ဂျူဗင်တပ်အသင်းနဲ့ ပေါ်တူဂီလက်ရွေးစင် အသင်းတို့ရဲ့ အဓိကတိုက်စစ်မှူးဖြစ်သူ ရိုနယ်ဒိုဟာ မနေ့ညက ကစားခဲ့တဲ့ ဖီအိုရင်တီးနား အသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့အပြီးမှာ ဂျူဗင်တပ် အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးဖြစ်တဲ့ ထရက်ဇီဂေးရဲ့ စံချိန်တစ်ခုကို အမှီလိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Standard.com

ရိုနယ်ဒိုဟာ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၉ပွဲဆက်တိုက် သွင်းဂိုးတွေ ရယူခဲ့အပြီးမှာ ၂၀၀၅ခုနှစ်က ထရက်ဇီဂေးတင်ရှိခဲ့တဲ့ အသင်းအတွက် စီးရီးအေပွဲစဉ် ၉ပွဲဆက် ဂိုးသွင်းယူပေးနိုင်တဲ့ စံချိန်ကို အမှီလိုက်နိုင်ခဲ့တာဖြစ်ပြီး ၁၅ နှစ်အတွင်းမှာ ထရက်ဇီဂေးရဲ့ စံချိန်ကို လိုက်မီခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားလို့လည်း သိရပါတယ်။

Photo Credit: Standard.com

ဖီအိုရင်တီးနားအသင်းနဲ့ပွဲစဉ်မှာ သွင်းဂိုး နှစ်ဂိုး သွင်းယူနိုင်ခဲ့အပြီးမှာ ရိုနယ်ဒိုရဲ့ စီးရီးအေသွင်းဂိုး ၁၉ဂိုးအထိ ရှိလာခဲ့ပေမယ့် စီးရီးအေ ရွှေဖိနပ်ဆုကို ရယူဖို့အတွက် အလှမ်းဝေးနေသေးပြီး စီးရီးအေရွှေဖိနပ်ဆုကို ရယူဖို့ ရေပန်းစားနေတဲ့ လာဇီယိုတိုက်စစ်မှူး အမ်မိုဘိုင်းလီ ဟာ လက်ရှိအချိန်မှာ စီးရီးအေသွင်းဂိုး ၂၆ဂိုး အထိ သွင်းယူထားကာ ဂိုးသွင်းဘုရင်စာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နေခဲ့တာပဲ ဖြစ်ပါတယ်။

ရိုနယ်ဒိုတစ်ယောက် စီးရီးအေရွှေဖိနပ်ဆုကို ရယူနိုင်မယ်လို့ ထင်ကြလားဗျ….?