ဘောလုံးလောက ရဲ့ အကောင်းဆုံးတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ ခရစ္စတီယာနို ရိုနယ်ဒို ဟာ တိုက်ခိုက်ရေး အားကစားတွေ နဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ် နဲ့ ပေါ်တူဂီ စတဲ့အသင်းတွေ နဲ့ အတူ အောင်မြင်မှုပေါင်း များစွာ ရှာ‌ဖွေနိုင်ခဲ့ပြီး ယခုလက်ရှိ ဂျုဗင်တပ် အသင်းမှာ ကစားနေတဲ့ ကြယ်ပွင့် တိုက်စစ် ကစားသမား တစ်ယောက် ဖြစ်တဲ့ ရိုနယ်ဒို ဟာ ဘောလုံးပွဲကြည့်ရတာထက် စာရင် အခြားတိုက်ခိုက်ရေး အားကစားတွေ ဖြစ်ကြတဲ့ ဘောက်ဆင်း နဲ့ UFC ကြည့်ရတာကို ပိုမိုပြီးတော့ နှစ်သက်တယ်လို့ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

Photo Credit: AS English

ရိုနယ်ဒို အနေနဲ့ ဘောလုံးလောကမှာ ဘော်လွန်းဒီအော် ဆု ငါးဆု၊ မက်ဒရစ် အသင်းရဲ့ သွင်းဂိုး အများဆုံး ကစားသမား၊ ချန်ပီယံလိဂ် ဖလား ငါးကြိမ်၊ ပရီးမီးယားလိဂ် ဖလား သုံးကြိမ်၊ ယူရို ၂၀၁၆ ဖလား၊ စီးရီးအေ ဖလား နှစ်ကြိမ် နဲ့ အခြားသော လာလီဂါ ဖလားပေါင်း များစွာ ရရှိထားသူ ဖြစ်ပေမယ့်လည်း တီဗီ ကြည့်တဲ့ အခါကျရင်တော့ အခြားအားကစားတွေကို ကြည့်ရတာ ပိုနှစ်သက်ကြောင်း အခုလိုပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ ဘောလုံးကစားတယ်ဆိုတာ ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှု တစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော် တီဗီမှာ ဆိုရင်တော့ အခြား အားကစားတွေကို ကြည့်ရတာ ပိုကြိုက်ပါတယ်။ ဘောလုံးပွဲ ဒါမှမဟုတ် ဘောက်ဆင်း ဒါမှမဟုတ် UFC တစ်ခုခုကြည့်ဖို့ ရွေးရမယ်ဆိုရင်တော့ ကျွန်တော် ဘောက်ဆင်း ဒါမှမဟုတ် UFC ကိုပဲ ရွေးချယ်မှာပါ။ ကျွန်တော် မန်ချက်စတာ ယူနိုက်တက်မှာ ရှိနေစဉ်က နည်းပြတစ်ဦးနဲ့  လက်ဝှေ့ထိုးခဲ့ဖူးတယ်”

Photo Credit: AS English

 

“ ဘောက်ဆင်း လေ့ကျင့်ရတာက ဘောလုံး အတွက်လည်း အရေးပါတယ်လို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုရင် ဘောက်ဆင်း လေ့ကျင့်တာက ကျွန်တော့် ရဲ့ အာရုံကို ပိုထက်သန်အောင် လုပ်ပေးပြီးတော့ ဘယ်လို လှုပ်ရှားရမယ်ဆိုတာ သင်ပေးတယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းက ကျွန်တော် ဟဲဗီးဝိတ် ချန်ပီယံ အန်သိုနီ ဂျော့်ရှုဝါ နဲ့ စာပို့ပြီး စကားပြောခဲ့ပါသေးတယ်။ အသက် ၃၃ နှစ်ရောက်ရင် ခင်ဗျားရဲ့ ခြေတွေလက်တွေက သွားနေသေးရဲ့လားဆိုတာ ခင်ဗျား စစဉ်းမိလိမ့်မယ်။ ‌ကျွန်တော် ဘောလုံးလောကမှာပဲ ဆက်နေချင်သေးတယ်။ လူတွေက ကျွန်တော့်ကို လက်ညိုးထိုးပြီး ‘ ခရစ္စတီယာနို က မယုံနိုင်လောက်အောင် တော်တဲ့ ကစားသမားတစ်ဦးပါ။ ဒါပေမယ့် သူ အခု နှေးနေပြီ ’ လို့ ပြောမှာသေချာတယ်။ ကျွန်တော် အဲ့ဒါမျိုး အပြောမခံချင်ဘူး။ ခင်ဗျား အနေနဲ့ ခန္ဓာကိုယ်ကို အများကြီး ပြောင်းလဲလို့ရတယ်။ ဒါပေမယ့် ပြဿနာက အဲ့ဒါဟုတ်မနေတာပဲ။ ‌အဲ့ဒါက ခင်ဗျားရဲ့ စိတ်၊ ခင်ဗျားရဲ့ လှုံ့ဆော်မှု၊ ခင်ဗျားရဲ့ အတွေ့အကြုံ ပေါ်မှာပဲ မူတည်တယ်။ အားကစားလောကမှာ ဆိုရင် ခင်ဗျားအနေနဲ့ ရင့်ကျက်မှုကို ရနိုင်တယ်။ တန်းနစ် လောကက ရော်ဂျာ ဖက်ဒရာကို ကြည့်လိုက်ပါ။ သူအခု အသက် ၃၇, ၃၈ လောက် ရောက်နေပြီ ဒါပေမယ့် သူအခု တန်းနစ်လောက မှာ ထိပ်ဆုံးမှာ ရှိနေတုန်းပဲ။ ဘောက်ဆင်းလောကမှာလည်း သူ့လို လူအနည်းငယ် ရှိတယ် ” လို့ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။