ဂျုဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ သူ့ထက်တောင် အသေအချာ လျင်မြန်လွန်းတဲ့ အားကစားသမားတစ်ယောက်ဖြစ်တယ်လို့ ကမ္ဘာ့စံချိန်တင် တာတိုအပြေးသမားလည်းဖြစ် အိုလံပစ်မှာ ရွှေတံဆိပ်(၈)ဆုအထိ ပိုင်ဆိုင်ထားခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမာခံပရိသတ် အူစိန်ဘော့ကနေ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit : CNBC

အသက်(၃၄)နှစ်အရွှယ်ရှိ ဂျမေကာနိုင်ငံသား တာတိုအပြေးချန်ပီယံကြီး အူစိန်ဘော့ဟာ မီတာ(၂၀၀)အပြေးပြိုင်ပွဲတွေမှာ World Records ပေါင်းတစ်ရာကျော်လောက်ကို ပိုင်ဆိုင်ထားခဲ့တဲ့ ကမ္ဘာကျော်အားကစားသမ့ားကောင်းတစ်ယောက်ဖြစ်ပြီး ၂၀၀၉ခုနှစ်တုန်းက ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲအတွင်း မီတာတစ်ရာ တာတိုအပြေးပြိုင်ပွဲကို ၉.၅၈စက္ကန့်နဲ့ ပန်းဝင်ခဲ့ပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁ရခုနှစ်မှာ တာတိုအပြေးသမားဘဝနေ အနားယူလိုက်တဲ့ အူစိန်ဘော့က ပေါ်တူဂီဘောလုံးသမား ရော်နယ်ဒိုက သူ့ထက် ပိုလျင်မြန်တဲ့ အားကစားသမားတစ်ယောက်ဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Marca

အူစိန်ဘော့က “ရော်နယ်ဒိုက ကျွန်တော်ထက်ကို လျင်မြန်လှတဲ့ အားကစားသမားတစ်ယောက်ဆိုတာ အသေအချာပါပဲ။ ကျွန်တော့်အမြင်ဆိုရင်တော့ သူက နေ့တိုင်းလိုလို လေ့ကျင့်ခန်းတွေ အဆက်မပြတ် ပြုလုပ်လေ့ရှိတဲ့ တကယ့်ကို စူပါအားကစားသမားတစ်ယောက်ပါ။ ဒါကြောင့်လည်း သူက ပွဲတိုင်းနီးပါးမှာ အကောင်းဆုံးစွမ်ဆောင်ရည်တွေနဲ့ ကစားနေနိုင်တာပါ။ သူက အရမ်းကိုကြိုးစားအားထုတ်တယ်။ အာရုံစိုက်မှုလည်း ကောင်းမွန်တယ်။ အခုအချိန်မှာဆိုရင် သူက ကျွန်တော့်ထက်ကို လျင်မြန်လွန်းတဲ့ အားကစားသမားတစ်ယောက်ဆိုတာ အသေချာဆုံးပါပဲ” လို့ Marca Sport Weekend မှာ ပြောဆိုသွားခဲ့ပါတယ်။ အသက်(၃၅)နှစ်အရွှယ်ရှိ ရော်နယ်ဒိုဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်မှုကို ရင်ဆိုင်ခဲ့ရပေမယ့် ကိုဗစ်ကနေ ပြန်လည်သက်သာလာချိန်မှာတော့ သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ပြသထားနိုင်ခဲ့ကာ ဂျုဗင်တပ်စ်နဲ့ ပေါ်တူဂီအသင်းတို့အတွက် သွင်းဂိုး(၄)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ လတ်တလောမှာတော့ ရော်နယ်ဒိုရဲ့အနာဂတ်အခြေအနေတွေက လှုပ်ခတ်လျက်ရှိနေပြီး ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ ပီအက်စ်ဂျီ ဒါမှမဟုတ် သူရဲ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကစားဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။