နည်းပြ ဆိုးလ်ရှားကတော့ သူနဲ့ တွဲကစားခဲ့ဖူးတဲ့ ကစားသမားတွေနဲ့ (၆) ဦးအသင်းကို ဖွဲ့စည်းခဲ့ပြီး တိုက်စစ်မှူး (၂) ယောက်ကို ရွေးချယ်ခဲ့တဲ့ အချိန်မှာ မန်ယူ တိုက်စစ်မှူး ရွန်နီကို ဖယ်ထုတ်ပြီး တိုက်စစ်နေရာမှာ သူ နဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကို ထည့်သွင်း ဖွဲ့စည်းလိုက်တာပဲ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ မန်ယူအသင်းမှာ တိုက်စစ်မှူး အနေနဲ့ ကစားခဲ့စဉ်က (၁၉၉၉) ခုနှစ်မှာ တစ်ရာသီအတွင်း ပရီးမီးယားလိဂ် ဖလား၊ အက်ဖ်အေ ဖလား နဲ့ ချန်ပီယံလိဂ် ဖလားတို့ကို ရရှိခဲ့ပြီး (၁၉၉၉) ခုနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ဆိုရင်တော့ အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားကတော့ (၂၀၁၈) ခုနှစ်က နည်းပြ မော်ရင်ဟိုကို မန်ယူ နည်းပြအဖြစ်ကနေ ထုတ်ပယ်ပြီးတဲ့ အချိန်မှာ နည်းပြ မော်ရင်ဟိုရဲ့ နေရာကို ဆက်ခံသွားခဲ့ပြီး မန်ယူအသင်းရဲ့ ယာယီ နည်းပြအဖြစ်ကနေ မန်ယူအသင်းရဲ့ အမြဲတမ်း နည်းပြသစ် ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူ တိုက်စစ်မှူးဟောင်း ရွန်နီဟာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၅၅၉) ပွဲကို ကစားခဲ့ရာမှာ သွင်းဂိုး (၂၅၃) ဂိုး သွင်းယူခဲ့ပြီး မန်ယူ နည်းပြ ဆိုးလ်ရှားနဲ့ တွဲကစားခဲ့ပေမယ့် မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ (၆) ဦးအသင်းမှာ ရွန်နီကို ဖယ်ထုတ်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားဟာ တွဲကစားခဲ့ဖူးတဲ့ ကစားသမားတွေနဲ့ (၆) ယောက်အသင်းကို ဖွဲ့စည်းပေးဖို့ တောင်းဆိုခံရတဲ့ အချိန်မှာ သူက ” ကျွန်တော် အဲဒီ (၆) ဦးအသင်းမှာ ပါတယ်။ တကယ်လို့များ (၆) ဦးအသင်း ဖြစ်မယ်၊ ကွင်းကျဉ်းမယ်၊ အဆုံးသတ်ပိုင်း ခက်မယ် ဆိုလည်း ပြဿနာ မရှိဘူး။ ကျွန်တော်ကတော့ ဂိုးသွင်းနိုင်မှာပါ။ ဂိုးသမားက ရှမိုက်ကယ်ပါ။ ဂိုးသမား ဒီဂီယာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျွန်တော် နည်းပြနေတဲ့ ဂိုးသမားကို ရွေးလို့ မရတော့ ကျွန်တော် ရှမိုက်ကယ်ကိုသာ ရွေးပါမယ်။ နောက်ခံနေရာမှာ ဂျက် စတမ်ပါ။ ဂစ်လည်း အဲဒီနေရာမှာ သူ့ရဲ့ အရည်အချင်းနဲ့ ကစားနိုင်တယ်။ ရော်နယ်ဒို၊ ကျွန်တော်၊ ရှိုင်ကိန်း နဲ့ ပေါလ် စခိုးလ်ပါ”လို့ ပြောသွားခဲ့ပါတယ်။