ဘလွန်းဒီအော်ဆုကို (၅) ကြိမ်မြောက် ရထားတဲ့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ လက်ရှိမျက်မှောက်ခေတ်မှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ပေမဲ့ ဘိုင်ယန်အသင်း အနေနဲ့ ဘယ်တော့မှ မခေါ်ယူမှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် ဥက္ကဌ ဟာဘတ်က ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဘိုင်နယ်အတွက် အသက်ကြီးလွန်းနေပြီလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၅) ရက်နေ့က အသက် (၃၅) နှစ် ပြည့်သွားခဲ့ပြီ ဖြစ်ပြီး ဘိုင်ယန်အသင်းကို ပြောင်းနိုင်ချေ ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဘိုင်ယန် မြူးနစ် ဥက္ကဌ ဟာဘတ်ကတော့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူတို့အသင်းအတွက် အသက် အနည်းငယ် ကြီးလွန်းပြီလို့ TZ သတင်းမှာ အခိုင်အမာ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဘိုင်ယန် ဥက္ကဌ ဟာဘတ် ဟိုင်းနာက “သေချာတာပေါ့။ သတင်းတွေကို ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့အသင်းနဲ့ ချိတ်ဆက်နေတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့လည်း ရော်နယ်ဒိုကတော့ ကျွန်တော်တို့အသင်းအတွက် အသက် အနည်းငယ် ကြီးလွန်နေပါပြီ”လို့ ပြောသွားခဲ့ပြီး သူ အနေနဲ့ ရော်နယ်ဒိုကို ဘိုင်နယ်အသင်းအတွက် ဘယ်တော့မှ ခေါ်ယူမှာ မဟုတ်တာ ဖြစ်ပါတယ်။