ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား အူဘာမီယန်းက သူ့အနေနဲ့ အေစီမီလန်အသင်းမှာ ပါဝင်ခဲ့ရတုန်းက ဘရာဇီးလ် ဂန္တဝင်ကစားသမားကြီးဖြစ်သူ ရော်နယ်လ်ဒိုကြီး ရော်နယ်လ်ဒိုနာဇာရီယိုနဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ရပြီး အဲ့ဒီအချိန်တုန်းက ရော်နယ်လ်ဒိုကြီးဟာ သူ့ကို အကောင်းဆုံး သင်ကြားပေးမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

AC Milan Adu Sikut dengan Juventus demi Bintang Liga Inggris - INDOSPORT

Photo Credit : Indosport

ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းဟာ သူရဲ့ စီနီယာ ကစားသမားဘဝတလျှောက် ဒေါ့မွန် အာဆင်နယ် ဘာစီလိုနာအသင်းတို့လို ကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသလို စီနီယာ ကစားသမားဘဝကိုတော့ အေစီမီလန်အသင်းမှာ စတင်ခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၀၇ခုနှစ် ဇန်နဝါရီလမှာ အေစီမီလန်ရဲ့ လူငယ်အကယ်ဒမီကို စတင် ရောက်ရှိလာခဲ့တဲ့ အူဘာမီယန်းဟာ မီလန်နဲ့အတူ တစ်ပွဲတစ်လေမှကို ပါဝင်ရခြင်း မရှိခဲ့ရပေမယ့်လည်း ရော်နယ်လ်ဒိုနာဇာရီယိုလို တကယ့် ကမ္ဘာ့ထိပ်တန်း ကစားသမားတွေကြီးတွေနဲ့ အသင်းတစ်သင်းတည်းမှာ ပါဝင်ခဲ့ရပြီး ဒီကစားသမားကြီးတွေဆီကနေလည်း ဘောလုံးပညာတွေကို သင်ယူခွင့် ရရှိခဲ့ပါတယ်။

Ronaldo played for Milan during the latter stage of his career

Photo Credit : The Sun

သူရဲ့ကလပ်အသင်းဟောင်း အေစီမီလန်နဲ့ ဒီတစ်ပတ် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည် ရင်ဆိုင်ရတော့မယ့် အူဘာမီယန်းက အသင်းဟောင်းနဲ့ ပတ်သတ်ပြီး “အမှန်အတိုင်း ပြောရရင် ဒီအသင်းက တကယ့်ကို အားကောင်းခဲ့တယ်။ ရော်နယ်လ်ဒို မာလ်ဒီနီ နက်စတာတို့နဲ့ အဲ့ဒီတုန်းက ကျွန်တော် အရမ်းငယ်သေးတယ်။ ကျွန်တော်ရဲ့ idolကြီး ရော်နယ်လ်ဒိုဆီကနေ တတ်နိုင်သလောက် သင်ယူဖို့နဲ့ တိုးတတ်လာအောင် ကြိုးစားခဲ့ပါတယ်။ အမှန်အတိုင်း ပြောရရင် သူ အဲ့ဒီအချိန်တုန်းက နည်းနည်းလေး ဝနေသေးတယ်။ ဒါပေမယ့်လည်း အကောင်းဆုံးတော့ ဖြစ်နေတုန်းပါပဲ။ အန်စလော့တီက သူရဲ့ကြံခိုင်မှုနဲ့ ပတ်သတ်ပြီး ပြောဆိုတုန်းကဆို သူက ခင်ဗျား ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ ပြေးတာလား ဂိုးတွေသွင်းတာလားဆိုပြီး ပြန်မေးခဲ့တာကို ကျွန်တော် အမြဲတမ်း အမှတ်ရနေတယ်။ အဲ့ဒီအချိန်မှာ အန်စလော့တီက ဂိုးတွေသွင်းဖို့ပါလို့ ပြန်ဖြေခဲ့တယ်။ မကြာပါဘူး သူက (၂)ဂိုး သွင်းပြခဲ့တယ်။ ဒါဟာ တိုက်စစ်မှူးတစ်ယောက်မှာ အလိုအပ်ဆုံးဖြစ်တဲ့ စိတ်ဓါတ်ကြံခိုင်မှုကို ပြသနိုင်ခဲ့တာပဲ ဖြစ်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။