ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက ဗီရိုနာအသင်းကို (၂-၁) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ (၁) ဂိုး သွင်းယူခဲ့တာကြောင့် စီးရီးအေ ပွဲစဉ် (၁၀) ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မနေ့ညက ပွဲကစားချိန် (၆၅) မိနစ်မှာ အဖွင့်ဂိုး သွင်းခဲ့တာကြောင့် (၁၀) ပွဲဆက် ဂိုးသွင်းခဲ့ပြီး စီးရီးအေ ပြိုင်ပွဲမှာ ဂျုဗင်တပ်အသင်းအတွက် ပွဲစဉ် (၁၀) ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ဂျုဗင်တပ် ကစားသမား အဖြစ် စံချိန်သစ် တစ်ရပ် တင်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဂျုဗင်တပ်အသင်း နဲ့ ဗီရိုနာအသင်းတို့ ကစားခဲ့တဲ့ မနေ့ညက ပွဲစဉ်မှာတော့ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ကြဘဲ ဒုတိယပိုင်းမှာ ဂျုဗင်တပ်အသင်းက ရော်နယ်ဒိုရဲ့ သွင်းဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပေမဲ့ ချေပဂိုး (၂) ဂိုး ပြန်လည် ခွင့်ပြုခဲ့ရပါတယ်။ ဗီရိုနာအသင်းဟာ (၁-ဝ) နဲ့ ဦးဆောင်ခံခဲ့ရပေမဲ့ နောက်က လိုက်ကစားပြီး ပွဲကစားချိန် (၇၆) မိနစ်က ဘိုရီနီရဲ့ သွင်းဂိုး နဲ့ ပွဲကစားချိန် (၈၆) မိနစ်က ပက်ဇီနီတို့ရဲ့ သွင်းဂိုးကြောင့် ဂျုဗင်တပ်အသင်းကို (၂-၁) နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက (၁) ဂိုး သွင်းယူခဲ့တာကြောင့် စီးရီးအေ ပွဲစဉ် (၂၀) ကစားပြီးတဲ့ အချိန်မှာ သွင်းဂိုး (၂၀) ဂိုး ရှိသွားခဲ့ပြီး စီးရီးအေ ပြိုင်ပွဲမှာ ဒုတိယ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ တိုက်စစ်မှူး ရော်နယ်ဒိုဟာ စီးရီးအေ သွင်းဂိုး (၂၀) ဂိုး သွင်းယူခဲ့တာကြောင့် စီးရီးအေ သွင်းဂိုး (၂၅) ဂိုးနဲ့ စီးရီးအေ သွင်းဂိုး အများဆုံး သွင်းယူထားတဲ့ လာဇီယို တိုက်စစ်မှူး အင်မိုဘိုင်းလ်ကို မှီဖို့ နောက်ထပ် သွင်းဂိုး (၅) ဂိုးသာ လိုပါတော့တယ်။