူျဖစ္ၿပီး ယေန႔မနက္မွာ ကစားခဲ့တဲ့ မီလ္ေဝါအသင္းနဲ႔ ခ်န္ပီယံရွစ္ပြဲမွာေတာ့ ဒါဘီအသင္းအတြက္ သူ႔ရဲ့ ပထမဦးဆုံး သြင္းဂိုးကို သြင္းယူေပးနိုင္ခဲ့တယ္လို႔ သိရွိရပါတယ္။

Photo Credit: Standard.com

ဒါဘီအသင္းက လူတန္အသင္းကို အေဝးကြင္းမွာ သုံးဂိုး ႏွစ္ဂိုးဆိုတဲ့ ရလဒ္နဲ႔ အေရးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ ဝိန္းရြန္းနီဟာ ဒါဘီအသင္းအတြက္ ပြဲကို ဦးေဆာင္နိုင္မယ့္သြင္းဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္ ၆၃မိနစ္မွာ သြင္းဂိုး သြင္းယူနိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒါဘီအသင္းအတြက္ ဦးေဆာင္ဂိုးဟာ ၾကာရွည္မခံခဲ့ပဲ ပြဲကစားခ်ိန္ ၆၇နဲ႔ ၇၄မိနစ္တို႔မွာ လူတန္ကို ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးေတြ ျပန္လည္ခြင့္ျပဳေပးခဲ့ရပါတယ္။

Photo Credit: Standard.com

ပြဲကစားခ်ိန္ ၈၅မိနစ္မွာေတာ့ မာတင္က ဒါဘီအသင္းအတြက္ ေခ်ပဂိုးကို ျပန္လည္ သြင္းယူေပးနိုင္ခဲ့ေပမယ့္ ပြဲကစားခ်ိန္ ၈၇မိနစ္မွာ ဒါဘီကစားသမား ဘိုဂယ္ရဲ့ ကိုယ့္ဂိုးကိုယ္ သြင္းယူမွုေၾကာင့္ ဒါဘီအသင္းဟာ ရွုံးပြဲနဲ႔ ၾကဳံေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ ဝိန္းရြန္းနီဟာ လက္ရွိမွာ ဒါဘီအသင္းအတြက္ ခ်န္ပီယံရွစ္ပြဲစဥ္ ၄ပြဲ ကစားေပးထားရာမွာ တစ္ဂိုးသြင္း တစ္ဂိုးဖန္တီးေပးထားနိုင္ပါတယ္။

အင်္ဂလန်အသင်းနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ဝိန်းရွန်းနီဟာ လက်ရှိမှာတော့ ချန်ပီယံရှစ် ကလပ်အသင်းဖြစ်တဲ့ ဒါဘီအသင်းမှာ ကစားသမား + မန်နေဂျာဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ ကစားနေသူဖြစ်ပြီး အသင်းခေါင်းဆောင် အဖြစ် ရာသီကုန်အထိ တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Standard.com

အသက် ၃၄နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရွန်းနီဟာ ယခု ဇန်နဝါရီမှာမှ ဒါဘီအသင်းအတွက် စတင်ကစားပေးခဲ့သူဖြစ်ပြီး ယနေ့မနက်မှာ ကစားခဲ့တဲ့ မီလ်ဝေါအသင်းနဲ့ ချန်ပီယံရှစ်ပွဲမှာတော့ ဒါဘီအသင်းအတွက် သူ့ရဲ့ ပထမဦးဆုံး သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit: Standard.com

ဒါဘီအသင်းက လူတန်အသင်းကို အဝေးကွင်းမှာ သုံးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဝိန်းရွန်းနီဟာ ဒါဘီအသင်းအတွက် ပွဲကို ဦးဆောင်နိုင်မယ့်သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၆၃မိနစ်မှာ သွင်းဂိုး သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဘီအသင်းအတွက် ဦးဆောင်ဂိုးဟာ ကြာရှည်မခံခဲ့ပဲ ပွဲကစားချိန် ၆၇နဲ့ ၇၄မိနစ်တို့မှာ လူတန်ကို ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်လည်ခွင့်ပြုပေးခဲ့ရပါတယ်။

Photo Credit: Standard.com

ပွဲကစားချိန် ၈၅မိနစ်မှာတော့ မာတင်က ဒါဘီအသင်းအတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးနိုင်ခဲ့ပေမယ့် ပွဲကစားချိန် ၈၇မိနစ်မှာ ဒါဘီကစားသမား ဘိုဂယ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ဒါဘီအသင်းဟာ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဝိန်းရွန်းနီဟာ လက်ရှိမှာ ဒါဘီအသင်းအတွက် ချန်ပီယံရှစ်ပွဲစဉ် ၄ပွဲ ကစားပေးထားရာမှာ တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးထားနိုင်ပါတယ်။