ဂ်ဳဗင္တပ္ တုိက္စစ္မွဴး ေရာ္နယ္ဒုိဟာ ရီးရဲလ္အသင္းမွာ ကစားခဲ့တုန္းက ရီးရဲလ္ ဥကၠဌ ျဖစ္တဲ့ ဖာလုိရန္တီႏုိ ပီရက္စ္ကို လစာတုိးေပးဖုိ႔ ေျပာခဲ့ၿပီး မတုိးေပးခဲ့လုိ႔ အသင္းေျပာင္းသြားခဲ့ပါတယ္။ သူဟာ အခု ရီးရဲလ္အသင္းကေန ထြက္သြားခဲ့တာ (၁၈) လၾကာသြားခဲ့ၿပီ ျဖစ္ၿပီး၊ သူက ရီးရဲလ္ အသင္းကေန ထြက္သြားခဲ့တာ မွားသြားၿပီလုိ႔ သူ႔ရဲ႕ အသင္းေဖာ္ေဟာင္းကုိ ရင္ဖြင့္ခဲ့ပါတယ္။

Photo Credit: AS.Com

ABC သတင္းက ေပၚတူဂီ တုိက္စစ္မွဴး ေရာ္နယ္ဒုိဟာ (၂၀၁၈) ခုႏွစ္က အသင္းေျပာင္းခဲ့တာကုိ ေနာင္တရေနၿပီး အသင္းေဖာင္ေဟာင္းကုိ ေနာင္တရေၾကာင္း ေျပာခဲ့တယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။ ေရာ္နယ္ဒုိဟာ (၂၀၁၈) ခုႏွစ္က လာလီဂါ ရီးရဲလ္အသင္းကေန စီးရီးေအ ဂ်ဳဗင္တပ္အသင္းကုိ ယူရုိ သန္း (၁၀၀) နဲ႔ ေျပာင္းခဲ့ၿပီး ဂ်ဳဗင္တပ္အသင္းကို စေရာက္စဥ္က ရုန္းကန္ေနခဲ့ရပါတယ္။

Photo Credit: Allfootball

ေရာ္နယ္ဒုိဟာ ဂ်ဳဗင္တပ္အသင္းကို စေရာက္ခါစက ရုန္းကန္ခဲ့ရသလုိ အခု ေနာက္ပုိင္းမွာလည္း ရုန္းကန္ေနရၿပီး ဒီရာသီမွာ ပဲြစဥ္ (၁၂) ပဲြ ကစားၿပီးတဲ့ အခ်ိန္မွာ (၇) ဂုိးသာ သြင္းထားခဲ့ပါတယ္။ ေရာ္နယ္ဒုိဟာ ရီးရဲလ္အသင္းကေန ထြက္သြားလုိ႔ ေနာင္တရတာကုိ ေပၚတင္ ေျပာသြားမွာေတာ့ မဟုတ္ေပမဲ့လည္း ရီးရဲလ္အသင္းမွာသာ ရွိေနရင္ ေအာင္ျမင္မႈ ပုိရႏုိင္တယ္လုိ႔ ခံစားေနရမွာပါ။

Photo Credit: Allfootball

တကယ္လို႔ သူဟာ ရီးရဲလ္အသင္းကေန မထြက္ဘဲ၊ ရီးရဲလ္အသင္းမွာသာ ဆက္ကစားေနခဲ့ရင္ လူကာ မိုဒရစ္ ရရွိသြားခဲ့တဲ့ ဘလြန္းဒီေအာ္ဆုကို သူ ရရွိႏိုင္မွာ ျဖစ္တယ္လို႔ ယူဆမႈ ရွိခဲ့ပါတယ္။ လက္ရွိ ဂ်ဳဗင္တပ္ တိုက္စစ္မႉး ေရာ္နယ္ဒုိဟာ လာမယ့္ ေဖေဖာ္ဝါရီလမွာ အသက္ (၃၅) ႏွစ္ ျပည့္သြားေတာ့မွာ ျဖစ္ၿပီး၊ အခု ေျခစြမ္းအတိုင္းသာ ဆိုရင္ တစ္ကိုယ္ေတာ္ ဆုေတြ ရရွိဖုိ႔ ခက္ခဲသြားႏုိင္ပါတယ္။

ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ရီးရဲလ်အသင်းမှာ ကစားခဲ့တုန်းက ရီးရဲလ် ဥက္ကဌ ဖြစ်တဲ့ ဖာလိုရန်တီနို ပီရက်စ်ကို လစာတိုးပေးဖို့ ပြောခဲ့ပြီး မတိုးပေးခဲ့လို့ အသင်းပြောင်းသွားခဲ့ပါတယ်။ သူဟာ အခု ရီးရဲလ်အသင်းကနေ ထွက်သွားခဲ့တာ (၁၈) လကြာသွားခဲ့ပြီ ဖြစ်ပြီး၊ သူက ရီးရဲလ် အသင်းကနေ ထွက်သွားခဲ့တာ မှားသွားပြီလို့ သူ့ရဲ့ အသင်းဖော်ဟောင်းကို ရင်ဖွင့်ခဲ့ပါတယ်။

Photo Credit: AS

ABC သတင်းက ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ (၂၀၁၈) ခုနှစ်က အသင်းပြောင်းခဲ့တာကို နောင်တရနေပြီး အသင်းဖောင်ဟောင်းကို နောင်တရကြောင်း ပြောခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ (၂၀၁၈) ခုနှစ်က လာလီဂါ ရီးရဲလ်အသင်းကနေ စီးရီးအေ ဂျုဗင်တပ်အသင်းကို ယူရို သန်း (၁၀၀) နဲ့ ပြောင်းခဲ့ပြီး ဂျုဗင်တပ်အသင်းကို စရောက်စဉ်က ရုန်းကန်နေခဲ့ရပါတယ်။

Photo Credit: Allfootball

ရော်နယ်ဒိုဟာ ဂျုဗင်တပ်အသင်းကို စရောက်ခါစက ရုန်းကန်ခဲ့ရသလို အခု နောက်ပိုင်းမှာလည်း ရုန်းကန်နေရပြီး ဒီရာသီမှာ ပွဲစဉ် (၁၂) ပွဲ ကစားပြီးတဲ့ အချိန်မှာ (၇) ဂိုးသာ သွင်းထားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲလ်အသင်းကနေ ထွက်သွားလို့ နောင်တရတာကို ပေါ်တင် ပြောသွားမှာတော့ မဟုတ်ပေမဲ့လည်း ရီးရဲလ်အသင်းမှာသာ ရှိနေရင် အောင်မြင်မှု ပိုရနိုင်တယ်လို့ ခံစားနေရမှာပါ။

Photo Credit: Allfootball

တကယ်လို့ သူဟာ ရီးရဲလ်အသင်းကနေ မထွက်ဘဲ၊ ရီးရဲလ်အသင်းမှာသာ ဆက်ကစားနေခဲ့ရင် လူကာ မိုဒရစ် ရရှိသွားခဲ့တဲ့ ဘလွန်းဒီအော်ဆုကို သူ ရရှိနိုင်မှာ ဖြစ်တယ်လို့ ယူဆမှု ရှိခဲ့ပါတယ်။ လက်ရှိ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ လာမယ့် ဖေဖော်ဝါရီလမှာ အသက် (၃၅) နှစ် ပြည့်သွားတော့မှာ ဖြစ်ပြီး၊ အခု ခြေစွမ်းအတိုင်းသာ ဆိုရင် တစ်ကိုယ်တော် ဆုတွေ ရရှိဖို့ ခက်ခဲသွားနိုင်ပါတယ်။