လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပြသာနာကြောင့် ကမ္ဘာပေါ်က လူသားတိုင်းလိုလိုမှာ ပြသာနာအခက်အခဲတွေနဲ့ ရင်ဆိုင်လို့နေရပြီး ဒီဗိုင်းရပ်စ်ဂယက်နဲ့ မထိတွေ့ရတဲ့နယ်ပယ်ဆိုတာက မရှိသလောက်ပါပဲ။ ဒီလို ဗိုင်းရပ်စ်ဂယက်နဲ့ ပက်ပင်းတိုးမိတဲ့အထဲမှာ ဘောလုံးနယ်ပယ်လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ ဘောလုံးပွဲတွေကို ရပ်နားထားရတော့ ဘောလုံးအသင်းတွေမှာလည်း ဝင်ငွေပမာဏတွေ ထိုးကျလာခဲ့ရပြီး အခုဆိုရင် ဘောလုံးသမားတွေကို အပတ်စဉ် လစဉ်ပေးချေနေရတဲ့ လုပ်ခတန်ဖိုးတွေကိုတောင် အနည်းငယ်လျော့ချတာမျိုးတွေတောင် လုပ်ဆောင်လာခဲ့ရပါတယ်။

Photo Credit : Getty Image

လတ်တလောမှာ ကမ္ဘာကျော် ဘောလုံးကလပ်အသင်းတော်တော်များများကနေ သူတို့အသင်းရဲ့ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေပေါ်မှာ လစာလျော့ယူပေးဖို့အတွက် တောင်းဆိုမှုတွေ လုပ်ဆောင်လာကြသလို ကစားသမားတွေကိုယ်တိုင်ကလည်း ကြည်ကြည်ဖြူဖြူနဲ့ လုပ်ဆောင်ပေးနေတာတွေလည်း ရှိနေပါတယ်။ ဒီထဲမှာ အီတလီစီးရီးအေပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းလည်း အပါအဝင်ဖြစ်နေပြီး ခရစ္စတီယာနိုရော်နယ်ဒိုအပါအဝင် ဂျုဗီကစားသမားများနဲ့ နည်းပြအဖွဲ့ဝင်တွေက စုစုပေါင်းယူရိုသန်း(၉၀)ပမာဏလောက်ရှိတဲ့ (၄)လစာကို လျော့ယူပေးခဲ့ကြပါတယ်။

Photo Credit : Getty Image

ဒီလို လစာလျော်ကြေးပေးရမှုကြောင့် ဂျုဗင်တပ်စ်အသင်းရဲ့ အဓိကကြယ်ပွင့်တစ်ဦးဖြစ်သူ ရော်နယ်ဒိုရဲ့ တစ်လလုပ်ခကို ပေါင်(၃.၅)သန်းအထိ လျော့ယူပေးခဲ့ရဖို့ သဘောတူညီခဲ့ပေမယ့်လည်း တကယ်လို့ ဗိုင်းရပ်စ်ဂယက်က ဆက်လက်ကြီးထွားနေလို့ ဘောပွဲတွေ ဆက်လက်ကျင်းပခွင့်မရှိသေးရင်တော့ အသင်းရဲ့ဝင်ငွေက ထင်ထားတာထက်တောင် နည်းပါးလာနိုင်တာကြောင့် အသင်းမှာဝင်ငွေအကောင်းဆုံးဖြစ်နေတဲ့ ရော်နယ်ဒိုရဲ့လစာက အသင်းအတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလို ဖြစ််လာနိုင်ပါတယ်။ ဒီလို အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေ ဆိုးရွှားလာချိန်မှာ ရော်နယ်ဒိုလို လုပ်ခလစာမြင့်မားလှတဲ့ ကစားသမားမျိုးကို အသင်းကနေ ရောင်းထုတ်ပြီး ဘတ်ဂျက်ပြန်လည်ဖြည့်တင်းဖွယ်ရှိနေပါတယ်။