ခ်န္ပီယံလိဂ္ဆုဖလားကို အရယူဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းကေန ဂ်ဴဗင္တပ္အသင္းဆီကို ေျပာင္းေရႊ႕လာခဲ့တဲ့ ဂိုးသြင္းမုဆိုး စီရိုနယ္ဒိုကေတာ့ စီးရီးေအၿပိဳင္ပြဲမွာ ေရႊဖိနပ္ဆုကို ရရွိဖို႔အတြက္ ႐ုန္းကန္ေနရသူပါ။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ ၊ လာလီဂါၿပိဳင္ပြဲေတြမွာ ေရႊဖိနပ္ဆုေတြ ရယူနိုင္ခဲ့တဲ့ ရိုနယ္ဒိုဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ စီးရီးေအေရႊဖိနပ္ဆုနဲ႔ လြဲခဲ့ရသလို လက္ရွိေဘာလုံးရာသီမွာလည္း စီးရီးေအေရႊဖိနပ္ဆုကို ရယူဖို႔အတြက္ အခြင့္အေရး အေတာ္ေလးကို နည္းသြားခဲ့ၿပီလို႔ သိရပါတယ္။

Photo Credit: Metro.com

အသက္၃၄ႏွစ္အရြယ္ရွိေနၿပီျဖစ္တဲ့ ေပၚတူဂီသားႀကီး စီရိုနယ္ဒိုဟာ လက္ရွိ ေဘာလုံးရာသီမွာ ဂ်ဴဗင္တပ္အသင္းအတြက္ စီးရီးေအပြဲစဥ္ ၁၄ပြဲအထိ ကစားေပးထားၿပီး သြင္းဂိုး ၁၀ဂိုးနဲ႔အတူ ဂိုးဖန္တီးမွု ၁ႀကိမ္ ျပဳလုပ္ထားနိုင္သူပါ။ ၁၄ပြဲကစားၿပီးခ်ိန္မွာ ၁၀ဂိုးအထိ သြင္းယူေပးထားနိုင္တာဟာ အသက္၃၄ႏွစ္အရြယ္ ကစားသမားတစ္ဦးအတြက္ ေကာင္းမြန္တဲ့ ေျခစြမ္းလို႔ ေျပာနိုင္ေပမယ့္ စီးရီးေအေရႊဖိနပ္ဆုကို ရယူဖို႔ အတြက္ေတာ့ ဒီထက္ပိုမိုတဲ့ ေျခစြမ္းကို ျပသနိုင္ဖို႔ လိုအပ္ပါတယ္။

Photo Credit: Metro.com

ယမန္ေန႔ညက ကစားသြားခဲ့တဲ့ ဘရက္စီယာအသင္းနဲ႔ လာဇီယိုအသင္းတို႔ရဲ့ ပြဲစဥ္မွာ လာဇီယိုအသင္းရဲ့ တိုက္စစ္မွူး အမ္မိုဘိုင္းလီဟာ တစ္ဦးတည္း ႏွစ္ဂိုးသြင္းယူနိုင္ခဲ့ၿပီးေနာက္ သူဟာ လက္ရွိစီးရီးေအ ေဘာလုံးရာသီမွာ စုစုေပါင္း သြင္းဂိုး၁၉အထိ သြင္းယူထားနိုင္ခဲ့ကာ ေရႊဖိနပ္ဆုကို ဆြတ္ခူးနိုင္ဖို႔အတြက္ အေကာင္းဆုံးအေနအထားတစ္ခုမွာ ရွိေနပါတယ္။ အသက္၂၉ႏွစ္အရြယ္ရွိေနၿပီျဖစ္တဲ့ အမ္မိုဘိုင္းလီဟာ ဒီရာသီမွာ လာဇီယိုအသင္းအတြက္ ၁၇ပြဲကစားၿပီးထားခ်ိန္မွာ သြင္းဂိုး၁၉ဂိုးနဲ႔အတူ ဂိုးဖန္တီးမွု ၅ႀကိမ္အထိ ျပဳလုပ္ေပးထားနိုင္သူပဲ ျဖစ္ပါတယ္။

Photo Credit: Metro.com

အမ္မိုဘိုင္းလီဟာ အသက္အရြယ္အရ အေကာင္းဆုံးေျခစြမ္းကို ပိုင္ဆိုင္ထားသလို လာဇီယိုအသင္းရဲ့ ပင္တိုင္ ပင္နယ္တီကန္သြင္းသူျဖစ္တာေၾကာင့္ သူ႔အေနနဲ႔ လာမယ့္ပြဲစဥ္ေတြမွာလည္း သြင္းဂိုးေတြ ဆက္တိုက္ရရွိဖို႔ ရွိေနပါတယ္။ ရိုနယ္ဒိုအေနနဲ႔ကေတာ့ လက္ရွိအခ်ိန္မွာ အမ္မိုဘိုင္းလီနဲ႔ သြင္းဂိုး၉ဂိုးအထိ ကြာဟေနသလို ေရႊဖိနပ္ဆုအတြက္ အင္တာမီလန္အသင္းရဲ့ လူကာကူ ၊ မာတီနက္စ္စတဲ့ ကစားသမားေတြကလည္း ရွိေသးတာေၾကာင့္ ယခုေဘာလုံးရာသီမွာ ရိုနယ္ဒိုတစ္ေယာက္ စီးရီးေအေရႊဖိနပ္ဆုကို ရယူဖို႔ မလြယ္ကူေတာ့ဘူးလို႔ ဆိုရမွာပါ။

ချန်ပီယံလိဂ်ဆုဖလားကို အရယူဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ဂျူဗင်တပ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသွင်းမုဆိုး စီရိုနယ်ဒိုကတော့ စီးရီးအေပြိုင်ပွဲမှာ ရွှေဖိနပ်ဆုကို ရရှိဖို့အတွက် ရုန်းကန်နေရသူပါ။ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၊ လာလီဂါပြိုင်ပွဲတွေမှာ ရွှေဖိနပ်ဆုတွေ ရယူနိုင်ခဲ့တဲ့ ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ စီးရီးအေရွှေဖိနပ်ဆုနဲ့ လွဲခဲ့ရသလို လက်ရှိဘောလုံးရာသီမှာလည်း စီးရီးအေရွှေဖိနပ်ဆုကို ရယူဖို့အတွက် အခွင့်အရေး အတော်လေးကို နည်းသွားခဲ့ပြီလို့ သိရပါတယ်။

Photo Credit: Metro.com

အသက်၃၄နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ပေါ်တူဂီသားကြီး စီရိုနယ်ဒိုဟာ လက်ရှိ ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်းအတွက် စီးရီးအေပွဲစဉ် ၁၄ပွဲအထိ ကစားပေးထားပြီး သွင်းဂိုး ၁၀ဂိုးနဲ့အတူ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်သူပါ။ ၁၄ပွဲကစားပြီးချိန်မှာ ၁၀ဂိုးအထိ သွင်းယူပေးထားနိုင်တာဟာ အသက်၃၄နှစ်အရွယ် ကစားသမားတစ်ဦးအတွက် ကောင်းမွန်တဲ့ ခြေစွမ်းလို့ ပြောနိုင်ပေမယ့် စီးရီးအေရွှေဖိနပ်ဆုကို ရယူဖို့ အတွက်တော့ ဒီထက်ပိုမိုတဲ့ ခြေစွမ်းကို ပြသနိုင်ဖို့ လိုအပ်ပါတယ်။

Photo Credit: Metro.com

ယမန်နေ့ညက ကစားသွားခဲ့တဲ့ ဘရက်စီယာအသင်းနဲ့ လာဇီယိုအသင်းတို့ရဲ့ ပွဲစဉ်မှာ လာဇီယိုအသင်းရဲ့ တိုက်စစ်မှူး အမ်မိုဘိုင်းလီဟာ တစ်ဦးတည်း နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် သူဟာ လက်ရှိစီးရီးအေ ဘောလုံးရာသီမှာ စုစုပေါင်း သွင်းဂိုး၁၉အထိ သွင်းယူထားနိုင်ခဲ့ကာ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ဖို့အတွက် အကောင်းဆုံးအနေအထားတစ်ခုမှာ ရှိနေပါတယ်။ အသက်၂၉နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အမ်မိုဘိုင်းလီဟာ ဒီရာသီမှာ လာဇီယိုအသင်းအတွက် ၁၇ပွဲကစားပြီးထားချိန်မှာ သွင်းဂိုး၁၉ဂိုးနဲ့အတူ ဂိုးဖန်တီးမှု ၅ကြိမ်အထိ ပြုလုပ်ပေးထားနိုင်သူပဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

အမ်မိုဘိုင်းလီဟာ အသက်အရွယ်အရ အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားသလို လာဇီယိုအသင်းရဲ့ ပင်တိုင် ပင်နယ်တီကန်သွင်းသူဖြစ်တာကြောင့် သူ့အနေနဲ့ လာမယ့်ပွဲစဉ်တွေမှာလည်း သွင်းဂိုးတွေ ဆက်တိုက်ရရှိဖို့ ရှိနေပါတယ်။ ရိုနယ်ဒိုအနေနဲ့ကတော့ လက်ရှိအချိန်မှာ အမ်မိုဘိုင်းလီနဲ့ သွင်းဂိုး၉ဂိုးအထိ ကွာဟနေသလို ရွှေဖိနပ်ဆုအတွက် အင်တာမီလန်အသင်းရဲ့ လူကာကူ ၊ မာတီနက်စ်စတဲ့ ကစားသမားတွေကလည်း ရှိသေးတာကြောင့် ယခုဘောလုံးရာသီမှာ ရိုနယ်ဒိုတစ်ယောက် စီးရီးအေရွှေဖိနပ်ဆုကို ရယူဖို့ မလွယ်ကူတော့ဘူးလို့ ဆိုရမှာပါ။