နိုဝင်ဘာလ ၄ ရက်နေ့တုန်းက ကစားခဲ့တဲ့ ဂျုဗင်တပ် အသင်း နဲ့ ဖာရန်ဗယ်ရိုစ့် အသင်းတို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဂျုဗင်တပ် အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား တစ်ဦး ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒို က ပွဲအပြီးမှာ ဖာရန်ဗယ်ရို့စ် ကစားသမား မာဆဲလ်ဟိုက်စတား က အင်္ကျီလဲလှယ်ဖို့ တောင်းဆိုခဲ့တာကို ငြင်းဆန်ခဲ့ပါတယ်။ ရိုနယ်ဒို အနေနဲ့ အဲ့ဒီလို ငြင်းဆန်ခဲ့ရတာ ဟာ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဖာရန်ဗယ်ရို့စ် အသင်းရဲ့ ကွင်းလယ် ကစားသမား မာဆဲလ်ဟိုက်စတား က ဆိုလိုက်ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ဂျုဗင်တပ် အသင်း က ဖာရန်ဗယ်ရို့စ် အသင်းကို ၄-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Express

ဂျုဗင်တပ် အသင်း အတွက် အနိုင်ဂိုးတွေကိုတော့ အယ်လ်ဗာရို မိုရာတာ က ၂ ဂိုး နဲ့ ပါလို ဒိုင်ဘာလား က ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဖာရန်ဗယ်ရို့စ် ကစားသမား လာရှာ ဒီဗာလီ ကလည်း ကိုယ့်ဂိုးကိုယ် ၁ ဂိုး ပြန်သွင်းမိခဲ့တာကြောင့် ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂျုဗင်တပ် တို့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဂျုဗင်တပ် အနေနဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ပွဲအစကတည်းက ပါဝင်ကစားခွင့် ရခဲ့ပေမယ့်လည်း တစ်ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ မာဆဲလ်ဟိုက်စတား ကတော့ ရိုနယ်ဒို အနေနဲ့ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် အင်္ကျီလဲလှယ်ဖို့ ခံစားချက်မျိုး ရှိမနေတာ လို့ ပြောဆိုလိုက်ပါတယ်။ “သူက ကျွန်တော့် အပေါ်ကို ဒေါသ ထွက်နေတယ်လို့ ထင်ရတယ်။ သူ့ကို အင်္ကျီလဲလှယ်ဖို့ မေးတော့ သူက နှိမ့်ချ အထင်သေးသလို ပုံစံနဲ့ လက်ကိုပဲ ဝှေ့ရမ်းပြခဲ့တယ် ”

Photo Credit: Express

“ အဲ့ဒါက သူ ကျွန်တော်တို့ အသင်းပေါ်ကို တစ်ဂိုးတောင် မသွင်းနိုင်ခဲ့လို့ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူ ဘောလုံးကို ရှေ့ကို ဆွဲသွားဖို့ ကြိုးစားတုန်းက ကျွန်တော် သူ့ဆီက ဘောလုံးကို ဖြတ်လု လိုက်လို့လည်း ဖြစ်နိုင်တယ်။ အဲ့ဒီ အခိုက်အတန့်ကို ဓာတ်ပုံ ရိုက်ထားတာ ရှိပါတယ်။ ကျွန်တော် အဲ့ဒါကို ကျွန်တော့်ရဲ့ အင်စတာဂရမ်မှာ တင်မယ်။ အဲ့ဒါက ကျွန်တော့် ဘဝ ရဲ့ အလှပဆုံး အခိုက်အတန့် ပါပဲ ” လို့ ဟိုက်စတားက ပြောဆိုခဲ့ပါတယ်။ ယနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျုဗင်တပ် အသင်း နဲ့ ဖာရန်ဗယ်ရို့စ် အသင်း တို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ ခရစ္စတီယာနို ရိုနယ်ဒို က ဂျုဗင်တပ် အသင်း အတွက် ပါဝင် ကစားပေးခဲ့ပြီး ပွဲကစားချိန် ၃၅မိနစ်မှာ အရေးပါတဲ့ ချေပဂိုးတစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။