ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကတော့ အခုလ၊ မေလ၊ အစပိုင်းမှာ ပေါ်တူဂီနိုင်ငံကနေ အီတလီနိုင်ငံကို ပြန်ရောက်လာခဲ့ပြီး ယခုအပတ်၊ ယနေ့၊ အင်္ဂါနေ့မှာ ကိုရိုနာ ဖြစ်ပြီးနောက် ပထမဆုံး အကြိမ် အဖြစ် ဂျုဗင်တပ်အသင်းနဲ့ အတူ လေ့ကျင့်ရေး ပြန်ဆင်းပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မေလ၊ အစပိုင်းမှာ ပေါ်တူဂီနိုင်ငံကနေ အီတလီနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ အချိန်မှာ ပြည်ပက ဝင်ရောက်လာတဲ့ သူတွေအနေနဲ့ (၁၄) ရက်ကြာ သီးခြားနေရမယ်လို့ အီတလီအစိုးရ ထုတ်ပြန်ခဲ့တာကြောင့် (၁၄) ရက်ကြာ သီးခြားနေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Dailymail

ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်ပွားနေခဲ့တဲ့ အချိန်မှာ ပေါ်တူဂီနိုင်ငံ မက်ဒီးရာမြို့က သူ့ရဲ့ နေအိမ်မှာ မိသားစုနဲ့ အတူ နေထိုင်နေခဲ့ပြီး ပြီးခဲ့တဲ့ မေလက အီတလီနိုင်ငံကို သူ့ရဲ့ ချစ်သူ ဂျော်ဂျီယာနဲ့ အတူတူ ပြန်လာခဲ့ပါတယ်။ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပေါ်တူဂီနိုင်ငံမှာ နေထိုင်ခဲ့စဉ်ကလည်း သူ့ရဲ့ လှုပ်ရှားမှုတွေကို လူမှုကွန်ရက်ကနေ အမြဲ အသိပေးနေခဲ့ပြီး ပေါ်တူဂီနိုင်ငံမှာ သီးခြားနေစဉ်က တစ်ယောက်တည်း လေ့ကျင့်ရေး ပြုလုပ်နေခဲ့ပါတယ်။

Photo Credit: Dailymail

အီတလီနိုင်ငံက ဘောလုံး အသင်းတွေဟာ ယခုလ မေလ (၁၈) ရက်နေ့ကနေ စတင်ပြီး လေ့ကျင့်ရေး ပြန်ဆင်းနိုင်ပြီ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ အပတ်မှာ တရားဝင် ထုတ်ပြန်သွားခဲ့ပြီး လက်ရှိရာသီ ဘောလုံး ပြိုင်ပွဲကိုတော့ လာမယ့် ဇွန်လမှာ ပြန်လည် စတင်ဖွယ် ရှိပါတယ်။ အီတလီ ဝန်ကြီးချုပ် ကွန်တီ (Conte) က ဘယ် အားကစား ပြိုင်ပွဲကို မဆို လာမယ့် ဇွန်လ (၁၄) ရက်နေ့အထိ ကစားခွင့် မရှိဘူးလို့ တရားဝင် ပြောခဲ့ပြီး အီတလီ ဘောလုံး အဖွဲ့ချုပ် (FIGC) ကလည်း ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ကို လိုက်နာမယ်လို့ ထုတ်ပြန်သွားပါတယ်။ ဂျုဗင်တပ်အသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကို စတင် ကူးစက်ခံခဲ့ရတဲ့ အသင်း ဖြစ်ပေမဲ့ လက်ရှိမှာတော့ သက်သာလာကြပြီ ဖြစ်ပြီး လေ့ကျင့်ရေး ပြန်ဆင်းနေကြပြီပဲ ဖြစ်ပါတယ်။