ဒီတစ်ပတ်အတွင်းမှာတော့ ကလပ်အသင်းပွဲစဉ်တွေ မရှိပဲ နိုင်ငံတကာ ရက်သတ္တပတ်ကို ဖြတ်သန်းသွားရမှာ ဖြစ်ပါတယ်။ ဘောလုံးပရိသတ်တွေအတွက် International Break က စိတ်ဝင်စားစရာ သိပ်မရှိပေမယ့်လည်း ဒီတစ်ပတ်တာရဲ့ ပွဲစဉ်တွေက ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အဆုံးအဖြတ် ပေးသွားနိုင်တာဖြစ်လို့ အတော်လေးကို စိတ်လှုပ်ရှားစရာ ဖြစ်လာနိုင်ပါတယ်။ အခုလို အရေးပါလှတဲ့ နိုင်ငံတကာ ရက်သတ္တပတ်ကို ကျော်ဖြတ်ရမယ့် အသင်းတွေနဲ့ ကစားသမားတွေထဲမှာ ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ ပေါ်တူဂီအသင်းတို့ ပါဝင်လို့နေပါတယ်။

Soccer fans react to Italy and Portugal being drawn into same 2022 World  Cup playoffs bracket - Article - Bardown

Photo Credit : Bar Down

GOAT ကြီး ရော်နယ်လ်ဒိုနဲ့ သူရဲ့ပေါ်တူဂီအသင်းတို့ဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဆင်နွဲရဖို့အတွက် နောက်ဆုံး ပလေးအော့အဆင့် ပွဲစဉ်(၂)ပွဲကို ဖြတ်ကျော်ရဦးမှာဖြစ်ပြီး ပထမဆုံးအနေနဲ့ တူရကီအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်သလို တူရကီကို ကျော်ဖြတ်နိုင်တာနဲ့ အီတလီ မက်ဆီဒိုးနီးယားပွဲမှာ အနိုင်ရလာမယ့် အသင်းနဲ့ နောက်ဆုံး အဆုံးအဖြတ်အဆင့်ကို ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပွဲစဉ်အနေအထားအရ ပေါ်တူဂီအသင်းဟာ နောက်ဆုံးအဆင့်ထိ တတ်လှမ်းခဲ့မယ်ဆိုရင် ယူရို-၂၀၂၀ ချန်ပီယံ အီတလီအသင်းနဲ့ ထိပ်တိုက်ဆုံရနိုင်တာမို့ ဘယ်အသင်းက ကမ္ဘာ့ဖလားဝင်ခွင့် ရသွားနိုင်မလားဆိုတာ မှန်းရခက်နိုင်ပါတယ်။

Photo Credit : Goal

လက်ရှိမှာ အသက်(၃၇)နှစ်အရွှယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ရော်နယ်လ်ဒိုအတွက် ဒီတစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားသမားဘဝအတွင်း နောက်ဆုံးအကြိမ် ပါဝင်ဆင်နွဲရမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဖြစ်လာနိုင်မှာမို့ ဒီပြိုင်ပွဲကြီးကို သေချာပေါက် ပါဝင်ခွင့်ရအောင် အစွမ်းကုန် ကြိုးပမ်းလာမှာ သေချာနေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရော်နယ်လ်ဒိုက “၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြည့်အဝကို အာရုံစိုက်ထားပါတယ်။ ပေါ်တူဂီကို ကိုယ်စားပြုနေရတာကိုလည်း အမြဲတမ်း ဂုဏ်ယူမိတယ်။ အခု လမ်းကြောင်းက လွယ်ကူမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ သိထားပါတယ်။ ကျွန်တော်တို့နဲ့ ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေအပေါ် လေးစားမှု အပြည့်ထားရှိပါတယ်။ ဒီအသင်းတွေကလည်း ကျွန်ေ်တာ်တို့လို ရည်မှန်းချက်တွေ တူညီနေကြမယ့် အသင်းတွေပါပဲ။ ဒါပေမယ့် ပေါ်တူဂီအသင်းကို သူရဲ့ မှန်ကန်တဲ့ နေရာမျိုးမှာ ထားနိုင်ဖို့ ကျွန်တော်တို့တွေ အတူတကွ တိုက်ပွဲဝင်သွားမှာပါ။ လုပ်လိုက်ကြရအောင်” လို့ ကြုံးဝါးထားတဲ့ စကားတွေကို အင်စတာဂရမ်ပေါ်ကနေ ရေးသားဖော်ပြသွားခဲ့ပါတယ်။ ပေါ်တူဂီအသင်းနဲ့ ယူရိုချန်ပီယံ UEFA Nations League ချန်ပီယံ ဖြစ်ထားခဲ့ဖူးတဲ့ ရော်နယ်လ်ဒိုဟာ သူရဲ့နောက်ဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ ပေါ်တူဂီအသင်းအတွက် ကမ္ဘာ့ဖလားအောင်မြင်မှုကိုပါ ရယူပေးသွားချင်နေတာ ဖြစ်ပါတယ်။