ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုကတော့ ယနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု တတိယပွဲစဉ်မှာ အတ္တလန်တာအသင်းကို ၂ဂိုးပြတ် အရှုံးကနေ ချေပဂိုးတွေ ၊ အနိုင်ဂိုးတွေ သွင်းယူပြီး Comeback နိုင်ပွဲတပွဲ ရယူနိုင်ခဲ့လို့ ပျော်ရွှင်နေပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အတ္တလန်တာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာလည်း ပထမပိုင်းမှာတင် ၂ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် ရိုနယ်ဒို ဦးဆောင်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒုတိယပိုင်းမှာတော့ ယခုနှစ် ဘောလုံးရာသီမှာ သူတိုအသင်းရဲ့ အကောင်းဆုံးပုံစံလို့ ပြောလို့ရတဲ့ ကစားပုံ တခုကို ချပြနိုင်ခဲ့သလို လိုအပ်တဲ့ ချေပဂိုးတွေနဲ့ အနိုင်ဂိုးကို ရရှိခဲ့ပြီး ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

အဆိုပါနိုင်ပွဲကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေရဲ့ ပထမအကျော့ ပြီးဆုံးချိန်မှာ အုပ်စုဗိုလ် အဖြစ် ရပ်တည်နိုင်ခဲ့သလို ပွဲပြီးဆုံးချိန်မှာလည်း ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ သမိုင်းကြောင်းမှာ လွယ်လွယ်နဲ့ အရှုံးပေးတဲ့ စိတ်ဓာတ်မျိုး မရှိဘူးလို ကြုံးဝါးသွားပါတယ်။

Photo Credit: Sky Sports

ရိုနယ်ဒိုက – ” ဒါပဲလေ။ အိမ်မက်ကဇာတ်ရုံကြီး ကတော့ အမြဲတမ်း တောက်လောင်နေဆဲပါ။ ငါတိုက မန်ချက်စတာ ယူနိုက်တက်ပဲ။ လွယ်လွယ်နဲ့ အရှုံးပေးတတ်တာ ငါတို မဟုတ်ဘူး။ ဒါက အိုးထရက်ဖိုဒ်ကွ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ် ကနေ အသင်းရဲ့ Comebackနိုင်ပွဲနဲ့ ပတ်သတ်ပြီး ကြုံးဝါး ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။