အသက္အရႊယ္ေတြက တျဖည္းျဖည္းႀကီးမားလာခဲ႔ေပမယ့္လည္း ခရစၥတီယာႏုိေရာ္နယ္ဒုိရဲ႕ ပုံရိပ္ေတြ သူရဲ႕စြမ္းေဆာင္ရည္ေတြကေတာ့ က်ဆင္းလာခဲ႔ျခင္းမရွိေသးပဲနဲ႔ အေကာင္းဆုံးအဆင့္တစ္ခုမွာ အခုခ်ိန္ထိ ထိန္းသိမ္းထားႏုိင္ဆဲသာ ရွိေနပါတယ္။ ေရာ္နယ္ဒုိဟာ ဂ်ဳဗင္တပ္စ္အသင္းရဲ႕ အဓိက ကစားသမားအျဖစ္ ဆက္လက္ရွိေနဆဲျဖစ္သလုိ ေပၚတူဂီလက္ေရြးစင္အသင္းအတြက္မွာလည္း ေရာ္နယ္ဒုိျပန္ကစားေပးၿပီးေနာက္ပုိင္း အသင္းက ဟန္ခ်က္ပုိညီလာခဲ႔ကာ UEFA Nations League ကိုပါ ပုိင္ဆုိင္ႏုိင္ခဲ႔သလုိ ယူရုိေျခစစ္ပြဲေတြမွာလည္း ရလဒ္ေတြက ျပန္လည္ေကာင္းမြန္လ်က္ရွိေနပါတယ္။

Photo Credit : Getty Images

လက္ရွိမွာ ေရာ္နယ္ဒုိနဲ႔ပတ္သက္ၿပီး သတင္းမ်ိဳးစုံေတြ ထြက္ေပၚေနခဲ႔ေပမယ့္လည္း ကြ်န္ေတာ္ကေတာ့ ဒီေန႔မွာ ေရာ္နယ္ဒုိရဲ႕ အီတလီစီးရီးေအၿပိဳင္ပြဲအတြင္း ရရွိေနတဲ႔ တစ္ႏွစ္လုပ္ခလစာအေၾကာင္းကုိ ေဖာ္ျပသြားခ်င္တာျဖစ္ပါတယ္။  အီတလီရဲ႕ နာမည္ေက်ာ္ Gazzetta dello Sport ကေန ေဖာ္ျပလာခ်က္ေတြအရ ဂ်ဳဗင္တပ္စ္အသင္းရ႕ဲ တုိက္စစ္ကစားသမား ေရာ္နယ္ဒုိဟာ တစ္ပတ္လုပ္ခ ယူရုိ၆သိန္းအထိ ရရွိေနလ်က္ရွိၿပီး တစ္ပတ္လုပ္ခက ယူရုိ၃၁သန္းအထိ ရွိေနကာ ဒါဟာ စီးရီးေအရဲ႕ အျမင့္မားလုပ္ခလည္း ျဖစ္လုိ႔ေနပါတယ္။

Photo Credit : Getty Images

ေရာ္နယ္ဒုိရဲ႕ ေနာက္ ဒုတိယေနရာမွာေတာ့ ဒီႏွစ္ေဘာလုံးရာသီမွ ေအဂ်က္စ္ကေန ဂ်ဳဗင္တပ္စ္အသင္းဆီကုိ ေရာက္ရွိလာခဲ့တဲ႔ နယ္သာလန္ေနာက္ခံကစားသမား ဒီလစ္က တစ္ႏွစ္လုပ္ခ ယူရုိ၈သန္း အပုိဆုေၾကး ယူရုိ၄သန္းနဲ႔ ရပ္တည္လုိ႔ေနၿပီး အင္တာမီလန္အသင္းရဲ႕ တုိက္စစ္မွဴးသစ္ လူကာကူက တစ္ႏွစ္လုပ္ခ ယူရုိ၇.၅သန္း ႏွစ္စဥ္အပုိဆုေၾကး ယူရုိ၁.၅သန္းနဲ႔ တတိယေနရာတုိ႔ အသီးသီးရပ္တည္လုိ႔ေနပါတယ္။ အဆင့္၄ေနရာမွာေတာ့ ေရာ္နယ္ဒုိရဲ႕ အသင္းေဖာ္ျဖစ္တဲ႔ ဂ်ဳဗင္တပ္စ္ဝါရင့္တုိက္စစ္မွဴး ဂြန္ဇာလုိဟီဂြာအင္ရွိေနသလုိ အဆင့္၅ေနရာမွာလည္း ဟီဂြာအင္နဲ႔ ကလပ္အသင္းေရာ ႏုိင္ငံအသင္းမွာပါ အသင္းေဖာ္ျဖစ္တဲ႔ ေပၚလုိဒီဘားလားက ရပ္တည္လုိ႔ေနပါတယ္။

Photo Credit : Getty Images

အီတလီစီးရီးေအၿပိဳင္ပြဲဟာ ဒီႏွစ္ေဘာလုံးရာသီမွာေတာ့ ကစားသမားသစ္ေခၚယူမႈအတြင္း ေငြေၾကးသုံးစြဲတာေတြ မ်ားျပားခဲ႔သလုိ စံခ်ိန္တင္ေအာင္ အသုံးစရိတ္ ျမင့္တတ္ခဲ႔ပါတယ္။ ကလပ္အသင္းေတြထဲမွာေတာ့ ကစားသမားေတြအတြက္ လစာအသုံးျပဳမႈအပုိင္းမွာေတာ့ စီးရီးေအရဲ႕ ၿပိဳင္စံရွား ခ်န္ပီယံအသင္းႀကီးျဖစ္တဲ႔ ဂ်ဳဗင္တပ္စ္အသင္းက တစ္ႏွစ္အတြင္းမွာပဲ လစာေပါင္း ယူရုိ၂၉၄သန္းအထိ ေပးေခ်ခဲ႔ရသလုိ ဒီရာသီမွာ ဂ်ဳဗင္တပ္စ္ကုိ အနီးကပ္ဆုံး ၿပိဳင္ဘက္ျဖစ္လာႏုိင္တယ္လုိ႔ သုံးသပ္ခံထားရတဲ႔ အင္တာမီလန္အသင္းက ယူရုိ၁၃၉သန္းနဲ႔ ဒုတိယေနရာ ရုိးမားအသင္းက ယူရုိ၁၂၅သန္းနဲ႔ တတိယေနရာတုိ႔မွာ အသီးသီးရပ္တည္ေနပါတယ္ခင္ဗ်ာ။

(Unicode)

အသက်အရွှယ်တွေက တဖြည်းဖြည်းကြီးမားလာခဲ့ပေမယ့်လည်း ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ပုံရိပ်တွေ သူရဲ့စွမ်းဆောင်ရည်တွေကတော့ ကျဆင်းလာခဲ့ခြင်းမရှိသေးပဲနဲ့ အကောင်းဆုံးအဆင့်တစ်ခုမှာ အခုချိန်ထိ ထိန်းသိမ်းထားနိုင်ဆဲသာ ရှိနေပါတယ်။ ရော်နယ်ဒိုဟာ ဂျုဗင်တပ်စ်အသင်းရဲ့ အဓိက ကစားသမားအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သလို ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်မှာလည်း ရော်နယ်ဒိုပြန်ကစားပေးပြီးနောက်ပိုင်း အသင်းက ဟန်ချက်ပိုညီလာခဲ့ကာ UEFA Nations League ကိုပါ ပိုင်ဆိုင်နိုင်ခဲ့သလို ယူရိုခြေစစ်ပွဲတွေမှာလည်း ရလဒ်တွေက ပြန်လည်ကောင်းမွန်လျက်ရှိနေပါတယ်။

Photo Credit : Getty Images

လက်ရှိမှာ ရော်နယ်ဒိုနဲ့ပတ်သက်ပြီး သတင်းမျိုးစုံတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း ကျွန်တော်ကတော့ ဒီနေ့မှာ ရော်နယ်ဒိုရဲ့ အီတလီစီးရီးအေပြိုင်ပွဲအတွင်း ရရှိနေတဲ့ တစ်နှစ်လုပ်ခလစာအကြောင်းကို ဖော်ပြသွားချင်တာဖြစ်ပါတယ်။  အီတလီရဲ့ နာမည်ကျော် Gazzetta dello Sport ကနေ ဖော်ပြလာချက်တွေအရ ဂျုဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ တစ်ပတ်လုပ်ခ ယူရို၆သိန်းအထိ ရရှိနေလျက်ရှိပြီး တစ်ပတ်လုပ်ခက ယူရို၃၁သန်းအထိ ရှိနေကာ ဒါဟာ စီးရီးအေရဲ့ အမြင့်မားလုပ်ခလည်း ဖြစ်လို့နေပါတယ်။

Photo Credit : Getty Images

ရော်နယ်ဒိုရဲ့ နောက် ဒုတိယနေရာမှာတော့ ဒီနှစ်ဘောလုံးရာသီမှ အေဂျက်စ်ကနေ ဂျုဗင်တပ်စ်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ နယ်သာလန်နောက်ခံကစားသမား ဒီလစ်က တစ်နှစ်လုပ်ခ ယူရို၈သန်း အပိုဆုကြေး ယူရို၄သန်းနဲ့ ရပ်တည်လို့နေပြီး အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူးသစ် လူကာကူက တစ်နှစ်လုပ်ခ ယူရို၇.၅သန်း နှစ်စဉ်အပိုဆုကြေး ယူရို၁.၅သန်းနဲ့ တတိယနေရာတို့ အသီးသီးရပ်တည်လို့နေပါတယ်။ အဆင့်၄နေရာမှာတော့ ရော်နယ်ဒိုရဲ့ အသင်းဖော်ဖြစ်တဲ့ ဂျုဗင်တပ်စ်ဝါရင့်တိုက်စစ်မှူး ဂွန်ဇာလိုဟီဂွာအင်ရှိနေသလို အဆင့်၅နေရာမှာလည်း ဟီဂွာအင်နဲ့ ကလပ်အသင်းရော နိုင်ငံအသင်းမှာပါ အသင်းဖော်ဖြစ်တဲ့ ပေါ်လိုဒီဘားလားက ရပ်တည်လို့နေပါတယ်။

Photo Credit : Getty Images

အီတလီစီးရီးအေပြိုင်ပွဲဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ ကစားသမားသစ်ခေါ်ယူမှုအတွင်း ငွေကြေးသုံးစွဲတာတွေ များပြားခဲ့သလို စံချိန်တင်အောင် အသုံးစရိတ် မြင့်တတ်ခဲ့ပါတယ်။ ကလပ်အသင်းတွေထဲမှာတော့ ကစားသမားတွေအတွက် လစာအသုံးပြုမှုအပိုင်းမှာတော့ စီးရီးအေရဲ့ ပြိုင်စံရှား ချန်ပီယံအသင်းကြီးဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းက တစ်နှစ်အတွင်းမှာပဲ လစာပေါင်း ယူရို၂၉၄သန်းအထိ ပေးချေခဲ့ရသလို ဒီရာသီမှာ ဂျုဗင်တပ်စ်ကို အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်လာနိုင်တယ်လို့ သုံးသပ်ခံထားရတဲ့ အင်တာမီလန်အသင်းက ယူရို၁၃၉သန်းနဲ့ ဒုတိယနေရာ ရိုးမားအသင်းက ယူရို၁၂၅သန်းနဲ့ တတိယနေရာတို့မှာ အသီးသီးရပ်တည်နေပါတယ်ခင်ဗျာ။