ေဘာလုံးေလာကမွာ လက္ရွိအခ်ိန္အထိ ကမၻာ့အေကာင္းဆုံး ကစားသမား သုံးဦးစာရင္းထဲ ဝင္ေနဆဲျဖစ္သလို တစ္ဖက္အသင္းရဲ့ ကစားသမားေတြကိုလည္း သူ႔ရဲ့အမည္ကို ၾကား႐ုံေလာက္နဲ႔ ထိတ္လန႔္သြားေစနိုင္တဲ့ ကစားသမားကေတာ့ ဂ်ဴဗင္တပ္အသင္းရဲ့ အဓိက ကစားသမား စီရိုနယ္ဒိုပါပဲ​။ ကမၻာ့အေကာင္းဆုံး ကစားသမားဆုကို ငါးႀကိမ္အထိ ရယူထားနိုင္ခဲ့တဲ့ ရိုနယ္ဒိုဟာ ကစားသမားဘဝမွာ ရာနဲ႔ခ်ီတဲ့ သြင္းဂိုးေတြကို သြင္းယူထားနိုင္သူပါ။

Photo Credit: Metro.com

ဒါေပမယ့္ ရိုနယ္ဒိုနဲ႔ ပတ္သတ္ၿပီး ေဘာလုံးပရိသတ္ေတြကေရာ ေဘာလုံးကၽြမ္းက်င္သူေတြကပါ အထူးခ်ီးက်ဴးအားက်ရတဲ့ အခ်က္တစ္ခုေတာ့ ရွိေနပါတယ္။ အဲ့ဒါကေတာ့ ရိုနယ္ဒိုရဲ့ ထူးကဲလွတဲ့ အျမင့္ခုန္စြမ္းရည္နဲ႔ ေခါင္းတိုက္ဂိုးသြင္းရာမွာ တိက်ေသသပ္လွတဲ့ စြမ္းရည္ေတြ ျဖစ္ၿပီး ဒီအခ်က္ေတြကပဲ ရိုနယ္ဒိုရဲ့ ကစားသမားဘဝ ေခါင္းတိုက္သြင္းဂိုးကို ၁၀၀ေက်ာ္ ေစခဲ့ပါတယ္။

Photo Credit: Metro.com

ၿပီးခဲ့တဲ့ အတၱလန္တာအသင္းနဲ႔ပြဲစဥ္မွာ ခက္ခဲလြန္းတဲ့ အေနအထားတစ္ခုနဲ႔ေတာင္ အသင္းအတြက္ အနိုင္ဂိုးကို သြင္းယူေပးခဲ့တဲ့ ရိုနယ္ဒိုဟာ ၿပိဳင္ဖက္အသင္းနည္းျပျဖစ္တဲ့ ရာရီေနးရီရဲ့ ေလထဲမွာ ေနနိုင္သူလို႔ ခ်ီးက်ဴးေျပာဆိုမွုကိုပါ ခံခဲ့ရတဲ့သူပါ။ လက္ရွိအခ်ိန္မွာ အီတလီစီးရီးေအဟာ ေအးခဲလြန္းတဲ့ ေဆာင္းရာသီကို ေရွာင္ၾကဥ္ဖို႔ ေဆာင္းရာသီအားလပ္ရက္ေပးထားခဲ့တာေၾကာင့္ ေဘာလုံးသမားေတြဟာ အပန္းေျဖခရီးေတြထြက္ေနၾကေပမယ့္ ရိုနယ္ဒိုကေတာ့ တင္းနစ္အေက်ာ္အေမာ္ ဂ်ိဳကိုဗစ္ကို သူ႔ရဲ့ အျမင့္ခုန္ျခင္းနည္းစနစ္ေတြအေၾကာင္း ေဝမၽွေနခဲ့ပါတယ္။

Photo Credit: Metro.com

အျမဲတမ္းလိုလို ခႏၶာကိုယ္ႀကံ့ခိုင္မွုနဲ႔ ပတ္သတ္ၿပီး နာမည္ႀကီးလွတဲ့ ရိုနယ္ဒိုဟာ ေဆာင္းရာသီအားလပ္ရက္အတြင္းမွာ သူမ်ားေတြလို အနားယူေနျခင္းမရွိပဲ က်ဆင္းေနတဲ့ သူ႔ရဲ့ ဂိုးသြင္းႏွုန္းေတြ ျပန္လည္တိုးတက္လာေစဖို႔ ေလ့က်င့္မွုေတြ ျပဳလုပ္ေနတာပါ။ ဂ်ိဳကိုဗစ္ကို သူ႔ရဲ့ အျမင့္ခုန္နည္းစနစ္ေတြ သင္ၾကားေပးခဲ့တဲ့ အေၾကာင္းကိုေတာ့ ရိုနယ္ဒိုက သူ႔ရဲ့ လူမွုကြန္ယက္အေကာင့္ကေနတဆင့္ ပရိသတ္ေတြကို အသိေပးသြားခဲ့တာလည္း ျဖစ္ပါတယ္။

ဘောလုံးလောကမှာ လက်ရှိအချိန်အထိ ကမ္ဘာ့အကောင်းဆုံး ကစားသမား သုံးဦးစာရင်းထဲ ဝင်နေဆဲဖြစ်သလို တစ်ဖက်အသင်းရဲ့ ကစားသမားတွေကိုလည်း သူ့ရဲ့အမည်ကို ကြားရုံလောက်နဲ့ ထိတ်လန့်သွားစေနိုင်တဲ့ ကစားသမားကတော့ ဂျူဗင်တပ်အသင်းရဲ့ အဓိက ကစားသမား စီရိုနယ်ဒိုပါပဲ​။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ငါးကြိမ်အထိ ရယူထားနိုင်ခဲ့တဲ့ ရိုနယ်ဒိုဟာ ကစားသမားဘဝမှာ ရာနဲ့ချီတဲ့ သွင်းဂိုးတွေကို သွင်းယူထားနိုင်သူပါ။

Photo Credit: Metro.com

 

ဒါပေမယ့် ရိုနယ်ဒိုနဲ့ ပတ်သတ်ပြီး ဘောလုံးပရိသတ်တွေကရော ဘောလုံးကျွမ်းကျင်သူတွေကပါ အထူးချီးကျူးအားကျရတဲ့ အချက်တစ်ခုတော့ ရှိနေပါတယ်။ အဲ့ဒါကတော့ ရိုနယ်ဒိုရဲ့ ထူးကဲလှတဲ့ အမြင့်ခုန်စွမ်းရည်နဲ့ ခေါင်းတိုက်ဂိုးသွင်းရာမှာ တိကျသေသပ်လှတဲ့ စွမ်းရည်တွေ ဖြစ်ပြီး ဒီအချက်တွေကပဲ ရိုနယ်ဒိုရဲ့ ကစားသမားဘဝ ခေါင်းတိုက်သွင်းဂိုးကို ၁၀၀ကျော် စေခဲ့ပါတယ်။

Photo Credit: Metro.com

ပြီးခဲ့တဲ့ အတ္တလန်တာအသင်းနဲ့ပွဲစဉ်မှာ ခက်ခဲလွန်းတဲ့ အနေအထားတစ်ခုနဲ့တောင် အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ရိုနယ်ဒိုဟာ ပြိုင်ဖက်အသင်းနည်းပြဖြစ်တဲ့ ရာရီနေးရီရဲ့ လေထဲမှာ နေနိုင်သူလို့ ချီးကျူးပြောဆိုမှုကိုပါ ခံခဲ့ရတဲ့သူပါ။ လက်ရှိအချိန်မှာ အီတလီစီးရီးအေဟာ အေးခဲလွန်းတဲ့ ဆောင်းရာသီကို ရှောင်ကြဉ်ဖို့ ဆောင်းရာသီအားလပ်ရက်ပေးထားခဲ့တာကြောင့် ဘောလုံးသမားတွေဟာ အပန်းဖြေခရီးတွေထွက်နေကြပေမယ့် ရိုနယ်ဒိုကတော့ တင်းနစ်အကျော်အမော် ဂျိုကိုဗစ်ကို သူ့ရဲ့ အမြင့်ခုန်ခြင်းနည်းစနစ်တွေအကြောင်း ဝေမျှနေခဲ့ပါတယ်။

Photo Credit: Metro.com

အမြဲတမ်းလိုလို ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ပတ်သတ်ပြီး နာမည်ကြီးလှတဲ့ ရိုနယ်ဒိုဟာ ဆောင်းရာသီအားလပ်ရက်အတွင်းမှာ သူများတွေလို အနားယူနေခြင်းမရှိပဲ ကျဆင်းနေတဲ့ သူ့ရဲ့ ဂိုးသွင်းနှုန်းတွေ ပြန်လည်တိုးတက်လာစေဖို့ လေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။ ဂျိုကိုဗစ်ကို သူ့ရဲ့ အမြင့်ခုန်နည်းစနစ်တွေ သင်ကြားပေးခဲ့တဲ့ အကြောင်းကိုတော့ ရိုနယ်ဒိုက သူ့ရဲ့ လူမှုကွန်ယက်အကောင့်ကနေတဆင့် ပရိသတ်တွေကို အသိပေးသွားခဲ့တာလည်း ဖြစ်ပါတယ်။