မနေ့ညက ကျင်းပသွားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်(၂၀)မှာတော့ ဂျုဗင်တပ်စ်အသင်းနဲ့ ပါးမားအသင်းတို့ရဲ့ပွဲစဉ်မှာဆိုရင် ဂျုဗင်တပ်စ်အသင်းက ခရစ္စတီယာနိုရော်နယ်ဒိုတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ပါးမားကို ၂ဂိုး၁ဂိုးနဲ့ အနိုင်ရယူခဲ့ပြီး ဒီပွဲမတိုင်ခင် အမှတ်ပေးဇယား ဒုတိယနေရာက အင်တာမီလန်အသင်းက လက်ချီနဲ့ပွဲမှာ ၁ဂိုးစီသရေကျခဲ့လို့ ဂျုဗင်တပ်စ်အနေနဲ့ ထိပ်ဆုံးနေရာကနေ အင်တာအသင်းကို ၄မှတ်အထိတောင် ဖြတ်တောက်နိုင်လိုက်ပြီဖြစ်သလို ရော်နယ်ဒိုရဲ့ဒီရာသီ စီးရီးအေသွင်းဂိုးမှာလည်း ၁၆ဂိုးထိ ရှိလာခဲ့ပြီဖြစ်တာကြောင့် စီးရီးအေသွင်းဂိုးအများဆုံးစာရင်းရဲ့ဒုတိယနေရာကိုပါ တတ်လှမ်းလာနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

မကြာခင်မှာပဲ အသက်၃၅နှစ်အရွှယ် ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်ဒိုဟာ မနေ့ညက ပါးမားအသင်းနဲ့ပွဲစဉ်အတွင်းမှာ လိဂ်သွင်းဂိုး၂ဂိုးကို ရယူနိုင်ခဲ့တဲ့အတွက် အခုဆိုရင် ၂၀၀၅ခုနှစ်နောက်ပိုင်း ဂျုဗင်တပ်စ်အသင်းအတွက် စီးရီးအေလိဂ်ပွဲရပွဲဆက်တိုက် ဂိုးသွင်းယူနိုင်သူအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၅ခုနှစ်တုန်းက ဂျုဗင်တပ်စ်တိုက်စစ်မှူးဟောင်း ဒေးဗစ်ထရာဇီဂေးကက အသင်းအတွက် စီးရီးအေရပွဲဆက်တိုက်ကို ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ဒီကစားသမားကြီးရဲ့စံချိန်ကောင်းကို ရော်နယ်ဒိုဘက်ကနေ အခုလိုလိုက်မှီသွားနိုင်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Getty Images

ရော်နယ်ဒို ဆာဆူအိုလိုနဲ့ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်ကနေစတင်ပြီး လာဇီယို အူးဒီးနီး ဆမ်ဒိုရီးယား ကာဂလီယာရီ ရိုးမား ပါးမားအသင်းတို့နဲ့ ပွဲစဉ်တွေမှာ စီးရီးအေသွင်းဂိုး ၁၁ဂိုးအထိကို သွင်းယူနိုင်ခဲ့တာဖြစ်လို့ သူရဲဲ့ဒီရာသီ စီးရီးအေသွင်းဂိုးစုစုပေါင်းက ၁၆ဂိုးအထိ ရောက်ရှိလာခဲ့တာဖြစ်ကာ ထိပ်ဆုံးနေရာက အင်မိုဘီလီနဲ့လည်း ရဂိုးပဲကွာဟလို့နေပါတယ်။ အခုလို သွင်းဂိုးတွေဆက်တိုက်ရယူနိုင်တဲ့ ပုံစံနဲ့ဆိုရင်တော့ ရော်နယ်ဒိုအနေနဲ့ မနှစ်က သူရယူနိုင်ခဲ့တဲဲ့ စီးရီးအေသွင်းဂိုး၂၁ဂိုးကို ကျော်လွန်နိုင်ဖွယ်ရှိနေပါတယ်။ ဂျုဗင်တပ်စ်အသင်းအတွက် အခုလို ပွဲပေါင်း၂၀ ကစားပြီးတဲ့နောက် စီးရီးအေသွင်းဂိုး၁၆ဂိုးအထိ ရယူနိုင်ခဲ့တဲ့ ကစားသမားက ရော်နယ်ဒိုအပါအဝင် ၅ဦးသာရှိခဲ့ဖူးပြီး ဒီလိုစံချိန်ကောင်းတွေ သွင်းဂိုးတွေနဲ့ ဆုဖလားအောင်မြင်မှုတွေကတော့ ရော်နယ်ဒို ဘောလုံးကစားနေသမျှ သူနဲဲ့ပူးတွဲလိုက်ပါနေဦးမယ့်အရာတွေလို ဖြစ်နေဦးမှာပဲဖြစ်ပါတယ်။

(Zawgyi)

စံချိန်တွေ သွင်းဂိုးတွေနဲ့ ၂၀၂၀နှစ်သစ်ကို အကောင်းဆုံးဖြတ်သန်းလို့နေတဲ့ ရော်နယ်ဒို



မကြာခင်မှာပဲ အသက်၃၅နှစ်အရွှယ် ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်ဒိုဟာ မနေ့ညက ပါးမားအသင်းနဲ့ပွဲစဉ်အတွင်းမှာ လိဂ်သွင်းဂိုး၂ဂိုးကို ရယူနိုင်ခဲ့တဲ့အတွက် အခုဆိုရင် ၂၀၀၅ခုနှစ်နောက်ပိုင်း ဂျုဗင်တပ်စ်အသင်းအတွက် စီးရီးအေလိဂ်ပွဲ၇ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်သူအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၅ခုနှစ်တုန်းက ဂျုဗင်တပ်စ်တိုက်စစ်မှူးဟောင်း ဒေးဗစ်ထရာဇီဂေးကက အသင်းအတွက် စီးရီးအေ၇ပွဲဆက်တိုက်ကို ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ဒီကစားသမားကြီးရဲ့စံချိန်ကောင်းကို ရော်နယ်ဒိုဘက်ကနေ အခုလိုလိုက်မှီသွားနိုင်ခဲ့ရတာဖြစ်ပါတယ်။


ရော်နယ်ဒို ဆာဆူအိုလိုနဲ့ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်ကနေစတင်ပြီး လာဇီယို အူးဒီးနီး ဆမ်ဒိုရီးယား ကာဂလီယာရီ ရိုးမား ပါးမားအသင်းတို့နဲ့ ပွဲစဉ်တွေမှာ စီးရီးအေသွင်းဂိုး ၁၁ဂိုးအထိကို သွင်းယူနိုင်ခဲ့တာဖြစ်လို့ သူရဲ့ဒီရာသီ စီးရီးအေသွင်းဂိုးစုစုပေါင်းက ၁၆ဂိုးအထိ ရောက်ရှိလာခဲ့တာဖြစ်ကာ ထိပ်ဆုံးနေရာက အင်မိုဘီလီနဲ့လည်း ၇ဂိုးပဲကွာဟလို့နေပါတယ်။ အခုလို သွင်းဂိုးတွေဆက်တိုက်ရယူနိုင်တဲ့ ပုံစံနဲ့ဆိုရင်တော့ ရော်နယ်ဒိုအနေနဲ့ မနှစ်က သူရယူနိုင်ခဲ့တဲ့ စီးရီးအေသွင်းဂိုး၂၁ဂိုးကို ကျော်လွန်နိုင်ဖွယ်ရှိနေပါတယ်။ ဂျုဗင်တပ်စ်အသင်းအတွက် အခုလို ပွဲပေါင်း၂၀ ကစားပြီးတဲ့နောက် စီးရီးအေသွင်းဂိုး၁၆ဂိုးအထိ ရယူနိုင်ခဲ့တဲ့ ကစားသမားက ရော်နယ်ဒိုအပါအဝင် ၅ဦးသာရှိခဲ့ဖူးပြီး ဒီလိုစံချိန်ကောင်းတွေ သွင်းဂိုးတွေနဲ့ ဆုဖလားအောင်မြင်မှုတွေကတော့ ရော်နယ်ဒို ဘောလုံးကစားနေသမျှ သူနဲ့ပူးတွဲလိုက်ပါနေဦးမယ့်အရာတွေလို ဖြစ်နေဦးမှာပဲဖြစ်ပါတယ်။