လိဂ်ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းကို ကိုင်တွယ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် ကစားသမားဟောင်း နည်းပြ ဝိန်း ရွန်းနီက နည်းပြတစ်ဦး ဖြစ်လာချိန်မှာ ကစားသမားဘဝတုန်းကထက် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဖြစ်လာတယ်လို့ ဝန်ခံ ပြောကြားလိုက်ပါတယ်။

ဒါဘီကောင်တီမှာ ကစားနေစဉ် ကစားသမားဘဝကို အနားယူပြီး ဒါဘီနည်းပြအဖြစ် ချက်ချင်း ဝင်ရောက် လုပ်ကိုင်ခဲ့တဲ့ ရွန်းနီဟာ ဒါဘီကောင်တီ ဒီစီယူနိုက်တက် ဘာမင်ဂမ်နဲ့ အခု ပလိုင်းမောက်တို့ကို ကိုင်တွယ်လျက် ရှိနေပြီး သူရဲ့ နည်းပြမှတ်တမ်းကတော့ သိပ်အကောင်းကြီးမှာ ရှိမနေပဲ ရုန်းကန်နေရပါတယ်။

Photo Credit : SPORTbible

 

အခုအချိန်ထိ အသင်းငယ်တွေကိုသာ ကိုင်တွယ်နေရတဲ့ ရွန်းနီဟာ ပြီးခဲ့တဲ့ ပလိုင်းမောက်နဲ့ ဘလက်လန်းတို့ရဲ့ ချန်ပီယံရှစ် အမှတ်ပေးပွဲစဉ်ထဲ ဒိုင်ဖြစ်သူကို စောဒကတက်ရင်း အနီကတ် ပြသခံခဲ့ရပြီးနောက် ကွင်းအတွင်းကနေ ရုန်းရင်းဆန်ခတ်နဲ့ ထွက်ခွာသွားခြင်း မရှိဘဲ တည်တည်ငြိမ်ငြိမ်နဲ့သာ ကွင်းထဲကနေ ထွက်သွားခဲ့ပါတယ်။

ဒါဟာ ရွန်းနီအတွက်တော့ နည်းပြဘဝအတွင်း ပထမဆုံးအကြိမ် ပြသခံခဲ့ရတဲ့ အနီကတ် ဖြစ်ပေမယ့်လည်း ကစားသမားဘဝအတွင်းမှာတော့ သူရဲ့ ဆက်ဆက် အထိမခံတဲ့ စိတ်နေစိတ်ထားကြောင့် အနီကတ်တွေ မကြာခဏ ပြသခံခဲ့ရပြီး လူကြမ်းကစားသမားကြီးကို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြတစ်ဦး ဖြစ်လာချိန်မှာ သူ့အပြုအမှုတွေ ပြောင်းလဲလာရတာခြင်းအပေါ် ရွန်းနီက “နည်းပြတစ်ဦးအနေနဲ့ကတော့ တက်နိုင်သမျှ အကောင်းဆုံးတွေပဲ ဖြစ်စေချင်တာ သေချာပါတယ်။”

Photo Credit : Eurosport

“ပထမဦးစွာ ခင်ဗျားအနေနဲ့ ကစားသမားတွေကို ကွင်းထဲကနေ ထွက်သွားပြီး ကျွန်တော်နဲ့ ကျွန်တော်ရဲ့ ကာရိုက်တာတွေ ယုံကြည်မှုတွေကို ကိုယ်စားပြုစေချင်ပါမယ်။ ကျွန်တော် ကိုင်တွယ်ဖူးတဲ့ အသင်းတွေမှာ ကျွန်တော် ကြိုးစားခဲ့တာက ဘောလုံးပိုင်ဆိုင်မှုကို အခြေခံတဲ့ အသင်းမျိုး ဖြစ်ပေမယ့် ရည်ရွယ်ချက်တစ်ခုလည်း ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါက အရေးကြီးတယ်လို့ ထင်ပါတယ်။”

“ဘောလုံးကို ပေးပို့ရုံပဲ မဟုတ်ဘဲ final third ထဲ ရောက်ချိန်မှာ ကစားပုံကို ထိရောက်စေမယ့် နည်းလမ်းတွေ အဖြေရှာမှုတွေကို ရှာဖွေနိုင်ဖို့ အမြဲ ကြိုးစားနေရပါမယ်။ ဒါက ကွင်းထဲမှာ အရေးအကြီးဆုံး အစိတ်အပိုင်းလို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော် တည်တည်ငြိမ်ငြိမ်ပါပဲ။ ကျွန်တော်က နည်းပြတစ်ယောက်အနေနဲ့ရော လူတစ်ယောက်အနေနဲ့ပါ တည်ငြိမ်နေပါပြီ။ ကစားသမားဘဝနဲ့တော့ အနည်းငယ် ကွာခြားသွားပါတယ်။ ဒါက လုံးဝ ခိုင်မာသွားပါတယ်။” လို့ ပြောဆိုလိုက်ပါတယ်။