ဂျုဗင်တပ် နည်းပြ ဆာရီကတော့ မနေ့ညက အတ္တလန်တာအသင်းနဲ့ (၂-၂) သရေကျခဲ့တဲ့ စီးရီးအေ အိမ်ကွင်း ပွဲစဉ်မှာ ချေပဂိုး (၂) ဂိုး သွင်းယူခဲ့တဲ့ အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကို  ခြေသုံးရင်ရော ခေါင်းသုံးရင်ရော ချန်ပီယံ တစ်ဦး ဖြစ်ပါတယ်လို့ ချီးကျူးသွားတာ ဖြစ်ပါတယ်။ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ အတ္တလန်အသင်းနဲ့ ကစားသွားတဲ့ ပွဲစဉ်မှာ ဇာပါတာရဲ့ သွင်းဂိုးကို ဒုတိယပိုင်း ချေပဂိုး ပြန်လည် သွင်းယူခဲ့ပြီး ပွဲပြီးခါနီး ခွင့်ပြုပေးခဲ့ရတဲ့ မာလီနော့ဗ်ရဲ့ သွင်းဂိုးကိုလည်း နာကျင်အချိန်ပိုမှာ ချေပဂိုး ပြန်လည် သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

 

နည်းပြ ဆာရီရဲ့ ဂျုဗင်တပ်အသင်းဟာ မနေ့ညက ပွဲစဉ်မှာ အတ္တလန်တာအသင်းကို သရေကျသွားခဲ့တာကြောင့် စီးရီးအေ ပြိုင်ပွဲမှာ ရမှတ် (၇၆) မှတ် ရရှိထားပြီး လက်ကျန်ပွဲစဉ် (၆) ပွဲသာ ကစားဖို့ လိုအပ်တော့တဲ့ အချိန်မှာ ရမှတ် (၈) မှတ်ဖြတ်ပြီး ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ ဂျုဗင်တပ်အသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲစဉ်မှာ လိုင်ယွန်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ဂျုဗင်တပ် နည်းပြ ဆာရီကတော့ သွင်းဂိုးတွေ ပြန်လည် သွင်းယူလာနိုင်တဲ့ အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကို ချန်ပီယံ တစ်ယောက် ဖြစ်တယ်လို့ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

 

Photo Credit: Goal

 

သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ဆာရီက “ရော်နယ်ဒိုဟာ ခေါင်းသုံးရင်ရော ခြေသုံးရင်ရော ချန်ပီယံ တစ်ဦးပဲ ဖြစ်ပါတယ်။ သူက သူ့မှာ ရှိတဲ့ ဖိအားဒဏ်တွေကို မယုံနိုင်စရာ နည်းလမ်းနဲ့ ဖြေရှင်းနိုင်ပါတယ်။ ဒီနေ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ရမှတ်က ခြွေထွက်ပြီး ရရှိခဲ့တာ ဖြစ်တာကြောင့်မို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့က ဥရောပမှာ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းကို သရေကျခဲ့ပါတယ်။ ဒီရလဒ်က အလွန် အရေးကြီးတဲ့ ရလ် ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ အရည်အချင်းကြောင့် ကံကောင်းမှုတွေ ရရှိခဲ့ပြီး ကျွန်တော်တို့က ပို တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ ပြိုင်ဘက်အသင်းရဲ့ ကြံခိုင်မှု ကျဆင်းလာမှုကို အာရုံစိုက်ခဲ့ကြပြီး ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ အကောင်းဆုံး အချိန်မှာ သွင်းဂိုးတွေကို ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်”လို့ ပြောသွားပါတယ်။