ဂ်ဳဗင္တပ္ တိုက္စစ္မႉး ေရာ္နယ္ဒိုကေတာ့ “Six Pack” ဗိုက္ႂကြက္သားကို ႂကြားလုံးထုတ္လ်က္ ခ်န္ပီယံလိဂ္ ပြဲစဥ္အတြက္ “အားျဖည့္ေနၿပီ”လို႔ ေရးသားခဲ့ၿပီး ခ်န္ပီယံလိဂ္ ပြဲစဥ္ေတြကိုေတာ့ ေရွ႕လ စတင္သြားေတာ့မွာ ျဖစ္ပါတယ္။ ဂ်ဳဗင္တပ္အသင္းဟာ ခ်န္ပီယံလိဂ္ (၁၆) သင္း ရႈံးထြက္အဆင့္ ပြဲစဥ္မွာ လိုင္ယြန္အသင္းနဲ႔ ကစားသြားရမွာ ျဖစ္ၿပီး ပထမ အေက်ာ့ပြဲစဥ္ကို အိမ္ကြင္း နဲ႔ ဒုတိယ အေက်ာ့ပြဲစဥ္ကို အေဝးကြင္း စသျဖင့္ စုစုေပါင္း ပြဲစဥ္ (၂) ပြဲ ကစားသြားမွာ ျဖစ္ပါတယ္။

Photo Credit: TheSun

(၂၀၂၀) ခုႏွစ္မွာ ေျခတက္ေနတဲ့ ဂ်ဳဗင္တပ္ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ အင္စတာဂရမ္မွ သူ႔ရဲ႕ ဗိုက္ႂကြက္သားေပၚတဲ့ ပုံကို တင္ခဲ့ၿပီး ပုံနဲ႔ အတူ ေရွ႕လမွာ ကစားရမယ့္ အခ်ိဳ႕ ပြဲစဥ္ေတြအတြက္ “အားျဖည့္ေနပါၿပီ”လို႔ ေရးသားသြားခဲ့ပါတယ္။ ဂ်ဳဗင္တပ္အသင္းဟာ ခ်န္ပီယံလိဂ္ (၁၆) သင္း ပထမအေက်ာ့ အေဝးကြင္း ပြဲစဥ္ကို ေဖေဖာ္ဝါရီလ (၂၇) ရက္ေန႔၊ ကစားသြားရမွာ ျဖစ္ၿပီး ဒုတိယအေက်ာ့ အိမ္ကြင္း ပြဲစဥ္ကိုေတာ့ မတ္လ (၁၈) ရက္ေန႔ ကစားသြားရမွာပဲ ျဖစ္ပါတယ္။

Photo Credit: TheSun

တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ (၂၀၂၀) ခုႏွစ္မွာေတာ့ ေျခစြမ္း ထက္ျမက္ေနၿပီး စီးရီးေအ သြင္းဂိုး (၁၂) ဂိုး သြင္းယူထားတာေၾကာင့္ ဂ်ဳဗင္တပ္အသင္းလည္း ႏိုင္ပြဲ ျပန္ရလာသလို (၄) မွတ္ျဖတ္ ဦးေဆာင္ေနလ်က္ ရွိပါတယ္။ ဂ်ဳဗင္တပ္အသင္းဟာ လက္ရွိရာသီမွာ စီးရီးေအ ပြဲစဥ္ (၂၀) ပြဲ ကစားၿပီးတဲ့ အခ်ိန္မွာ (၃) ပြဲသာ ရႈံးနိမ့္ထားတာေၾကာင့္ အဆင့္ (၂) ေနရာက အင္တာမီလန္ အသင္းကို ရမွတ္ (၄) မွတ္ ျဖတ္ၿပီး အမွတ္ေပး ဇယား အဆင့္ (၁) ေနရာကို ရရွိထားပါတယ္။

{Unicode}

ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကတော့ “Six Pack” ဗိုက်ကြွက်သားကို ကြွားလုံးထုတ်လျက် ချန်ပီယံလိဂ် ပွဲစဉ်အတွက် “အားဖြည့်နေပြီ”လို့ ရေးသားခဲ့ပြီး ချန်ပီယံလိဂ် ပွဲစဉ်တွေကိုတော့ ရှေ့လ စတင်သွားတော့မှာ ဖြစ်ပါတယ်။ ဂျုဗင်တပ်အသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာ လိုင်ယွန်အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပြီး ပထမ အကျော့ပွဲစဉ်ကို အိမ်ကွင်း နဲ့ ဒုတိယ အကျော့ပွဲစဉ်ကို အဝေးကွင်း စသဖြင့် စုစုပေါင်း ပွဲစဉ် (၂) ပွဲ ကစားသွားမှာ ဖြစ်ပါတယ်။

Photo Credit: TheSun

(၂၀၂၀) ခုနှစ်မှာ ခြေတက်နေတဲ့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ အင်စတာဂရမ်မှ သူ့ရဲ့ ဗိုက်ကြွက်သားပေါ်တဲ့ ပုံကို တင်ခဲ့ပြီး ပုံနဲ့ အတူ ရှေ့လမှာ ကစားရမယ့် အချို့ ပွဲစဉ်တွေအတွက် “အားဖြည့်နေပါပြီ”လို့ ရေးသားသွားခဲ့ပါတယ်။ ဂျုဗင်တပ်အသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်း ပထမအကျော့ အဝေးကွင်း ပွဲစဉ်ကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ ကစားသွားရမှာ ဖြစ်ပြီး ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်ကိုတော့ မတ်လ (၁၈) ရက်နေ့ ကစားသွားရမှာပဲ ဖြစ်ပါတယ်။

Photo Credit: TheSun

တိုက်စစ်မှူး ရော်နယ်ဒိုဟာ (၂၀၂၀) ခုနှစ်မှာတော့ ခြေစွမ်း ထက်မြက်နေပြီး စီးရီးအေ သွင်းဂိုး (၁၂) ဂိုး သွင်းယူထားတာကြောင့် ဂျုဗင်တပ်အသင်းလည်း နိုင်ပွဲ ပြန်ရလာသလို (၄) မှတ်ဖြတ် ဦးဆောင်နေလျက် ရှိပါတယ်။ ဂျုဗင်တပ်အသင်းဟာ လက်ရှိရာသီမှာ စီးရီးအေ ပွဲစဉ် (၂၀) ပွဲ ကစားပြီးတဲ့ အချိန်မှာ (၃) ပွဲသာ ရှုံးနိမ့်ထားတာကြောင့် အဆင့် (၂) နေရာက အင်တာမီလန် အသင်းကို ရမှတ် (၄) မှတ် ဖြတ်ပြီး အမှတ်ပေး ဇယား အဆင့် (၁) နေရာကို ရရှိထားပါတယ်။