ဂ်ဴဗင္တပ္အသင္းနဲ႔ ေပၚတူဂီအသင္းတို႔ရဲ့ အဓိကတိုက္စစ္မွူးျဖစ္တဲ့ ရိုနယ္ဒိုဟာ ၿပီးခဲ့တဲ့ စီးရီးေအပြဲစဥ္တစ္ပြဲျဖစ္တဲ့ ရိုးမားအသင္းကို အေဝးကြင္းမွာ ႏွစ္ဂိုး တစ္ဂိုး ဆိုတဲ့ ရလဒ္နဲ႔ အနိုင္ရခဲ့တဲ့ပြဲစဥ္မွာ ပင္နယ္တီကေနတဆင့္ ဂိုးသြင္းယူနိုင္ခဲ့အၿပီး ဂုဏ္ယူစရာေကာင္းတဲ့ မွတ္တမ္းတစ္ခုကို ရခဲ့တယ္လို႔ သိရပါတယ္။

Photo Credit: Metro.com

အဲ့ဒီမွတ္တမ္းကေတာ့ ရိုနယ္ဒိုဟာ လက္ရွိ စီးရီးေအၿပိဳင္ပြဲမွာ ရွိေနတဲ့ ၿပိဳင္ဘက္ေတြ အားလုံးကို သြင္းဂိုးသြင္းယူနိုင္ခဲ့တဲ့ မွတ္တမ္းပဲ ျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ကေန ဂ်ဴဗင္တပ္ အသင္းထံ ေျပာင္းေရႊ႕လာခဲ့အၿပီးမွာ ေျခစြမ္း မျပသနိုင္တာေၾကာင့္ ေဝဖန္ခံေနရတဲ့ ရိုနယ္ဒို အတြက္ ဒီမွတ္တမ္းဟာ ေဝဖန္မွုေတြကို အနည္းငယ္ တိတ္ဆိတ္ေစခဲ့ပါတယ္။

Photo Credit: Metro.com

အသက္၃၄ႏွစ္အရြယ္ ရွိေနၿပီျဖစ္တဲ့ ရိုနယ္ဒို ဟာ လက္ရွိ စီးရီးေအရာသီမွာ ဂ်ဴဗင္တပ္ အသင္းအတြက္ စီးရီးေအပြဲစဥ္ ၁၆ပြဲအထိ ကစားၿပီးထားခ်ိန္မွာ ၁၄ဂိုးသြင္းယူေပးထားကာ ၂ဂိုးဖန္တီးထားနိုင္ခဲ့ၿပီး ေျခစြမ္းျပသထားနိုင္ကာ စီးရီးေအေရႊဖိနပ္ဆုကို ရရွိဖို႔ လာဇီယို အသင္းရဲ့ အမ္မိုဘိုင္းလီ ၊ အင္တာမီလန္ရဲ့ လူကာကူ ၊ မာတီနက္စ္တို႔နဲ႔ အၿပိဳင္အဆိုင္ ျဖစ္ေနပါတယ္။

ဂျူဗင်တပ်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရိုးမားအသင်းကို အဝေးကွင်းမှာ နှစ်ဂိုး တစ်ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီကနေတဆင့် ဂိုးသွင်းယူနိုင်ခဲ့အပြီး ဂုဏ်ယူစရာကောင်းတဲ့ မှတ်တမ်းတစ်ခုကို ရခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Metro.com

အဲ့ဒီမှတ်တမ်းကတော့ ရိုနယ်ဒိုဟာ လက်ရှိ စီးရီးအေပြိုင်ပွဲမှာ ရှိနေတဲ့ ပြိုင်ဘက်တွေ အားလုံးကို သွင်းဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းပဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ် အသင်းထံ ပြောင်းရွှေ့လာခဲ့အပြီးမှာ ခြေစွမ်း မပြသနိုင်တာကြောင့် ဝေဖန်ခံနေရတဲ့ ရိုနယ်ဒို အတွက် ဒီမှတ်တမ်းဟာ ဝေဖန်မှုတွေကို အနည်းငယ် တိတ်ဆိတ်စေခဲ့ပါတယ်။

Photo Credit: Metro.com

 

အသက်၃၄နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရိုနယ်ဒို ဟာ လက်ရှိ စီးရီးအေရာသီမှာ ဂျူဗင်တပ် အသင်းအတွက် စီးရီးအေပွဲစဉ် ၁၆ပွဲအထိ ကစားပြီးထားချိန်မှာ ၁၄ဂိုးသွင်းယူပေးထားကာ ၂ဂိုးဖန်တီးထားနိုင်ခဲ့ပြီး ခြေစွမ်းပြသထားနိုင်ကာ စီးရီးအေရွှေဖိနပ်ဆုကို ရရှိဖို့ လာဇီယို အသင်းရဲ့ အမ်မိုဘိုင်းလီ ၊ အင်တာမီလန်ရဲ့ လူကာကူ ၊ မာတီနက်စ်တို့နဲ့ အပြိုင်အဆိုင် ဖြစ်နေပါတယ်။