မွေးကင်စ အမြွှာကလေးငယ်ထဲက ရင်သွေးတစ်ဦး သေဆုံးခဲ့မှုကြောင့် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ GOAT ကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားသွားရမယ့် အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ပြန်လည်ပါဝင်လာနိုင်လိမ့်မှာ ဖြစ်တယ်လို့ ယူနိုက်တက်နည်းပြ ရန်းနစ်က အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၇)နှစ်အရွှယ်ရှိ ပေါ်တူဂီ ထိပ်တန်းကစားသမားကြီး ရော်နယ်လ်ဒိုဟာ သူရဲ့လက်ရှိချစ်သူ ဂျော်ဂျီနာနဲ့ အမြွှာကလေးငယ်လေး ဖွားမြင်နိုင်ခဲ့ပေမယ့် သမီးလေးသာ လူ့လောကထဲကို ရောက်ရှိလာခဲ့ပြီး သားလေးက သေဆုံးသွားခဲ့ရလို့ လီဗာပူးလ်နဲ့ပွဲစဉ်ကို လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ရော်နယ်လ််ဒိုဟာ သူရဲ့ရင်သွေး သေဆုံးမှုကြောင့် လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်အပြင် အာဆင်နယ်နဲ့ ပွဲစဉ်ကိုပါ လွဲချော်ရနိုင်တယ်လို့ ဖော်ပြထားကြပေမယ့် ရော်နယ်လ်ဒိုက အသင်းနဲ့ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပြီဖြစ်လို့ အာဆင်နယ်နဲ့ပွဲစဉ်ကို ပါဝင်လာနိုင်တယ်လို့ နည်းပြရန်းနစ်က ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Cristiano Ronaldo says Manchester United interim boss Ralf Rangnick needs  time to implement his ideas at Old Trafford | Football News | Sky Sports

Photo Credit : Sky Sports

ရော်နယ်လ်ဒိုရဲ့အကြောင်းနဲ့ပတ်သက်ပြီး နည်းပြရန်းနစ်က “ရော်နယ်လ်ဒို ပြန်လာပါပြီ။ သူက အခု ကျွန်တော်တို့နဲ့ လေ့ကျင့်နေတာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့သလို တွမ်မီနေး ဗာရန်း ပေါ့ဘာတို့ရဲ့ ကြံခိုင်မှုနဲ့ ပတ်သက်ပြီးတော့ကိုလည်း ရန်းနစ်က “တွမ်မီနေး ပြန်ကစားနိုင်တော့မှာဖြစ်ပြီး ကစားဖို့ အဆင့်သင့်ဖြစ်နေပါပြီ။ သူလည်း မနက်ဖြန် ကစားနိုင်မှာပါ။ ဗာရန်းလည်း အတူတူပါပဲ။ အခြားကစားသမားတွေနဲ့ ပေါ့ဘာတို့က ဒဏ်ရာရရှိနေဆဲပါ။ ပေါလ်ပေါ့ဘာက ယမန်နေ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်မှာ ဒီရာသီကုန်အထိ မကစားနိုင်တော့ဘူးဆိုတာ သိရှိခဲ့ရပါတယ်။ ဆရာဝန်ကတော့ ပေါ့ဘာရဲ့ ဒဏ်ရာအခြေအနေက အနည်းဆုံး (၄)ပတ်လောက်အထိ အနားယူရမယ်လို့ ပြောဆိုထားတော့ ဒါက မေလနှောင်းပိုင်းလောက်အထိ ဖြစ်သွားပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ မနေ့ညမှာ ယှဉ်ပြိုင်သွားကြမယ့် အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဟာ နှစ်သင်းလုံးအတွက် အရေးကြီးတဲ့ ပွဲစဉ်ဖြစ်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားမခံစတမ်း အကြိတ်အနယ် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။