ဂ်ဴဗင္တပ္အသင္းနဲ႔ ေပၚတူဂီအသင္းတို႔ရဲ့ အဓိကတိုက္စစ္မွူးျဖစ္တဲ့ စီရိုနယ္ဒိုကေတာ့ မေန႔ညက ကစားသြားခဲ့တဲ့ ကက္ဂလီယာရီအသင္းနဲ႔ စီးရီးေအပြဲစဥ္မွာ ဂ်ဴဗင္တပ္အသင္းအတြက္ ဟက္ထရစ္သြင္းယူေပးနိုင္ခဲ့ၿပီး ၂၀၂၀ ခုႏွစ္မွာ သူ႔ရဲ့ ပထမဦးဆုံး ဟက္ထရစ္ကို ရရွိခဲ့ပါတယ္။ အဆိုပါဟက္ထရစ္ဟာ ရိုနယ္ဒိုအတြက္ စီးရီးေအၿပိဳင္ပြဲကို ေရာက္ရွိအၿပီး ပထမဦးဆုံးအႀကိမ္ ရရွိခဲ့တဲ့ ဟက္ထရစ္ျဖစ္ၿပီး အဆိုပါ ပြဲစဥ္မွာ ရိုနယ္ဒိုရရွိခဲ့တဲ့ ထူးျခားစံခ်ိန္ေတြ အေၾကာင္းကို တင္ဆက္ေပးသြားခ်င္ပါတယ္။
Photo Credit: Mirror.com
ပရီးမီးယားလိဂ္ ၊ လာလီဂါ ၊ စီးရီးေအတို႔မွာ ဟက္ထရစ္သြင္းနိုင္တဲ့ ဒုတိယေျမာက္ ကစားသမား
မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ကစားသမားဘဝ ေအာင္ျမင္မွုကို စတင္ရရွိခဲ့ကာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ကစားသမားဘဝ အျမင့္ဆုံးေအာင္ျမင္မွုေတြကို ရယူနိုင္ခဲ့တဲ့ ရိုနယ္ဒိုဟာ အခုခ်ိန္မွာေတာ့ ဥေရာပရဲ့ ထိပ္သီးလိဂ္သုံးခုမွာ ဟက္ထရစ္သြင္းယူနိုင္တဲ့ ဒုတိယေျမာက္ ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
Photo Credit: Mirror.com
ၿပိဳင္ပြဲႀကီးေတြမွာ ဟက္ထရစ္သြင္းနိုင္တဲ့ တစ္ဦးတည္းေသာ ကစားသမား
စီးရီးေအမွာ ဟက္ထရစ္ရရွိခဲ့ၿပီးေနာက္မွာ ရိုနယ္ဒိုဟာ သူ ယွဥ္ၿပိဳင္ခဲ့ရတဲ့ ၿပိဳင္ပြဲႀကီးေတြ အားလုံးမွာ ဟက္ထရစ္သြင္းနိုင္တဲ့ ကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။ ရိုနယ္ဒိုဟာ ကမၻာ့ဖလားၿပိဳင္ပြဲ ၊ ယူရိုၿပိဳင္ပြဲ ၊ ကမၻာ့ကလပ္ဖလားၿပိဳင္ပြဲ ၊ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ၊ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ ၊ လာလီဂါၿပိဳင္ပြဲ ၊ စီးရီးေအၿပိဳင္ပြဲတို႔အားလုံးမွာ ဟက္ထရစ္သြင္းယူနိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
Photo Credit: Mirror.com
ဥေရာပလိဂ္ၿပိဳင္ပြဲမ်ားတြင္ ၁၈ႏွစ္ဆက္တိုက္ ဂိုးသြင္းယူနိုင္ခဲ့တဲ့ ပထမဦးဆုံး ကစားသမား
ကက္ဂလီယာရီအသင္းကို ၄၉မိနစ္မွာ သြင္းဂိုးသြင္းယူခဲ့ၿပီးေနာက္မွာ ရိုနယ္ဒိုဟာ ၂၀၀၂ ခုႏွစ္ကေန စတင္ၿပီး ယခု ၂၀၂၀ခုႏွစ္အထိ ၁၈ႏွစ္တိုင္တိုင္ ဥေရာပလိဂ္ၿပိဳင္ပြဲေတြမွာ သြင္းဂိုးေတြ သြင္းယူခဲ့တဲ့ ပထမဦးဆုံး ကစားသမားဆိုတဲ့ စံခ်ိန္ကို ပိုင္ဆိုင္နိုင္ခဲ့ပါတယ္။
ဂျူဗင်တပ်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ စီရိုနယ်ဒိုကတော့ မနေ့ညက ကစားသွားခဲ့တဲ့ ကက်ဂလီယာရီအသင်းနဲ့ စီးရီးအေပွဲစဉ်မှာ ဂျူဗင်တပ်အသင်းအတွက် ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ သူ့ရဲ့ ပထမဦးဆုံး ဟက်ထရစ်ကို ရရှိခဲ့ပါတယ်။ အဆိုပါဟက်ထရစ်ဟာ ရိုနယ်ဒိုအတွက် စီးရီးအေပြိုင်ပွဲကို ရောက်ရှိအပြီး ပထမဦးဆုံးအကြိမ် ရရှိခဲ့တဲ့ ဟက်ထရစ်ဖြစ်ပြီး အဆိုပါ ပွဲစဉ်မှာ ရိုနယ်ဒိုရရှိခဲ့တဲ့ ထူးခြားစံချိန်တွေ အကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်။
Photo Credit: Mirror.com
ပရီးမီးယားလိဂ် ၊ လာလီဂါ ၊ စီးရီးအေတို့မှာ ဟက်ထရစ်သွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမား
မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားသမားဘဝ အောင်မြင်မှုကို စတင်ရရှိခဲ့ကာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားသမားဘဝ အမြင့်ဆုံးအောင်မြင်မှုတွေကို ရယူနိုင်ခဲ့တဲ့ ရိုနယ်ဒိုဟာ အခုချိန်မှာတော့ ဥရောပရဲ့ ထိပ်သီးလိဂ်သုံးခုမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ဒုတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Photo Credit: Mirror.com
ပြိုင်ပွဲကြီးတွေမှာ ဟက်ထရစ်သွင်းနိုင်တဲ့ တစ်ဦးတည်းသော ကစားသမား
စီးရီးအေမှာ ဟက်ထရစ်ရရှိခဲ့ပြီးနောက်မှာ ရိုနယ်ဒိုဟာ သူ ယှဉ်ပြိုင်ခဲ့ရတဲ့ ပြိုင်ပွဲကြီးတွေ အားလုံးမှာ ဟက်ထရစ်သွင်းနိုင်တဲ့ ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ရိုနယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၊ ယူရိုပြိုင်ပွဲ ၊ ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲ ၊ ချန်ပီယံလိဂ်ပြိုင်ပွဲ ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၊ လာလီဂါပြိုင်ပွဲ ၊ စီးရီးအေပြိုင်ပွဲတို့အားလုံးမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
Photo Credit: Mirror.com
ဥရောပလိဂ်ပြိုင်ပွဲများတွင် ၁၈နှစ်ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမား
ကက်ဂလီယာရီအသင်းကို ၄၉မိနစ်မှာ သွင်းဂိုးသွင်းယူခဲ့ပြီးနောက်မှာ ရိုနယ်ဒိုဟာ ၂၀၀၂ ခုနှစ်ကနေ စတင်ပြီး ယခု ၂၀၂၀ခုနှစ်အထိ ၁၈နှစ်တိုင်တိုင် ဥရောပလိဂ်ပြိုင်ပွဲတွေမှာ သွင်းဂိုးတွေ သွင်းယူခဲ့တဲ့ ပထမဦးဆုံး ကစားသမားဆိုတဲ့ စံချိန်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။