ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် မိသားစု စုံလင်စွာနဲ့ သူ့ရဲ့ နေရပ်မြို့ ပေါ်တူဂီနိုင်ငံ၊ မက်ဒီးရာမြို့က နေအိမ်မှာ အနားယူနေပြီး မနက်ခင်း တစ်ခုမှာ ဝတ်ဆင်ထားတဲ့ ညအိပ်ဝတ်စုံကြောင့် လှုမှုကွန်ရက်တွေမှာ ဟိုလေးတစ်ကျော် ဖြစ်ခဲ့ရပါတယ်။ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ညအိပ်ယာ ဝင်လို့ နောက်တစ်နေ့ နံနက် ရောက်ရှိလာတဲ့ အချိန်မှာ သူ့ရဲ့ ကလေးတွေနဲ့ အတူ အစာပြေမုန့်စားနေကြပြီး သူ့ရဲ့ ချစ်သူ ဂျော်ဂျီနာက အစာပြေမုန့်စားနေကြတဲ့ မြင်ကွင်းကို ဗီဒီယိုနဲ့ ရိုက်ပြီး ပရိသတ် သိန်းထောင်ချီရှိတဲ့ သူ့ရဲ့ လှုမှုကွန်ရက်မှာ တင်သွားခဲ့ပါတယ်။

Photo Credit: TheSun

ဗီဒီယိုထဲမှာတော့ ရော်နယ်ဒိုဟာ အစာပြေမုန့်တွေ ပါတဲ့ ပန်ကန်ပြား တစ်ခုကို ကိုင်နေပြီး သူ့ရဲ့ ကလေးတွေက ပန်ကန်ပြားထဲက အစာပြေမုန့်တွေကို အပြိုင် သွားယူ စားသောက်နေကြတာကို မြင်ရတာကြောင့် အလွန် ကြည်နှုးစရာ၊ ပျော်ရွှင်စရာ မိသားစု မြင်ကွင်းကို မြင်တွေ့နိုင်ပါတယ်။ ရော်နယ်ဒိုဟာ ဗီဒီယိုထဲမှာ ဝတ်ဆင်ထားတဲ့ ညအိပ်ဝတ်စုံကြောင့် ပေါ်တူဂီနိုင်ငံက ပြည်တွင်း သတင်းစာမှာ ရေပန်းစားခဲ့ပြီး မနက်ခင်းမှာ ဝတ်ဆင်ထားတဲ့ ညအိပ်ဝတ်စုံရဲ့ စုစုပေါင်း တန်ဖိုးက ခန့်မှန်းခြေ ပေါင် (၂,၀၀၀) နီးပါး၊ ကျပ် (၃၅) သိန်းနီးပါး ရှိတယ်လို့ ပေါ်တူဂီနိုင်ငံက သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Photo Credit: TheSun

ရော်နယ်ဒိုကတော့ အတွင်း အင်္ကျီ အဖြစ် ပေါင် (၄၃၅) တန် အဖြူရောင် တီရှပ် အင်္ကျီကို ဝတ်ဆင်ထားပြီး အပေါ်ကနေ ဝတ်ဆင်ထားတဲ့ အနီရောင် နဲ့ အဖြူရောင် ရော်စပ်ထားတဲ့ အင်္ကျီက ပေါင် (၉၁၀) ဝန်းကျင် နဲ့ ဘောင်တီတိုက ပေါင် (၉၇၀) ဝန်းကျင်ခန့်မှာ ရှိနေပါတယ်။ အသက် (၃၅) နှစ်အရွယ် ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုကတော့ အဝတ်အစားတင် မကဘဲ သူ့ရဲ့ ဖိနပ်ကိုလည်း ဈေးကြီးတာပဲ စီးနေခဲ့ပြီး ဗီဒီယိုထဲမှာ စီးနေတဲ့ သူ့ရဲ့ အိမ်စီး ညှပ်ဖိနပ်ကတော့ ပေါင် (၃၄၈) ရှိတာကြောင့် မြန်မာငွေနဲ့ တွက်မယ် ဆိုရင် ကျပ် (၆) သိန်းကျော် ရှိနေပါတယ်။ ရော်နယ်ဒိုဟာ နံနက်ခင်းမှ သူ့ရဲ့ ချစ်သူ ဂျော်ဂျီနာ ရိုက်ကူးပြီး တင်လိုက်တဲ့ ဗီဒီယိုကြောင့် ပေါ်တူဂီနိုင်ငံက သတင်းမီဒီယာမှာ နာမည်ကျော်ခဲ့ပြီး အလွန် ဇိမ်ခံတတ်တဲ့ သူမျိုး ဖြစ်ပါတယ်။