ခရစ္စတီယာနို ရော်နယ်လ်ဒို ခေါ် နှစ်ချို့ဝိုင်ကြီးကတော့ ကြာလေ ကောင်းလေ ဖြစ်နေရပြီး လက်ရှိမှာလည်း သူရဲ့ စွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ အယ်လ်နာဆာအသင်းက တောက်လျှောက်ကို ရလဒ်ကောင်းတွေ ဆက်တိုက် ရရှိနေပါတယ်။

အယ်လ်နာဆာအသင်းကို အာရပ် ကလပ် ချန်ပီယံရှစ်ဖလား ရယူပေးခဲ့ပြီးနောက် ဒဏ်ရာ ပြသာနာကြောင့် ဆော်ဒီလိဂ်ပွဲ တစ်ပွဲ လွဲချော်ခဲ့ရတဲ့ ရော်နယ်လ်ဒိုက သူ ပြန်လည် ပါဝင်ပေးခဲ့တဲ့ နောက်ပိုင်းပွဲတွေမှာတော့ အသင်းအပေါ် အတော်လေး အကျိုးပြုပေးနိုင်ခဲ့ပါတယ်။

WATCH: The first to ever do it! Cristiano Ronaldo makes history with 850th  career goal in man of the match display as Al-Nassr thrash Al-Hazm |  Goal.com

Photo Credit : Goal

အယ်လ်တာဝန်အသင်းနဲ့ ပွဲစဉ်မှာပဲ အသင်းအတွက် ပြန်ကစားပေးနိင်ခဲ့ပေမယ့် အဲ့ဒီပွဲမှာ ဘာမှ မစွမ်းဆောင်နိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ AFC ချန်ပီယံလိဂ် ပလေးအော့ပွဲမှာ အသင်းအတွက် ဂိုးဖန်တီးမှုတစ်ကြိမ် စတင် စွမ်းဆောင်ပေးခဲ့ပါတယ်။

အဲ့ဒီနောက် အယ်လ်ဖာတက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဆော်ဒီ အမှတ်ပေးလိဂ်ပွဲမှာတော့ ရော်နယ်လ်ဒိုက အယ်လ်နာဆာအသင်းအတွက် ဟက်ထရစ်ပါ ရယူပေးနိုင်ခဲ့ပြီး အယ်လ်နာဆာကိုလည်း ဒီရာသီမှာ ပထမဆုံး လိဂ်နိုင်ပွဲ ရရှိသွားစေခဲ့ပါတယ်။

ဆက်လက်ပြီး အယ်လ်ရှာဘတ်အသင်းနဲ့ လိဂ်ပွဲစဉ်မှာလည်း ရော်နယ်လ်ဒိုကပဲ ပင်နယ်တီ သွင်းဂိုး (၂)ဂိုးကို သွင်းယူရင်း မာနေးရဲ့ ဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကြောင့်ပဲ ရော်နယ်လ်ဒို ဆော်ဒီလိဂ်ရဲ့ သြဂုတ်လ တစ်လတာအတွင်း အကောင်းဆုံး ကစားသမားဆုကိုပါ သိမ်းပိုက်ရရှိခဲ့ပါသေးတယ်။

Photo Credit : Sport Brief

သြဂုတ်လရဲ့ MOTM ဆုရှင် ရော်နယ်လ်ဒိုက မနေ့ည အယ်လ်ဟာဇင်အသင်းနဲ့ ရင်ဆိုင်ခဲ့ရာမှာလည်း အသင်းဖော်တွေအတွက် ဂိုး(၂)ဂိုး ဖန်တီးပေးနိုင်ခဲ့သလို သူကိုယ်တိုင်ကလည်း သွင်းဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါသေးတယ်။

အခုဆိုရင် ရော်နယ်လ်ဒိုက ဒီရာသီ ဆော်ဒီလိဂ်မှာ သွင်းဂိုး (၆)ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသလို ဂိုးဖန်တီးမှုမှာလည်း (၄)ကြိမ် ပြုထုပ်ထားနိုင်လို့ အယ်လ်တာဝန်က ဘရာဇီးလ် ကစားသမား မာသီးယပ်စ်နဲ့အတူ ဂိုးဖန်တီးမှု အများဆုံးအဖြစ် ပူးတွဲ ရပ်တည်နေပါတယ်။