၂ဝ၁၉ေရႊေဘာလုံးဆုေပးပြဲကို မတက္ေရာက္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ့ေဝဖန္မွုကို ခံေနရတဲ့ ဂ်ဴဗင္တပ္တိုက္စစ္မွူး ရိုနယ္ဒိုဟာ ၂ဝ၁၉ခုႏွစ္အတြက္ အီတလီစီးရီးေအက က်င္းပျပဳလုပ္တဲ့ ဆုေပးပြဲတစ္ခုကို တက္ေရာက္ခဲ့တာေၾကာင့္ ေရႊေဘာလုံးဆုေပးပြဲကို မတက္ေရာက္ျဖစ္ခဲ့တာလို႔ သိရွိရပါတယ္။

Photo Credit: Daily Mail.com

ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ ဂ်ဴဗင္တပ္အသင္းအတြက္ စီးရီးေအဂိုးသြင္းအမ်ားဆုံး ကစားသမားျဖစ္ခဲ့တဲ့ စီရိုနယ္ဒိုဟာ အဆိုပါဆုေပးပြဲမွာ ၂ဝ၁၉ခုႏွစ္ရဲ့ အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့တာျဖစ္တယ္လို႔ သိရွိရၿပီး အဆိုပါ ဆုေပးပြဲဟာ မီလန္ၿမိဳ႕မွာက်င္းပခဲ့တာ ျဖစ္တယ္လို႔ သိရွိရပါတယ္။

Photo Credit: Daily Mail.com

ဒါေပမယ့္ ေဘာလုံးပရိသတ္ေတြကေတာ့ ရိုနယ္ဒိုဟာ မက္ဆီဆုရရွိတာကို မနာလိုတာေၾကာင့္ ဆုေပးပြဲကိုမတက္ေရာက္ျဖစ္တာလို႔ စြပ္စြဲေျပာဆိုေနၾကၿပီး အခ်ိဳ႕ပရိသတ္ေတြကလည္း ဆုေပးပြဲတက္ေရာက္ေနတာလို႔ ရိုနယ္ဒိုဘက္ကေန ကာကြယ္ေပးခဲ့ၾကပါတယ္။ ရိုနယ္ဒိုဟာ ေရႊေဘာလုံးဆုေပးပြဲမွာ မက္ဆီ ၊ ဗန္ဒိုက္တို႔ရဲ့ေနာက္ တတိယေျမာက္အေကာင္းဆုံး ကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။

၂ဝ၁၉ရွှေဘောလုံးဆုပေးပွဲကို မတက်ရောက်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ေဝဖန်မှုကို ခံနေရတဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ရိုနယ်ဒိုဟာ ၂ဝ၁၉ခုနှစ်အတွက် အီတလီစီးရီးအေက ကျင်းပပြုလုပ်တဲ့ ဆုပေးပွဲတစ်ခုကို တက်ရောက်ခဲ့တာကြောင့် ရွှေဘောလုံးဆုပေးပွဲကို မတက်ရောက်ဖြစ်ခဲ့တာလို့ သိရှိရပါတယ်။

Photo Credit: Daily Mail.com

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်းအတွက် စီးရီးအေဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့တဲ့ စီရိုနယ်ဒိုဟာ အဆိုပါဆုပေးပွဲမှာ ၂ဝ၁၉ခုနှစ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်တယ်လို့ သိရှိရပြီး အဆိုပါ ဆုပေးပွဲဟာ မီလန်မြို့မှာကျင်းပခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit: Daily Mail.com

ဒါပေမယ့် ဘောလုံးပရိသတ်တွေကတော့ ရိုနယ်ဒိုဟာ မက်ဆီဆုရရှိတာကို မနာလိုတာကြောင့် ဆုပေးပွဲကိုမတက်ရောက်ဖြစ်တာလို့ စွပ်စွဲပြောဆိုနေကြပြီး အချို့ပရိသတ်တွေကလည်း ဆုပေးပွဲတက်ရောက်နေတာလို့ ရိုနယ်ဒိုဘက်ကနေ ကာကွယ်ပေးခဲ့ကြပါတယ်။ ရိုနယ်ဒိုဟာ ရွှေဘောလုံးဆုပေးပွဲမှာ မက်ဆီ ၊ ဗန်ဒိုက်တို့ရဲ့နောက် တတိယမြောက်အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်