ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကတော့ သူ့ရဲ့ ဟိုတယ် ဖြစ်တဲ့ “PestanaCR7” ဟိုတယ်ကို ကိုရိုနာ ရောဂါ ကူးစက်ခံရတဲ့ လူနာတွေ ကုသပေးမယ့် ဆေးရုံ အဖြစ် အခမဲ့ ပြောင်းလဲ အသုံးပြုခွင့် ပေးသွားမှာ ဖြစ်တယ်လို့ စပိန်အခြေစိုက် Marca သတင်းက အခိုင်အမာ ဖော်ပြသွားပါတယ်။ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပေါ်တူဂီနိုင်ငံက သူ့ရဲ့ “PestanaCR7” ဟိုတယ်တွေကို လာမယ့် ရှေ့အပတ်က စပြီး ဆေးရုံ အဖြစ် ပြောင်းလဲ အသုံးပြုခွင့် ပေးသွားမှာ ဖြစ်ပြီး သူ့ရဲ့ ဟိုတယ်မှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံရတဲ့ သူတွေကို ကုသပေးသွားမှာ ဖြစ်ပါတယ်။

Photo Credit: Gettyimage

Marca သတင်းက ဖော်ပြသွားခဲ့တာကတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ ဟိုတယ်ကို ဆေးရုံ အဖြစ် ပြောင်းလဲပေးရုံသာမက သူ့ရဲ့ ဟိုတယ်ဆေးရုံမှာ တာဝန်ထမ်းဆောင်မယ့် အလုပ်သမားတွေ၊ ဆရာဝန်တွေ နဲ့ သူနာပြုတွေရဲ့ လုပ်အားခကိုလည်း ပေးသွားမှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့ ဟိုတယ် ဆေးရုံမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံရတဲ့ လူနာတွေကို ကုသလို့ ကုန်ကျတဲ့ ကုန်ကျစရိတ် အားလုံးကိုလည်း ပေးသွားမှာ ဖြစ်ပြီး လာမယ့် အပတ်က စပြီး သူ့ရဲ့ ဟိုတယ်တွေကို ဆေးရုံ အဖြစ် ပြောင်းလဲ အသုံးပြုခွင့် ပေးသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit: Gettyimage

စပိန်သတင်းစာတွေက ဖော်ပြထားတာကတော့ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ နေရပ်မြို့ ဖန်ချဲလ် (Funchal) မြို့က သူ့ရဲ့ ဟိုတယ် နဲ့ ပေါ်တူဂီမြို့တော် လစ်စဘွန်မြို့က သူ့ရဲ့ ဟိုတယ်ကို ဆေးရုံ အဖြစ် အသုံးပြုခွင့် ပေးသွားမှာ ဖြစ်ပါတယ်လို့ ဖော်ပြသွားပါတယ်။ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကလပ်အသင်းဖော် ရူဂါနီ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရတာကြောင့် အီတလီနိုင်ငံကနေ ပေါ်တူဂီနိုင်ငံက နေရပ်မြို့ကို ပြန်သွားခဲ့ပြီး ကမ္ဘာ့ ကပ်ရောဂါကြီးလို့ သတ်မှတ်ခံရတဲ့ ကိုရိုနာ ဗိုင်းရပ်ကို တိုက်ခိုက်ဖို့ သူ့ရဲ့ ဟိုတယ်ကို အသုံးပြုခွင့်ပေးသွားမှာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့ ဟိုတယ်ကို ဆေးရုံ အဖြစ် အသုံးပြုခွင့် ပေးရုံသာမက ကုန်ကျစရိတ် အားလုံးကိုလည်း ပေးချေသွားမှာ ဖြစ်တယ်လို့ စပိန်အခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။