ဂ်ဳဗင္တပ္ နည္းျပ ဆာရီကေတာ့ ေရာ္နယ္ဒုိဟာ ဒူးဒဏ္ရာက သက္သာလာခဲ့ၿပီ ျဖစ္တာေၾကာင့္ အခုအခ်ိန္မွာ အေကာင္းဆုံး ေျခစြမ္းနဲ႔ ကစားႏုိင္ၿပီ ျဖစ္တယ္လုိ႔ အခုိင္အမာ ေျပာသြားခဲ့ပါတယ္။ ဂ်ဳဗင္တပ္ တုိက္စစ္မွဴး ေရာ္နယ္ဒုိဟာ မေန႔ညက ကာဂလီယာရီ အသင္းကုိ (၄-၀) နဲ႔ အႏုိင္ရတဲ့ ပဲြစဥ္ (၃) ဂုိး၊ ဟက္ထရစ္ သြင္းႏုိင္ခဲ့သလုိ၊ ဂုိးဖန္တီးမႈ (၁) ႀကိမ္ပါ ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။

Photo Credit: Goal

အသက္ (၃၄) ႏွစ္အရြယ္ ေရာ္နယ္ဒုိဟာ လြန္ခဲ့တဲ့ ႏုိဝင္ဘာလ အစမွာ (၃) ပဲြ ဂုိးမသြင္းႏုိင္ခဲ့ေပမဲ့ ေနာက္ဆုံး ကစားခဲ့တဲ့ စီးရီးေအ ပဲြစဥ္ (၅) ပဲြမွာေတာ့ သြင္းဂုိး (၈) ဂုိးအထိ သြင္းယူႏုိင္ခဲ့ပါတယ္။ တုိက္စစ္မွဴး ေရာ္နယ္ဒုိဟာ လြန္ခဲ့တဲ့ လေတြမွာ ဒူးဒဏ္ရာ ရေနခဲ့ၿပီး နည္းျပ ဆာရီက ဒူးဒဏ္ရာ ျပန္လည္ သက္သာလာၿပီ ျဖစ္လုိ႔ ေရာ္နယ္ဒုိ ေျခစြမ္းျပန္ျပႏုိင္ေတာ့မယ္လုိ႔ ေျပာသြားခဲ့ပါတယ္။

Photo Credit: Goal

နည္းျပ ဆာရီက “ေရာ္နယ္ဒုိက သူ႔ရဲ႕ ဒဏ္ရာနဲ႔ ပက္သက္ၿပီး ဘာျပႆနာမွကုိ မရွိေတာ့တာပါ။ အခု သူဟာ သူ႔ရဲ႕ ႀကံခုိင္မႈေၾကာင့္ ေပ်ာ္ရႊင္ေနပါတယ္။ ေနာက္ဆုံးေတာ့ ကြ်န္ေတာ္ သူ အလြန္ ေပ်ာ္ရႊင္တာကုိ ျမင္ႏုိင္ပါၿပီ။ ဘာလုိ႔လဲဆုိရင္ သူ႔ရဲ႕ ဒူးက အခု သက္သာေနၿပီ ျဖစ္လုိ႔ပါ။ သူဟာ အခုအခိ်န္မွာ သူ႔ရဲ႕ အေကာင္းဆုံး ေျခစြမ္းနဲ႔ ေျခစြမ္းျပ ကစားႏုိင္ေတာ့မွာပါ”လုိ႔ ေျပာခဲ့ပါတယ္။

{Unicode}

ဂျုဗင်တပ် နည်းပြ ဆာရီကတော့ ရော်နယ်ဒိုဟာ ဒူးဒဏ်ရာက သက်သာလာခဲ့ပြီ ဖြစ်တာကြောင့် အခုအချိန်မှာ အကောင်းဆုံး ခြေစွမ်းနဲ့ ကစားနိုင်ပြီ ဖြစ်တယ်လို့ အခိုင်အမာ ပြောသွားခဲ့ပါတယ်။ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက ကာဂလီယာရီ အသင်းကို (၄-ဝ) နဲ့ အနိုင်ရတဲ့ ပွဲစဉ် (၃) ဂိုး၊ ဟက်ထရစ် သွင်းနိုင်ခဲ့သလို၊ ဂိုးဖန်တီးမှု (၁) ကြိမ်ပါ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အသက် (၃၄) နှစ်အရွယ် ရော်နယ်ဒိုဟာ လွန်ခဲ့တဲ့ နိုဝင်ဘာလ အစမှာ (၃) ပွဲ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် (၅) ပွဲမှာတော့ သွင်းဂိုး (၈) ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ရော်နယ်ဒိုဟာ လွန်ခဲ့တဲ့ လတွေမှာ ဒူးဒဏ်ရာ ရနေခဲ့ပြီး နည်းပြ ဆာရီက ဒူးဒဏ်ရာ ပြန်လည် သက်သာလာပြီ ဖြစ်လို့ ရော်နယ်ဒို ခြေစွမ်းပြန်ပြနိုင်တော့မယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ဆာရီက “ရော်နယ်ဒိုက သူ့ရဲ့ ဒဏ်ရာနဲ့ ပက်သက်ပြီး ဘာပြဿနာမှကို မရှိတော့တာပါ။ အခု သူဟာ သူ့ရဲ့ ကြံခိုင်မှုကြောင့် ပျော်ရွှင်နေပါတယ်။ နောက်ဆုံးတော့ ကျွန်တော် သူ အလွန် ပျော်ရွှင်တာကို မြင်နိုင်ပါပြီ။ ဘာလို့လဲဆိုရင် သူ့ရဲ့ ဒူးက အခု သက်သာနေပြီ ဖြစ်လို့ပါ။ သူဟာ အခုအချိန်မှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းနဲ့ ခြေစွမ်းပြ ကစားနိုင်တော့မှာပါ”လို့ ပြောခဲ့ပါတယ်။