စံချိန်မှတ်တမ်းတွေဆိုတာဟာ သာမန်လူတွေ အလွယ်တကူ လိုက်ပြီး လုပ်ဆောင်လို့ မရတဲ့ အရာတွေလို့ အလွယ်တကူ အဓိပ္ပါယ် သတ်မှတ် လို့ ရပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ အဆိုပါ စံချိန်မှတ်တမ်းတွေဟာ မကြာခဏဆိုသလို ချိုးဖျက်ခံခဲ့ရပြီး ဘောလုံးလောကမှာ ရှိတ​ဲ့ စံချိန်မှတ်တမ်းတွေဟာလည်း မကြာခဏ ဆိုသလို စံချိန်သစ်တင်သူတွေကြောင့် ကျိုးပျက် လေ့ ရှိပါတယ်။ ဒါပေမယ့် ဘောလုံးသမိုင်းမှာ ချိုးဖျက်ဖို့ အလွန့်အလွန်ကို ခက်ခဲတဲ့ စံချိန် မှတ်တမ်း တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ပွဲချိန် မိနစ် တိုင်းမှာ သွင်းဂိုးတွေ သွင်းယူထားနိုင်တဲ့ စံချိန် ပဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

ကျွန်တော်တို့ချစ်တဲ့ ဘောလုံးပြိုင်ပွဲတွေဟာ တစ်ပွဲမှာ ၄၅မိနစ် ၊ ၄၅မိနစ်ဆိုပြီး ပွဲချိန်နှစ်ပိုင်း ပါဝင်ကာ ပွဲချိန်ပြည့်ဆိုရင်တော့ မိနစ်၉၀ပဲ ဖြစ်ပါတယ်။ အဆိုပါပွဲချိန် မိနစ်၉၀အတွင်းမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားတွေ မရေမတွက် နိုင်အောင် များပြားခဲ့ပေမယ့် ပွဲချိန် တစ်မိနစ် ကနေ စတင်ကာ ပွဲချိန် ကိုးဆယ်မိနစ်ပြည့်တဲ့ အထိ မိနစ်အလိုက် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ ကစားသမားကတော့ နှစ်ဦးတည်းသာ ရှိနေခဲ့ပါတယ်။ အဆိုပါ ကစားသမားနှစ်ဦးကတော့ ပေါ်တူဂီလက်ရွေးစင် အသင်းနဲ့ ဂျူဗင်တပ် အသင်းတို့ရဲ့ တိုက်စစ်မှူး စီရိုနယ်ဒိုနဲ့ အေစီမီလန်အသင်းရဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်တို့ပဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

ရိုနယ်ဒိုဟာ လက်ရှိအချိန်မှာ အသက်၃၅နှစ် အရွယ်ကို ရောက်ရှိနေပြီဖြစ်သလို အီဘရာဟီ မိုဗစ်ဟာလည်း လက်ရှိမှာ အသက်၃၈နှစ်အရွယ် ရှိနေပါပြီ။ ဒါပေမယ့် သူတို့နှစ်ဦးစလုံးဟာ လက်ရှိ အချိန်အထိ တစ်ဖက်အသင်းရဲ့ ခံစစ်မှူး တွေ ကြောက်ရွံ့ရတဲ့ ထိပ်တန်းတိုက်စစ်မှူးတွေ ဖြစ်နေသလို ရိုနယ်ဒိုဟာဆိုရင် စပို့တင်းအသင်း ၊ မန်ယူအသင်း ၊ ရီးရဲလ်မက်ဒရစ်အသင်း ၊ ပေါ်တူဂီအသင်း ၊ ဂျူဗင်တပ်အသင်းတို့မှာ ကစားခဲ့ပြီး ပွဲချိန် တစ်မိနစ်ကနေ စတင်ကာ ကိုးဆယ်မိနစ်အထိ မိနစ်တိုင်းမှာ ဂိုးသွင်းနိုင်ခဲ့သူ ဖြစ်ကာ အီဘရာဟီမိုဗစ်ကတော့ အေဂျက် ၊ ဘာစီလိုနာ ၊ အင်တာမီလန် ၊ အေစီမီလန် ၊ ပီအက်စ်ဂျီ ၊ မန်ယူ ၊ ဆွီဒင် ၊ အယ်လ်အေ ဂလက်စီ ၊ ဂျူဗင်တပ် ၊ မယ်လ်မို စတဲ့ အသင်းတွေမှာ ကစားခဲ့ပြီး မိနစ်၉ဝမှာ မိနစ်တိုင်း သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တ​ဲ့ စံချိန်ကို ရခဲ့တာပါ။