ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ ပီယာ့စ်မော်ဂန်တို့ရဲ့ မိနစ်(၉၀)စာ အင်တာဗျူးကတော့ ဒုတိယပိုင်း ဆက်လက် ထွက်ရှိလာခဲ့ရာ ဒုတိယပိုင်းမှာလည်း ရော်နယ်လ်ဒိုက ပထမပိုင်းမှာကတည်းက သူပြောဆိုထားခဲ့တဲ့ topic တွေထဲကမှ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ထပ်လောင်း ပြောဆိုလာခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ မန်စီးတီး စပါးတို့နဲ့ ယှဉ်ပြိုင်ရတဲ့ ပွဲစဉ်တွေအတွင်း သူ့ကို အသုံးပြုခဲ့တဲ့အကြောင်းတွေကို ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Marca

ရော်နယ်လ်ဒိုက သူရဲ့ အင်တာဗျူး စတင် ထွက်ရှိချိန်မှာ တန်ဟက်ဂ်က သူ့အပေါ် လေးစားမှု မရှိကြောင်းနဲ့ သူကလည်း သူ့အပေါ် လေးစားမှုမရှိရင် ပြန်ပြီး လေးစားနိုင်မှာ မဟုတ်ကြောင်း ပြောဆိုထားခဲ့သလို အခုလည်း မန်စီးတီး စပါးတို့ ပွဲစဉ်တွေအတွင်း သူ့ကို အသုံးပြုခဲ့ခြင်းနဲ့ ပတ်သတ်လို့ တန်ဟက်ဂ်ကို မေးခွန်းထုတ်သွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ မန်စီးတီးကို (၆)ဂိုး (၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် လုံးဝကို ပါဝင်ခဲ့ရခြင်း မရှိခဲ့သလို စပါးကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း ပွဲပြီးခါနီးမှ လူစားဝင် ကစားခိုင်းခဲ့လို့ ရော်နယ်လ်ဒိုဘက်က ပါဝင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

Cristiano Ronaldo warned to get used to life on the bench by Erik ten Hag  after missing Man Utd's pre-season | The Sun

Photo Credit : The Sun

ဒီအခြေအနေတွေနဲ့ ပတ်သတ်ပြီး “ကျွန်တော်ကတော့ အကြောင်းပြချက်တွေလို့ပဲ မြင်မိတယ်။ ကျွန်တော် သူ့(တန်ဟက်ဂ်)ကို မဝေဖန်ချင်တဲ့ အကြောင်းအရာတွေ အများကြီးကို တွေ့မြင်ထားခဲ့ရတယ်။ သူ့မှာ ကျွန်တော့်အတွက် ကွဲပြားတဲ့ ရွေးချယ်မှုတွေ ရှိနိုင်တယ်။ သူတို့က အသင်းအတွက် ပိုကောင်းတယ်လို့ ထင်တဲ့ ကစားသမားတွေကို ရွေးချယ်ကြတယ်။ ဒါကို ကျွန်တော် လေးစားပါတယ်။ ဒါပေမယ့် တစ်ချိန်လုံး ဆင်ခြင်တွေပေးတယ်။ အကြောင်းပြချက်တွေ ပေးတယ်။ အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်တွေနဲ့ အချိန်တိုင်း ဆင်ခြင်ပေးလို့ မရဘူး။ ကောင်းပြီ။ ခင်ဗျားက ကျွန်တော့်ကို ကျွန်တော်ရဲ့ career ကို လေးစားသမှုကြောင့် မန်စီးတီးနဲ့ပွဲမှာ ထည့်မသုံးခဲ့တာဆိုရင် စပါးနဲ့ ကစားတဲ့ပွဲမှာတော့ (၃)မိနစ်လောက်လေး ဝင်ကစားစေချင်တယ်ပေါ့။ ဒါက အဓိပ္ပါယ် လုံးဝမရှိတာပါ။ ကျွန်တော်ကတော့ သူ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်ခဲ့တာလို့ပဲ ထင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ ဒီပွဲတွေကြောင့်သာမကပဲ အရင်ကတည်းက စိတ်အနှောင့်အယှင်တွေ ဖြစ်ခဲ့ရပါသေးတယ်။ ချယ်လ်ဆီးနဲ့ပွဲမှာ မပါဝင်လာနိုင်ခဲ့တဲ့အတွက်လည်း စိတ်ပျက်မိပါတယ်။ ရိုးရိုးသားသား ပြောရရင် ကျွန်တော် ဘယ်အသင်း ဘယ်နည်းပြနဲ့မှ ပြသာနာ မဖြစ်ခဲ့ဖူးပါဘူး” လို့ ရော်နယ်လ်ဒိုက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။