မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အဆင့်(၄)အတွင်း ဝင်ရောက်နိုင်ခြင်း မရှိလို့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲခွင့်ပါ ဆုံးရှုံးရမယ်ဆိုရင် အသင်းရဲ့ ကစားသမားတွေအနေနဲ့ လစာရဲ့ (၂၅)%ထိ လျှော့ချခံရနိုင်ပြီး လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင်(၃၈၅၀၀၀)အထိ ရရှိနေတဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုလည်း ဒီလို လစာလျှော့ချရနိုင်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့သာ လွဲချော်ခဲ့မယ်ဆိုရင် အသင်းနဲ့ လက်တွဲဖြုတ်ဖို့်က သေချာသလောက် ရှိနိုင်ပါတယ်။

Ronaldo took a pay cut from his £500,000 a week deal at Juventus to move to United last year

Photo Credit : Daily Mail

ပေါ်တူဂီ ထိပ်တန်း တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ ဂျုဗင်တပ်စ်ကနေ ယူနိုက်တက်ဆီ ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၂၃)ပွဲအတွင်း (၁၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် အသင်းက ရလဒ်ပိုင်းတွေ ပုံမှန်ရှိမနေပဲ လက်ရှိမှာဆိုရင်လည်း အမှတ်ပေးဇယားရဲ့ အဆင့်(၇)နေရာကို ရောက်ရှိနေရပါတယ်။ လက်ရှိ အခြေအနေအရ အဆင့်(၄)နေရာကို ရောက်ရှိနေတဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ယူနိုက်တက်တို့ကြားမှာ ရမှတ်ကွာဟချက်က (၂)မှတ်သာ ရှိနေတဲ့အပြင် ဒီတစ်ပတ်မှာလည်း အသင်းနှစ်သင်းက ထိပ်တိုက်ဆုံတွေ့ကြမှာဖြစ်လို့ ရပ်တည်မှု အပြောင်းအလဲတွေ ဖြစ်သွားနိုင်ဖွယ် ရှိနေပါတယ်။

Ronaldo (left) and United are struggling this season and currently lie in seventh place

Photo Credit : Daily Mail

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ အဆင့်(၄)အတွင်း ဝင်ရောက်အောင် မစွမ်းနိုင်ခဲ့ရင်တော့ ယူနိုက်တက်ရဲ့ စူပါစတား ရော်နယ်လ်ဒိုမှာလည်း သူရဲ့တစ်ပတ်လုပ်ခ ပေါင်(၃၈၅၀၀၀) ကနေ ပေါင်(၂၈၈၇၅၀)လောက်အထိကို ကျဆင်းသွားရမှာဖြစ်ပြီး တစ်ပတ် ပေါင်(၃)သိန်းအောက်သာ ရရှိတော့မှာ ဖြစ်ပါတယ်။ ကစားသမားဘဝအတွင်း ချန်ပီယံလိဂ်ဖလား (၅)ကြိမ်အထိကို ရယူထားနိုင်ခဲ့ပြီး မစ္စတာချန်ပီယံလိဂ်လို့ပါ တင်စားခေါ်ဆိုခံထားရတဲ့ ရော်နယ်လ်ဒိုဟာ ဘောလုံးရာသီတိုင်းလိုလိုမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲချင်တာဖြစ်လို့ သူရဲ့ယူနိုက်တက်အသင်းသာ အဆင့်(၄)အတွင်း မဝင်ရောက်ဘူးဆိုရင် အသင်းနဲ့ လက်တွဲဖြုတ်လာနိုင်ပါတယ်။ ပရီးမီးယားလိဂ် (၁၇)ပွဲမှာ သွင်းဂိုး(၈)ဂိုးသာ သွင်းယူထားနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်မှာတော့ ယူနိုက်တက်အတွင် အုပ်စုပွဲစဉ်အားလုံး ဂိုးသွင်းယူထားခဲ့ပြီး သူရဲ့နောက်ကျသွင်းဂိုးတွေနဲ့ အသင်းကို နောက်တစ်ဆင့် တတ်လှမ်းနိုင်အောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းသာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရမယ်ဆိုရင် ယူနိုက်တက်နဲ့ လမ်းခွဲနိုင်သလို လတ်တလောမှာလည်း ဘရန့်ဖိုဒ့်နဲ့ပွဲမှာ လူစားလဲခံခဲ့ရတာကြောင့် နည်းပြရန်းနစ်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ စိတ်ပျက်လို့ နေပါတယ်။